မကွေး၊ မတ် ၁၆
မကွေးတိုင်းဒေသကြီးအတွင်း GAP စနစ်ဖြင့် နှမ်း နက်စိုက်ပျိုးထုတ်လုပ်မှုကို ကယား ပြည်နယ်တောင်သူများ မတ် ၁၅ ရက်က လာရောက်လေ့လာခဲ့ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးခင် မောင်ဝင်းက ပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း ၂ဝ၁၆-၂ဝ၁၇ စိုက်ပျိုးရာသီအချိန်တွင် နှမ်းနက်များကို GAP စနစ်ဖြင့် စိုက်ပျိုးအောင်မြင်မှုများရရှိခဲ့သဖြင့် ယင်းအကျိုးရလဒ်များကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလားတူစိုက်ပျိုးထုတ်လုပ် နိုင်ရန်ညှိနှိုင်းမှုအရ ကယားပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှု ကယားပြည်နယ်စိုက်ပျိုးရေးဌာန ပြည်နယ်ဦးစီးမှူး၏ စီစဉ်ဆောင်ရွက် ပေးမှုဖြင့် ကယားပြည်နယ်ဘော်လခဲ ခရိုင်နှင့် လွိုင်ကော်ခရိုင်မှ တောင် သူ ၅ဝဦး လာရောက်လေ့လာခြင်း ဖြစ်ကြောင်း ဦးခင်မောင်ဝင်း၏ပြော ကြားချက်အရ သိရသည်။ ” GAP စနစ်နဲ့နှမ်းနက်စိုက် ပျိုးထုတ်လုပ်မှုကို ကျွန်တော်တို့တွေ့ ကြုံဆောင်ရွက်ခဲ့တဲ့ အားနည်းချက် အားသာချက် တောင်သူကန်ထရိုက် အဝယ်ကိုယ်စားလှယ်တွေ၊ ထုတ်ပိုးမှု၊ သယ်ဆောင်မှု နည်းမှန်းလမ်း မှန်စနစ်တကျ စိုက်ပျိုးနိုင်ဖို့ဆင့်ပွား ဆောင်ရွက်တတ်ဖို့ ဗဟုသုတတွေ မျှဝေခဲ့ပါတယ်”ဟု ဦးခင်မောင်ဝင်း ကပြောသည်။
ကယားပြည်နယ်တောင်သူများသည် နှမ်း၊ အစေ့ထုတ်ပြောင်း၊ စပါးတို့ကိုအဓိက စိုက်ပျိုးထုတ်လုပ် သဖြင့် မကွေးတိုင်းဒေသကြီးအတွင်း GAP စနစ်ဖြင့် နှမ်းနက်စိုက်ပျိုး ထုတ်လုပ်မှုကို လာရောက်လေ့လာ ခြင်းဖြစ်ကြောင်း ကယားပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ညွှန် ကြားရေးမှူး ဦးမျိုးခန့်ကပြောသည်။ ”ကျွန်တော်တို့ဆီမှာ နှမ်းတွေ ကိုပက်ကြဲစနစ်နဲ့ စိုက်ပျိုးကြပါတယ်။ ဓာတုကင်းလွတ်ပုံစံမျိုးစိုက်ပျိုးတာပါ။ မကွေးတိုင်းဒေသကြီးမှာ စိုက်ပျိုး နေတွဲ့ဗဏ စနစ်နဲ့တူတဲ့ အချက် တွေလည်းရှိတယ်။ မတူတဲ့အချက် တွေလည်းတွေ့ရတယ်။ အဲ့ဒီအတွက် GAP စိုက်ပျိုးနည်းစနစ်ပုံ စံကျအောင် ဒီမှာလေ့လာခဲ့တာတွေ နဲ့ ကယားပြည်နယ်မှာ စိုက်ပျိုးထုတ် လုပ်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ”ဟု ၎င်းကပြောသည်။
ZZ
#democracytoday
Discussion about this post