HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

တစ်နှစ်တစ်နှစ်လျှင် ကျောင်းဆောင် ၈၈၂၆ ဆောင် လိုအပ်ပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ကျောင်းဆောင် ၄၉၂၂ ဆောင်အတွက်သာ ခွင့်ပြုဘဏ္ဍာငွေ ရရှိခဲ့ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပြောကြား

တစ်နှစ်တစ်နှစ်လျှင် ကျောင်းဆောင် ၈၈၂၆ ဆောင် လိုအပ်ပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ကျောင်းဆောင် ၄၉၂၂ ဆောင်အတွက်သာ ခွင့်ပြုဘဏ္ဍာငွေ ရရှိခဲ့ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၎

နိုင်ငံ တွင်း၌ ကျောင်းဆောင်လိုအပ် ချက်မှာ တစ်နှစ်လျှင် ကျောင်း ဆောင် ၈၈၂၆ ဆောင်ဖြစ်သော် လည်း ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် တွင် ကျောင်းဆောင် ၄၉၂၂ ဆောင်အတွက်သာ ခွင့်ပြုဘဏ္ဍာ ငွေရရှိခဲ့ကြောင်း ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာမျိုးသိမ်းကြီးမှ ပြောကြားခဲ့ ကြောင်း သိရသည်။ ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်း က နေပြည်တော် MICC-2  တွင် ကျင်းပသည့် ၂ဝ၁၈ ခုနှစ် ပညာ ရေးဖွံ့ဖြိုးတိုးတက်မှု(အခြေခံပညာ ကဏ္ဍ)အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ(ဒုတိယပိုင်း)၊ စာ တမ်းဖတ်ပွဲအစီအစဉ်အဖွင့်အမှာ စကားပြောကြားရာတွင် ယင်းကဲ့ သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်း ကြီးက''ကျောင်းဆောင်လိုအပ် ချက်ကတော့ ပေ ၆ဝx ပေ ၃ဝ ကျောင်းဆောင်စုစုပေါင်း ၄၄၁၂၉ ဆောင်လိုအပ်နေပါတယ်။ ဒါကို ငါးနှစ်အတွက်လိုအပ်တယ်။ ဒါ ကြောင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာ နှစ်မှာ ၄၉၂၂ ဆောင်ကိုပဲ ခွင့်ပြု ဘဏ္ဍာငွေရရှိတယ်။ သို့သော် တစ်နှစ်တစ်နှစ်ကို လိုအပ်နေတဲ့ ကျောင်းဆောင် ၈၈၂၆ ဆောင် ဖြစ်ပါတယ်။ လိုနေတဲ့ကျောင်း ဆောင်တွေကို ဖြည့်ဆည်းပေးဖို့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေအရပဲ ဆောင်ရွက်နိုင်သလို အလှူရှင်တွေ ရဲ့ လှူဒါန်းမှုအရလည်း ကျောင်း ဆောင်တွေကို ဖြည့်ဆည်းပေးနေ ပါတယ်''ဟု ပြောကြားသည်။


ယင်းအပြင် ကျောင်းသားဦး ရေတွေတိုးတက်လာပြီး သင်ယူပြီး မြောက်တဲ့သူတွေများ တိုးတက်လာ သော်လည်း ဆရာ၊ ဆရာမလိုအပ် ချက်ကတော့ ပညာရေးဝန်ကြီးဌာန မှာ အများကြီးရှိနေကြောင်း၊ ၂ဝ၁၇ ၂ဝ၁၈ ပညာသင်နှစ်၏ စာရင်း အင်းအချက်အလက်အရ မူလတန်း ပြဆရာ၊ ဆရာမ ၅ဝ၈၂ဝ ဦး၊ အ လယ်တန်းပြဆရာ၊ ဆရာမ ၂၂၃၃၂ ဦး၊ အထက်တန်းပြဆရာ၊ ဆရာမ ၁၁၃၅ဝ ဦးတို့လိုအပ်နေကြောင်း၊ ယခုလိုအပ်နေသည့် ဆရာ၊ ဆရာမ များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့်ညှိနှိုင်းပြီး လို အပ်သည့် သုံးပုံတစ်ပုံကို ခန့်ထား နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြော ကြားသည်။ 

MP

#democracytoday

Rate this item
(0 votes)
back to top