• About Us
  • Advertise
  • Careers
  • Contact Us
Thursday, December 12, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

တစ်ပတ်ရစ်ကားများ အပါအဝင် Brand New ကားစီးရေ နှစ်ရာကျော်ခန့်ကို အွန်လိုင်းလေလံ စနစ်ဖြင့် ရောင်းခ?

by M Bwe
June 13, 2019
in Business
1 min read
0
0
SHARES
17
VIEWS
Share on FacebookShare on Twitter

RelatedPosts

ဘုရားမြေကျွံသည့်နေရာအနီးရှိ ရဲပြားကုန်း မူလတန်းကျောင်းကို ဒေသခံများ၏ဆန္ဒအရ ပြောင်းရွှေ့

August 30, 2019

မြန်မာ-အိန္ဒိယ ရိဒ်နယ်စပ်တွင် ဝက်အရောင်းအဝယ်ရပ်တန့်နေသည့်အတွက် ကလေးနှင့်ချင်းတောင်ဒေသမှဝက်ကုန်သည်များ ကျပ်သိန်းရာချီဆုံးရှုံးနစ်နာနေဟုဆို

August 30, 2019

အသေးစား၊ အလတ်စားနှင့် အငယ်စားလုပ်ငန်းတစ်ရာကို ချေးငွေများ ထပ်မံထုတ်ပေးမည်

August 30, 2019

မွန်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးဧက ၁၂၀ဝ၀ ကျော် ပျက်စီး

August 28, 2019

ရန်ကုန်၊ မတ် ၁၆

တစ်ပတ်ရစ် ကားများအပါအဝင် Brand New ကားစီးရေ နှစ်ရာကျော်ခန့်ကို အွန် လိုင်းလေလံစနစ်ဖြင့် ရောင်းချမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါအွန်လိုင်းမော်တော်ယာဉ် လေလံပွဲကို မတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ရန်ကုန်မြို့ရှိ မိုင်ဒါကွင်း တွင် ပြုလုပ်နေခြင်းဖြစ်ပြီး CarsDB  နှင့် Toyota TSUSHO တို့ ပူးပေါင်း၍ အွန်လိုင်းမော်တော်ယာဉ် လေလံပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါလေလံပွဲတွင် ဝင်ရောက် ရောင်းချရန် စာရင်းပေးထားသည့် လုပ်ငန်းသုံးယာဉ်နှင့် အိမ်စီးယာဉ် စုစု ပေါင်းစီးရေ ၂ဝဝ ကျော်ခန့်ရှိပြီး အွန် လိုင်းလေလံစနစ်ဖြင့်ဝယ်ယူရန် အကောင့် ဖွင့်လှစ်စာရင်းသွင်းသူ တစ်ရာကျော် ခန့်ရှိကြောင်း CarsDB  မှ COO ဦးဝေဖြိုးကျော်က ပြောသည်။

မတ် ၁၆ ရက်က မိုင်ဒါကွင်းတွင် ပြုလုပ်သည့် မြန်မာနိုင်ငံ၏ ပထမဆုံး မော်တော်ယာဉ်လေလံပွဲကြီး(Auto Auction Fair 2019) ဖွင့်ပွဲအခမ်းအနား အပြီးတွင် မီဒီယာများ၏မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ် သည်။ ”ဖွံ့ဖြိုးပြီးဈေးကွက်တွေမှာ မော် တော်ယာဉ်လေလံပွဲတွေ၊ လေလံစနစ် နဲ့ ရောင်းချတာတွေက တော်တော်တွင် ကျယ်လာတာကို တွေ့ရပါတယ်။ လေလံ ကို သမားရိုးကျ လေလံစီစဉ်သူက နည်းပညာမပါဘဲ လေလံပွဲတွေလည်း လုပ်လို့ရတယ်။ တစ်မူထူးခြားစွာနဲ့ မြန်မာ မှာ ပထမဆုံးအနေနဲ့ နိုင်ငံတကာ အဆင့်မီ အွန်လိုင်းက လေလံဆွဲလို့ရ အောင် စီစဉ်လိုက်တာ။ လေလံဈေး ကွက်တွေ ရှိလာတာနဲ့အမျှ တပတ် ရစ်ကားတွေကို ဝယ်ယူလိုသူတွေ အဆင်ပြေလာတယ်။ ကားနဲ့ပတ် သက်လို့ ပြည့်ပြည့်စုံစုံ စစ်ထားတယ်။ ကိုယ်တိုင်လည်း လာကြည့်လို့ရတယ်။ ဝယ်တဲ့သူအတွက်လည်း စိတ်ချမ်းသာ တယ်။ ကြမ်းခင်းဈေးကနေ ပစ်လို့ရမှာ ဖြစ်တဲ့အတွက် သင့်တင့်တဲ့ဈေး တစ်ခု နဲ့ရမှာဖြစ်သလို ရောင်းသူအတွက် လည်း အဆင်ပြေတယ်”ဟု ၎င်းက ပြောသည်။

မတ် ၁၁ ရက်မှ ၁၅ ရက်အထိ လေလံပွဲတွင် ပါဝင်ရောင်းချလိုသည့် ကားများနှင့် အရောင်းစင်တာများကို ဖိတ်ခေါ်ခဲ့ပြီး လေလံပွဲတွင်ရောင်းချ မည့် ကားတစ်စီးချင်းစီအား နိုင်ငံ တကာလေလံပွဲ အတွေ့အကြုံရှိသည့် Toyota TSUSHO ၏ နည်းပညာဖြင့် အချက်ပေါင်း ၂ဝ၈ ချက်နှင့် စစ်ဆေး ကာ ပါဝင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဦးဝေဖြိုးကျော်က ” CarsDB နည်းပညာနဲ့ Toyota TSUSHO နည်းပညာတို့ ပေါင်းစပ်ပြီးတော့ တစ်မူ ထူးခြားတဲ့ အွန်လိုင်းကနေ တစ်ခါတည်း ဝယ်ယူလို့ရတဲ့ ပါဝင်ဆင်နွှဲလို့ရတဲ့ လေ လံပွဲကြီးဖြစ်ပါတယ်။ မတ် ၁၆၊ ၁၇ ရက်မှာ ဝယ်ယူသူတွေအားလုံးကို ဖိတ် ထားတယ်။ လူတိုင်းကားဝယ်ချင်ရင် ကိုယ်တိုင်ကိုယ်ကျ လေ့လာဝယ်လို့ရ မယ်။ တစ်ချိန်တည်းမှာ လေလံပွဲ (Auction)ဆော့ဝဲလ်မှ အကောင့်ဖွင့် ပြီး လေလံပစ်ဝယ်ယူလို့ရပါတယ်”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ လေလံပွဲရှိသည့်အတွက် ဝယ်ယူသူများအနေဖြင့်လည်း သင့်တင့် သောဈေးနှုန်းနှင့် ရရှိနိုင်သကဲ့သို့ ရောင်း ချသူများအနေဖြင့်လည်း ရောင်းလိုသည့် ဈေး ရရှိနိုင်မည်ဖြစ်ကြောင်း မော် တော်ယာဉ်လောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် လေလံစနစ်ဖြင့် ရောင်းချခြင်း များရှိသင့်ကြောင်း မြန်မာမော်တော် ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်း ချရေးလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ထိုက်အေးက ပြောသည်။ အဆိုပါလေလံပွဲသို့ ဝင်ရောက် ရောင်းချသည့်ယာဉ်များတွင် Brand New ကားများထက် ဂျပန်တစ်ပတ် ရစ်ကား ရာခိုင်နှုန်းအများဆုံး ပါဝင် ကြောင်း သိရသည်။

TTMT

#democracytoday

Previous Post

မြန်မာ့ပြောင်းဆန်ဈေးနှုန်း ယခင်နှစ်ထက် ကျဆင်း

Next Post

'ကာရိုက်တာတိုင်း ဇာတ်လမ်းတိုင်းကို သစ္စာရှိပြီး အကောင်းဆုံး ကြိုးစားမယ်ဆိုတဲ့ စိတ်မျိုးပဲ ??

M Bwe

Related Posts

Business

ဘုရားမြေကျွံသည့်နေရာအနီးရှိ ရဲပြားကုန်း မူလတန်းကျောင်းကို ဒေသခံများ၏ဆန္ဒအရ ပြောင်းရွှေ့

August 30, 2019
Business

မြန်မာ-အိန္ဒိယ ရိဒ်နယ်စပ်တွင် ဝက်အရောင်းအဝယ်ရပ်တန့်နေသည့်အတွက် ကလေးနှင့်ချင်းတောင်ဒေသမှဝက်ကုန်သည်များ ကျပ်သိန်းရာချီဆုံးရှုံးနစ်နာနေဟုဆို

August 30, 2019
Business

အသေးစား၊ အလတ်စားနှင့် အငယ်စားလုပ်ငန်းတစ်ရာကို ချေးငွေများ ထပ်မံထုတ်ပေးမည်

August 30, 2019
Business

မွန်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးဧက ၁၂၀ဝ၀ ကျော် ပျက်စီး

August 28, 2019
Business

တောင်ကိုရီးယားသမ္မတ မြန်မာနိုင်ငံသို့ လာမည့်လအတွင်း လာရောက်ရန်ရှိနေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်တွေ့ဆုံပြီး တောင်ကိုရီးယားဘဏ်ခွဲများ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေးဆွေးနွေးမည်ဟုဆို

August 28, 2019
Business

မန္တလေး-လားရှိုး-မူဆယ်လမ်းပိုင်း၌ ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် မန်းကုန်စည်ဈေးကွက်၌ တရုတ်သို့တင်ပို့သည့် ပဲတီစိမ်းနှင့် နှမ်းမျိုးစုံဈေးကျဆင်းလာ

August 28, 2019
Next Post

'ကာရိုက်တာတိုင်း ဇာတ်လမ်းတိုင်းကို သစ္စာရှိပြီး အကောင်းဆုံး ကြိုးစားမယ်ဆိုတဲ့ စိတ်မျိုးပဲ ??

Discussion about this post

Connect with us

ADVERTISEMENT

Recommended

ဆော်ဒီအာရေးဗီးယားက သတင်းစာဆရာ အသတ်ခံရကြောင်း ထုတ်ဖော်ဝန်ခံရန် စီစဉ်နေ ဟုဆို

1 year ago

ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားသိမ်းပိုက်ခြင်း ငါးနှစ်ပြည့် အခမ်းအနား ကျင်းပ  

9 months ago

ထိုင်း – မြန်မာ နယ်စပ်တွင်ရှိသည့် လိုဏ်ဂူတစ်ခုထဲသို့ ဝင်ရောက်သွားသည့် ကျောင်းသား ၁၂ ဦးနှင်

1 year ago

မန္တလေးမြို့ရှိ ရဲအရာရှိအတတ်သင်ကျောင်း အနောက်ဘက်ခြမ်းရှိ လူနေတိုက်ခန်းများကို ရဲတပ်ဖွဲ့က

1 year ago

ငါးဖမ်းပိုက် ပျောက်ဆုံးမှုကို စစ်ဆေးစဉ် သံသယရှိသူ သေဆုံးခြင်းတွင် တာဝန်ရှိ ရဲဝန်ထမ်းများကိ

1 year ago

Popular News

  • ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် ရုံတင်ပြသသွားမည်

    0 shares
    Share 0 Tweet 0
  • အမေရိကန် ဆန်ဖရန်စစ္စကိုတွင် အိုးမဲ့အိမ်မဲ့များ ကားပေါ်၌ အနေများကြ

    0 shares
    Share 0 Tweet 0
  • ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(ဗကသ) များ အဖွဲ့ချုပ်က ကျောင်းအတွင်း လုံခြုံရေး၊ သန့်ရှင

    0 shares
    Share 0 Tweet 0
  • နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် Reform စပြီလား

    0 shares
    Share 0 Tweet 0
  • မြဝတီမြို့သို့ ခရီးသွားများ လာရောက်မှု များပြားနေသောကြောင့် ဧည့်ရိပ်သာတစ်ခု တည်ဆောက်မည်

    0 shares
    Share 0 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.