• About Us
  • Advertise
  • Careers
  • Contact Us
Saturday, December 14, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကြမ်းပါ ပြစ်ဒဏ်များတွင် ထောင်ဒဏ်များ ပါနေခြင်?

by M Bwe
June 13, 2019
in Business
1 min read
0
0
SHARES
22
VIEWS
Share on FacebookShare on Twitter

RelatedPosts

ဘုရားမြေကျွံသည့်နေရာအနီးရှိ ရဲပြားကုန်း မူလတန်းကျောင်းကို ဒေသခံများ၏ဆန္ဒအရ ပြောင်းရွှေ့

August 30, 2019

မြန်မာ-အိန္ဒိယ ရိဒ်နယ်စပ်တွင် ဝက်အရောင်းအဝယ်ရပ်တန့်နေသည့်အတွက် ကလေးနှင့်ချင်းတောင်ဒေသမှဝက်ကုန်သည်များ ကျပ်သိန်းရာချီဆုံးရှုံးနစ်နာနေဟုဆို

August 30, 2019

အသေးစား၊ အလတ်စားနှင့် အငယ်စားလုပ်ငန်းတစ်ရာကို ချေးငွေများ ထပ်မံထုတ်ပေးမည်

August 30, 2019

မွန်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးဧက ၁၂၀ဝ၀ ကျော် ပျက်စီး

August 28, 2019

ရန်ကုန်၊ ဇူလိုင် ၁၄

ပြည်သူ့လွှတ် တော်တွင် မကြာမီဆွေးနွေးမည့်ဒုတိယအကြိမ်ပြင်ဆင်သော အလုပ် သမားရေးရာ အငြင်းပွားမှုဥပဒေ ကြမ်းတွင် ပါဝင်သည့်အရေးယူမည့် ပြစ်ဒဏ်များတွင် ထောင်ဒဏ်များ ပါဝင်နေခြင်းသည် အလုပ်သမား များစွာခန့်ထားရမည့် လုပ်ငန်းတို့ တွင် ရင်းနှီးမြှုပ်နှံမှုကျဆင်းသွားနိုင် ကြောင်း လုပ်ငန်းရှင်အချို့ကပြောသည်။

ဇူလိုင်၁၄ရက်က မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြု လုပ်သည့် စီးပွားရေးဆိုင်ရာဥပဒေ များ၏ဝိရောဓိများ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကိုပြုလုပ်ခဲ့ရာ စကားဝိုင်း တွင်ပါဝင်ဆွေးနွေးခဲ့သည့် လုပ်ငန်း ရှင်များက အထက်ပါအတိုင်းဆွေး နွေးခဲ့ကြခြင်းဖြစ်သည်။ လက်ရှိတွင် ဒုတိယအကြိမ်ပြင်ဆင်သော အလုပ်သမားရေးရာအ ငြင်းပွားမှုဥပဒေကြမ်းကို အမျိုးသား လွှတ်တော်တွင် အတည်ပြုထားပြီး ဖြစ်ကာ ဇူလိုင်၂၃ရက်တွင်ကျင်းပ မည့် ပြည်သူ့လွှတ်တော်အစည်းအ ဝေးတွင် ယင်းဥပဒေကြမ်းကိုဆွေး နွေးကြမည်ဖြစ်ကြောင်း၊ အဆိုပါ ဥပဒေကြမ်းတွင် တားမြစ်ချက်များ ကို ဖောက်ဖျက်ကျူးလွန်ပါက အရေး ယူရာ၌ ငွေဒဏ်များ တိုးမြှင့်ထား သည့်အပြင် ထောင်ဒဏ်များလည်း ပါဝင်လာကြောင်း လုပ်ငန်းရှင်များ ထံမှသိရသည်။

အဆိုပါဥပဒေကြမ်းကို အတည် ပြုလိုက်ပါက ရင်းနှီးမြှုပ်နှံမှုမှာလျော့ ကျသွားနိုင်ခြင်း မရှိနိုင်သော်လည်း အလုပ်သမားများများဖြင့် ဆောင် ရွက်ရမည့်လုပ်ငန်းများကို ရှောင် ကာ အလုပ်သမားနည်းနည်းဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံခြင်းနှင့် အ လုပ်သမားများအစား စက်ကိရိယာ များကို ပိုမိုအသုံးပြုသည်တို့ကိုဆောင် ရွက်လာနိုင်ကြောင်း YGA  Capital မှ မန်နေဂျင်းဒါရိုက်တာ ဦးသူရ ကိုကိုက ပြောသည်။  ထိုသို့ ထောင်ဒဏ်များပါဝင် လာခြင်း၊ ပြည်တွင်းပြည်ပမှရင်းနှီး မြှုပ်နှံမည့်လုပ်ငန်းရှင်များအတွက် စိန်ခေါ်မှု၊ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ် လာနိုင်မည်ဖြစ်ပြီး အပြည်ပြည်ဆိုင် ရာ အလုပ်ရှင် အလုပ်သမား ကျင့် ထုံးများတွင်လည်း ထောင်ဒဏ်ချ မှတ်အရေးယူသည့် ပြစ်ဒဏ်ပါဝင် ခြင်းမရှိကြောင်း မြန်မာနိုင်ငံကုန် သည်စက်မှုအသင်းချုပ်မှ တွဲဖက် အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

‘ ”ဇူလိုင်၂၃ရက်မှာစမယ့် ပြည် သူ့လွှတ်တော်မှာ ဒါကိုတင်ဆွေးနွေး တော့မယ်။ ဆွေးနွေးလို့အတည်ပြု ခဲ့ရင်ဒါဟာဥပဒေဖြစ်သွားပြီ။ ဥပဒေ ဖြစ်ရင်လိုက်နာရတော့မယ်။ ဥပဒေ တစ်ခုကို ကျယ်ပြန့်စွာနားမလည်ဘဲ နဲ့ဒီပြစ်ဒဏ်ပါပြီး ဥပဒေဖြစ်သွားရင် တကယ်လုပ်တဲ့အခါမှာ ပြဿနာ ဖြစ်မယ်။ ဒါလေးချိုးဖောက်မိတာနဲ့ ထောင်ဒဏ်ဖြစ်သွားရင် အလုပ် သမားလည်း ဒုက္ခရောက်သွားမယ်။ပြင်ဆင်တဲ့ဥပဒေထဲမှာ ထောင်ဒဏ် မပါစေချင်ဘူး”ဟု ၎င်းကပြောသည်။ ဇူလိုင်၁၃ရက်က ယင်းဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကုန် သည်စက်မှုအသင်းချုပ်တွင် နိုင်ငံ တကာရှေ့နေများ၊ ဥပဒေပညာရှင် များ၊ အကြံပေးပုဂ္ဂိလ်များ၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ၊ အသေး စား အလတ်စား စီးပွားရေးလုပ်ငန်း ရှင်များဆွေးနွေးခဲ့ကြရာ ယင်းဥပဒေ အတည်ဖြစ်ပါက ရင်းနှီးမြှုပ်နှံမှုများ မှာ ရပ်တန့်သွားမည်မဟုတ်သော် လည်း ၎င်းတို့အနေဖြင့်စောင့်ကြည့် ရမည်ဖြစ်ကာ ယင်းဥပဒေသည်လုပ် ငန်းရှင်များအတွက် ခြိမ်းခြောက်မှု တစ်ခုအနေဖြင့် ရှိနေမည်ဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ထပ်မံပြောသည်။

”အလုပ်ရှင်တွေအသံကို ပြည် သူ့လွှတ်တော်ရောက်ဖို့ ပိတ်ကား ပေါ်ကစောင့်ကြည့်ပါ။ အချိန်သိပ် မကြာတော့ပါဘူး။ အပြစ်ပြောဖို့မ ဟုတ်ဘူး။ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်စလုံးအတွက် ပြောတာပါ။ ဒီလိုပြစ်မှုကြောင့် ထောင်ထဲရောက် သွားတယ်ဆိုရင် ဘယ်သူ့အတွက်မှ ရှေ့အလားအလာမကောင်းဘူး။ ရင်း နှီးမြှုပ်နှံသူအားလုံး ရှင်းရှင်းလင်းလင်း နဲ့ စိတ်သက်သက်သာသာလာစေ ချင်တယ်။ အောင်မြင်တာ မအောင် မြင်တာတော့ မပြောတတ်ဘူး။ ဒါကို ဆက်လုပ်မယ်”ဟု ¤င်းကပြောသည်။ အဆိုပါဥပဒေကြမ်းတွင်ထောင် ဒဏ်ပါဝင်သည့်ကိစ္စရပ်နှင့်ပတ်သက် ပြီး ပြည်သူ့အသံများ လွှတ်တော်သို့ ရောက်ရှိအောင် အမြန်ဆုံးဆောင် ရွက်ရန်လိုအပ်ပြီဖြစ်ကြောင်း အလုပ် သမားအငြင်းပွားမှုဖြေရှင်းရေး ခုံ သမာဓိကောင်စီအဖွဲ့ဝင် ဦးသန်း မောင်က ပြောသည်။

”ဒီဥပဒေကြမ်းမှာ ထောင်ဒဏ် ပါတယ်ဆိုတာကို ကျွန်တော်တို့မသိ ပါဘူး။ မေးခြင်း တိုင်ပင်ခြင်းလည်း မရှိပါဘူး။ အလုပ်သမားမကောင်း တာ၊ အလုပ်ရှင်မကောင်းတာ၊ နိုင်ငံ ခြားသား အလုပ်ရှင်တွေညစ်တာ၊ နိုင်ငံခြားသားအလုပ်ရှင်တွေ အညစ် ခံရတာလည်းသိပါတယ်။ လွှတ်တော် နှစ်ရပ်အတည်ပြုရင် ဥပဒေအတည် ဖြစ်ပြီ။ ဒီဥပဒေကြမ်းက အလုပ်ရှင် ချည်းပဲ ထောင်ထဲရောက်မှာမဟုတ် ဘူး။ အလုပ်သမားလည်း ထောင်ထဲ ရောက်နိုင်တယ်။ ဥပဒေအတိုင်းလုပ် နေတဲ့ပြည်တွင်းလုပ်ငန်းရှင်၊ နိုင်ငံ ခြားလုပ်ငန်းရှင်တွေအနေနဲ့ ထောင် ဒဏ်မကလို့ သေဒဏ်ပေးပေး ဘာမှ ကြောက်စရာမလိုပါဘူး”ဟု ပြော သည်။

TTMT

#democracytoday

Previous Post

TRISTAR တာယာ အရောင်းပြခန်းဖွင့်လှစ်

Next Post

အမေရိကန်တွင် အာကာသ ခရီးသွားလုပ်ငန်း ၂ဝ၁၉ ခုနှစ်တွင် ပထမဆုံး စတင်မည်

M Bwe

Related Posts

Business

ဘုရားမြေကျွံသည့်နေရာအနီးရှိ ရဲပြားကုန်း မူလတန်းကျောင်းကို ဒေသခံများ၏ဆန္ဒအရ ပြောင်းရွှေ့

August 30, 2019
Business

မြန်မာ-အိန္ဒိယ ရိဒ်နယ်စပ်တွင် ဝက်အရောင်းအဝယ်ရပ်တန့်နေသည့်အတွက် ကလေးနှင့်ချင်းတောင်ဒေသမှဝက်ကုန်သည်များ ကျပ်သိန်းရာချီဆုံးရှုံးနစ်နာနေဟုဆို

August 30, 2019
Business

အသေးစား၊ အလတ်စားနှင့် အငယ်စားလုပ်ငန်းတစ်ရာကို ချေးငွေများ ထပ်မံထုတ်ပေးမည်

August 30, 2019
Business

မွန်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးဧက ၁၂၀ဝ၀ ကျော် ပျက်စီး

August 28, 2019
Business

တောင်ကိုရီးယားသမ္မတ မြန်မာနိုင်ငံသို့ လာမည့်လအတွင်း လာရောက်ရန်ရှိနေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်တွေ့ဆုံပြီး တောင်ကိုရီးယားဘဏ်ခွဲများ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေးဆွေးနွေးမည်ဟုဆို

August 28, 2019
Business

မန္တလေး-လားရှိုး-မူဆယ်လမ်းပိုင်း၌ ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် မန်းကုန်စည်ဈေးကွက်၌ တရုတ်သို့တင်ပို့သည့် ပဲတီစိမ်းနှင့် နှမ်းမျိုးစုံဈေးကျဆင်းလာ

August 28, 2019
Next Post

အမေရိကန်တွင် အာကာသ ခရီးသွားလုပ်ငန်း ၂ဝ၁၉ ခုနှစ်တွင် ပထမဆုံး စတင်မည်

Discussion about this post

Connect with us

ADVERTISEMENT

Recommended

အီရတ်နိုင်ငံ ကာကွတ်မြို့၌ ခြောက်နေရာ ပေါက်ကွဲမှုဖြစ်၊ လေးဦးသေဆုံး၊ ၂ဝ ဒဏ်ရာရ  

7 months ago
Yangon Media Group

ပုပ်ရဟန်းမင်းကြီး၏ ၀တ်ပြုဆုတောင်း အခမ်းအနား ကက်သလစ် ဘာသာဝင် တစ်သိန်းခွဲဝန်းကျင် တက်ရောက်မ

2 years ago

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံး ဖွင့်လှ??

9 months ago

ချင်းပြည်နယ်၏ ဝဥနှင့် သီးနှံအခြောက်ခံလုပ်ငန်းကို ရေဇွာမြို့၌ ဖွင့်လှစ်

9 months ago

ပုသိမ်ကြီးမြို့နယ်တွင် ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရန် ပိတ်ဆို့ဆန္ဒပြနေသည့် ဒေသခ?

7 months ago

Popular News

  • ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် ရုံတင်ပြသသွားမည်

    0 shares
    Share 0 Tweet 0
  • ရှေးဟောင်းပစ္စည်း စုဆောင်းထားသူများ မိမိပိုင်ဆိုင်သည့် ပစ္စည်းများကို တရားဝင် မှတ်ပုံတင်ခြ?

    0 shares
    Share 0 Tweet 0
  • မြင့်မြတ်၊ အိချောပိုတို့ ခေါင်းဆောင် ပါဝင်ထားသည့် ‘ကြေးကြီးတယ်’ ရုပ်ရှင်ဇာတ်ကား မကြာမီ ရုံတ

    7 shares
    Share 7 Tweet 0
  • ‘ဂျင်းကောင်’ ဟာသရုပ်ရှင်ဇာတ်ကား ရုံတင်ပြသ

    4 shares
    Share 4 Tweet 0
  • ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(ဗကသ) များ အဖွဲ့ချုပ်က ကျောင်းအတွင်း လုံခြုံရေး၊ သန့်ရှင

    0 shares
    Share 0 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.