HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ဒေါ်လာပြင်ပပေါက်ဈေး ကျပ် ၅ဝ ခန့် ပြုတ်ကျ၊ အမေရိကန် - တရုတ်ကုန်သွယ်ရေးစစ်ပွဲ ယာယီ ရပ်ဆိုင်းလိုက်ခြင်းက အကြောင်းရင်းတစ်ရပ်ဖြစ် ဟုဆို

ဒေါ်လာပြင်ပပေါက်ဈေး ကျပ် ၅ဝ ခန့် ပြုတ်ကျ၊ အမေရိကန် - တရုတ်ကုန်သွယ်ရေးစစ်ပွဲ ယာယီ ရပ်ဆိုင်းလိုက်ခြင်းက အကြောင်းရင်းတစ်ရပ်ဖြစ် ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၎

ဒေါ်လာ ပြင်ပပေါက်ဈေးမှာ တစ်ရက်အ တွင်း ကျပ် ၅ဝ ခန့်ပြုတ်ကျခဲ့ ကြောင်း နိုင်ငံခြားငွေကြေးဈေး ကွက်အတွင်းမှ သိရသည်။ အမေရိကန် ဒေါ်လာငွေလဲ နှုန်းသည် ဒီဇင်ဘာ ၃ ရက်က တစ်ဒေါ်လာလျှင် ကျပ် ၁၅၅၃ ဝန်းကျင်ရှိခဲ့ရာမှ ဒီဇင်ဘာ ၄ ရက် ညနေဈေးပိတ်ချိန်တွင် တစ် ဒေါ်လာလျှင် ကျပ် ၁၅ဝဝ ဝန်း ကျင်သို့ရောက်ရှိခဲ့ကြောင်း နိုင်ငံ ခြားငွေကြေးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။ ''ဈေးကအကျဘက်ကို ဦး တည်နေတာ။ ဒါပေမဲ့ တဖြည်း ဖြည်းကျရမယ့်အစား ရုတ်တရက် ပြုတ်ကျတာ၊ အဓိကတော့ ကြောက် လန့်ပြီး ထုတ်ရောင်းတဲ့သူတွေများ နေလို့ဒီလိုဖြစ်သွားတာပါ'' ဟု ¤င်း (ဦးစန်းဝင်း)က ဒီမိုကရေစီတူဒေး သို့ ဒီဇင်ဘာ ၄ ရက်ကပြောသည်။

အမေရိကန်-တရုတ်ကုန် သွယ်ရေးစစ်ပွဲ ယာယီရပ်ဆိုင်း လိုက်ခြင်းသည် ဒေါ်လာငွေလဲ နှုန်းကျဆင်းလာခြင်း၏ အကြောင်း ရင်းများတွင် ရာခိုင်နှုန်း၂ဝ ခန့် ပါဝင်ကြောင်း၊ တရုတ်ငွေဈေးကျ ဆင်းခြင်းနှင့် မြန်မာ-တရုတ်ကုန် သွယ်မှု တရားဝင်ပြုလုပ်ရန် ဆောင် ရွက်လာခြင်းကြောင့် တရုတ်နှင့် မူလကုန်သွယ်မှုအချို့ ရပ်ဆိုင်းနေ ခြင်းသည် ဒေါ်လာဈေးကျဆင်းလာ ခြင်း၏ အဓိကအကြောင်းတစ်ခုဖြစ် ကြောင်း ၎င်းက ပြောသည်။ အမေရိကန်ဒေါ်လာ ငွေလဲ နှုန်းသည် မြန်မာ့သမိုင်းတွင် အ မြင့်ဆုံးစံချိန်အဖြစ် ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့က ကျပ် ၁၅၇၆ သို့ မြင့်တက်ခဲ့ပြီး နိုဝင်ဘာ မှ စ၍အကျဘက်သို့ ပြန်ဦးလှည့် လာခြင်းဖြစ်သည်။


ဒေါ်လာနှင့် ချိတ်ဆက်နေ သည့် ပြည်တွင်းရွှေဈေးကွက်သည် လည်း ဒီဇင်ဘာ ၃ ရက် နံနက် ဈေးဖွင့်ချိန်တွင် တစ်ကျပ်သား လျှင် ကျပ် ၁ဝ၃ဝဝဝဝ ဝန်းကျင်ရှိ ရာမှ ညနေပိုင်းတွင် ကျပ် ၁ဝဝဝဝဝဝ ဝန်းကျင်၊ ဒီဇင်ဘာ ၄ ရက် နံနက် ဈေးဖွင့်ချိန်တွင်ကျပ် ၉၈၅ဝဝဝ ဝန်းကျင်နှင့် ညနေ ဈေးပိတ်ချိန် တွင်ကျပ် ၁ဝ၁ဝဝဝဝ ဝန်းကျင် ဈေးနှုန်းအသီးသီးဖြစ်ပေါ်နေ ကြောင်း ပြည်တွင်းရွှေဈေးကွက် အတွင်းမှ သိရသည်။ ''အတက်အကျ တော်တော် လေးကြမ်းနေတယ်။ကမ္ဘာ့ရွှေဈေး ကတော့ အတက်ပြနေပါတယ်'' ဟု တိတ်ရှိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော် အောင်က ပြောသည်။ ဒေါ်လာနှင့် ရွှေဈေးအတက် အကျ ကြမ်းနေခြင်းမှာ ပြည်တွင်း စီးပွားရေးခိုင်မာမှုမရှိခြင်းကို ပြ သနေကြောင်း စီးပွားရေးလုပ်ငန်း ရှင်များက သုံးသပ်ကြသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၏ အမေရိကန်ဒေါ်လာ ရည်ညွှန်း ငွေလဲနှုန်းမှာ အမေရိကန်တစ်ဒေါ် လာလျှင်ကျပ် ၁၅၇ဝ ဖြစ်သည်။

NT

#democracytoday

Rate this item
(0 votes)
back to top