HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

သူဌေးတစ်ဦး လှူဒါန်းထားသည့် ကျပ်သိန်းထောင်ချီတန် ကျောက်စိမ်းနှစ်တုံးကို မြစ်ကြီးနားတွင် ထားရှိမည်

သူဌေးတစ်ဦး လှူဒါန်းထားသည့် ကျပ်သိန်းထောင်ချီတန် ကျောက်စိမ်းနှစ်တုံးကို မြစ်ကြီးနားတွင် ထားရှိမည်

ရန်ကုန်၊ ဒီဇင်ဘာ ၎

သူဌေး တစ်ဦးလှူဒါန်းခဲ့သည့်ကျပ်သိန်း ထောင်ချီတန်ဖိုးရှိ ကျောက်စိမ်း တုံးကြီးနှစ်တုံးကို မြစ်ကြီးနားလေ ဆိပ်နှင့်ပြည်နယ်အစိုးရရုံးတို့တွင် မြို့အထိမ်းအမှတ်အဖြစ် ထားရှိ ရန် လျာထားကြောင်း သိရသည်။ ယင်းကျောက်စိမ်းတုံး နှစ်တုံး ကို ကျောက်စိမ်းသူဌေးဒေါက်တာ ဘန်လွန်ဘွမ်ယွန်က ကချင်ပြည် နယ်အစိုးရမှတစ်ဆင့် လှူဒါန်း ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်နှင့် ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီး ဦးမြသိန်းက ဒီမို ကရေစီတူဒေးသို့ ဒီဇင်ဘာ ၄ ရက်တွင်ပြောသည်။

''လေဆိပ်အဝင် မနောတိုင် သုံးခုအခြေနားမှာ တစ်ခု၊ပြည်နယ် အစိုးရုံးမှာ တစ်ခုထားရှိသွားဖို့ လျာထားပါတယ်၊ အဲဒါကတော့ အကြမ်းဖျင်းလျာထားတာပါ။ ကား ဝင်လို့ရ၊ မရ ထားလို့ရ၊ မရ ကြည့် ရပါဦးမယ်။ ကျောက်စိမ်းတုံး တွေရဲ့ လုံခြုံရေးအတွက်တော့ ရဲ အစောင့်အရှောက်ရှိပါတယ်'' ဟု ¤င်းကဒီမိုကရေစီတူဒေးသို့ ဒီဇင် ဘာ ၄ ရက်က ကပြောသည်။


အဆိုပါလှူဒါန်းထားသည့် ကျောက်စိမ်းတုံးနှစ်တုံးအနက် တစ်တုံးမှာ ၉ တန်ကျော်ရှိပြီး အ လုံးသေးမှာ ၆ တန်ကျော်ရှိကြောင်း သိရသည်။ ယင်းကျောက်စိမ်းတုံး နှစ်တုံးစလုံးကို ဝယ်လက်များက ကျပ်သိန်းထောင်ချီဈေးပေးဝယ်သော် လည်း ကချင်ပြည်နယ်သားများ ဂုဏ်ယူနိုင်ရန်အတွက် လူအများ မြင်သာသည့်နေရာတွင် ထားရှိ ရန် အလှူရှင်က လှူဒါန်းခြင်းဖြစ် ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီး ဦးမြသိန်း ကပြောသည်။


''ကချင်ပြည်နယ်မှာ ကျောက် စိမ်းထွက်တယ်၊ ဒါပေမဲ့ လူတွေ တွေ့မြင်လောက်အောင် သက် သေမပြနိုင်ဘူး။ဒါကြောင့် အများ မြင်သာတဲ့နေရာမှာထားရှိပြီး ကချင် ပြည်နယ်ကြီးလှပသွားအောင်ဆို တဲ့ ရည်ရွယ်ချက်ပါ''ဟု ¤င်းက ပြောသည်။ အဆိုပါ ကျောက်စိမ်းတုံးများ ထားရှိခြင်းအခမ်းအနားကို ဇန်န ဝါရီလ ၁ဝ ရက်နေ့၌ ကျရောက် သော ကချင်ပြည်နယ်နေ့တွင် ကချင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်အပါအဝင် တာဝန်ရှိ သူများဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

NT

#democracytoday

Rate this item
(0 votes)
back to top