Wednesday, 08 November 2017 12:21

ရုပ်ရှင်သရုပ်ဆောင်ရဲတိုက် ယခုလကုန်ပိုင်းတွင် ပြန်လည်လွတ်မြောက်တော့မည်

Written by
Rate this item
(0 votes)

ရန်ကုန်၊ နိုဝင်ဘာ ၇- သာသနာညှိုးနွမ်းစေမှု၊ မူးယစ်ဆေးဝါး အမှုတို့ဖြင့် ထောင်ကျနေသော သရုပ်ဆောင်ရဲတိုက်သည် ယခု လကုန်ပိုင်းတွင် ပြန်လည်လွတ်မြောက်တော့မည်ဖြစ်ကြောင်း သက် ဆိုင်ရာထောင်ပိုင်ထံမှ နိုဝင်ဘာ ၇ ရက်က သိရသည်။

သရုပ်ဆောင်ရဲတိုက်သည့် တောင်ငူထောင်တွင် ထောင်ကျခံ နေရခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်တွင် လွတ်မြောက်မည်ဟု လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် သတင်းများထွက်ပေါ်နေခဲ့သော်လည်း လွတ်မြောက်မည့်ရက်အတိအကျကိုမူ မပြောနိုင်သေးကြောင်း တောင်ငူထောင်မှထောင်ပိုင် ဦးမြသောင်းက ပြောသည်။

''အခုတော့ မလွတ်သေးပါဘူး။ ၁၄ ရက်နေ့လွတ်မယ်ဆိုတာ လည်းမဟုတ်ပါဘူး။ ဒီလထဲမှာတော့ လွတ်ဖို့ရှိပါတယ်။ ရက်အတိ အကျတော့ ကျွန်တော်တို့ဘက်က ပြောလို့မရသေးပါဘူး။ ဒီလ နောက်ဆုံးပတ်လောက်တော့ လွတ်ဖို့ရှိပါတယ်''ဟု ¤င်းကဆက် လက်ပြောသည်။

ရဲတိုက်၏ ဇာတ်ကားများကို အဓိကရိုက်ကူးထုတ်လုပ်ပေးနေ သည့် ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးမျိုးဇော်က''ရဲတိုက်လွတ် ပြီဆိုတဲ့ ကောလာဟလတွေက အမြဲတမ်းဖြစ်နေတာပဲလေ။ ၁၄ ရက် နေ့လွတ်မယ်ဆိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ နိုဝင်ဘာလထဲမှာတော့ ထောင်ကထွက်လာရတော့မှာပါ''ဟု ပြောသည်။

သရုပ်ဆောင်ရဲတိုက်သည် ၂ဝ၁၃ ခုနှစ်တွင် ပဲခူးတိုင်းဒေသ ကြီးတွင် ဆေးခြောက်လက်ဝယ်တွေ့ရှိမှုနှင့်အတူ သာသနာညှိုးနွမ်း စေမှုဖြင့် ထောင်ဒဏ်ခြောက်နှစ် ပြစ်ဒဏ်ကျခံနေခြင်းဖြစ်ကြောင်း သိရသည်။

 

NN, AL

Read 1553 times
MSK

Login to post comments