HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ညောင်ဦးမြို့နယ်မှ မိုးမြေပဲစိုက်တောင်သူများ အဆင်ပြေနေ

ညောင်ဦးမြို့နယ်မှ မိုးမြေပဲစိုက်တောင်သူများ အဆင်ပြေနေ

ညောင်ဦး၊ ဒီဇင်ဘာ ၅

မန္တလေး တိုင်းဒေသကြီး ညောင်ဦးမြို့နယ် အတွင်းရှိ တောင်သူများ မိုးတွင်း အခါက မိုးနှင့်စိုက်ပျိုးခဲ့သော ခြောက်လပဲခေါ် မြေပဲကြီးများ ကို ပခုက္ကူမြို့ပွဲရုံများသို့ သွား ရောက်ရောင်းချရာ တွက်ခြေ ကိုက်အဆင်ပြေလျက်ရှိကြောင်း မြေပဲကြီးစိုက်တောင်သူများထံမှ သိရသည်။

''ကျွန်တော်တို့ကတော့ ဒီနေ့ ပုတ်ပြီး နောက်သုံးလေးရက် လောက်ဆို သွားရောင်းတာပဲ။ ဒီနှစ်တော့ မြေပဲအတောင့်လိုက် ရောင်းရတာ ပိုအဆင်ပြေပါတယ်။ အတောင့်တစ်ပိဿာကို ကျပ် ၁၅၅ဝ၊ ကျပ် ၁၆ဝဝ၊ ကျပ် ၁၆၅ဝ စသည်ဖြင့် ပဲအစိုအခြောက်အ လိုက် ဈေးကွာခြားမှုတော့ရှိတယ်။ အောင်တဲ့ မြေပဲတစ်တင်းကို ခုနစ်ပိဿာလောက် အချိန်စီး တယ်။ အဲဒီတော့ မြေပဲအတောင့် တစ်တင်းကို တစ်သောင်းကျော် လောက် ရောင်းရတယ်။ ဒါကြောင့် ဒီနှစ်တော့ ကျွန်တော်တို့ညောင် ဦးမြို့နယ်က မြေပဲစိုက်တောင်သူ တွေ ပခုက္ကူပွဲရုံတွေကိုပဲ တင် ရောင်းတာများကြတယ်''ဟု ညောင် ဦးမြို့နယ် ရွာသာအေးကျေးရွာမှ မြေပဲအတောင့် လာရောင်းသူ တစ်ဦးက ပြောသည်။


ပခုက္ကူမြို့သို့ လာရောက် ရောင်းချသည့် ညောင်ဦးမြို့နယ် မိဘမေတ္တာကားပိုင်ရှင်ဦးဝင်းတင် ကလည်း ''ဒီနှစ်က အတောင့်ရောင်း ရတာ ပိုတွက်ခြေကိုက်ပါတယ်။ အတောင့်ရောင်းတာကလည်း ပခုက္ကူဘက်က ပိုရောင်းကောင်း တယ်။ ပခုက္ကူဆိုတာကလည်း ရှစ် မိုင်လောက်ပဲဝေးမယ်။ ကျွန် တော့်ကားဆိုရင် ပခုက္ကူဘက်ကို နေ့တိုင်းထွက်ပေးနေရတယ်။ တစ်လကျော်ကျော်လောက်ရှိပြီ။ တစ်နေ့တစ်နေ့ ကုန်ချိန်နှစ် ထောင်ကျော်သုံးထောင်အထိပါ တယ်''ဟု ပြောသည်။


တောင်သူများသည်လည်း မြေပဲပေါ်လာသည်နှင့် တစ်ပြိုင် တည်း လက်ဝယ်ကြာရှည်စွာမ ထားနိုင်ဘဲ အမြန်ရောင်းချနေရ ကြောင်းနှင့် တောင်သူလက်ဝယ် မြေပဲမရှိတော့သည့်အချိန် မြေပဲ ဆန်ဈေးနှုန်း မြေပဲဆီဈေးနှုန်း များ တက်လာဖွယ်ရှိကြောင်း တောင်သူများကြိုတင်ခန့်မှန်းနေ ကြကြောင်း သိရသည်။

KH

#democracytoday

 

Rate this item
(0 votes)
back to top