HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

သွင်းကုန်များအပေါ် အခွန်နှုန်းထား သတ်မှတ်ခြင်းသည် သမ္မတထရန့်၏ စီးပွားရေး ဗျူဟာအမှားဖြစ်ဟု AP သတင်းဌာနက ဖော်ပြ

သွင်းကုန်များအပေါ် အခွန်နှုန်းထား သတ်မှတ်ခြင်းသည် သမ္မတထရန့်၏ စီးပွားရေး ဗျူဟာအမှားဖြစ်ဟု AP  သတင်းဌာနက ဖော်ပြ

ဝါရှင်တန်၊ ဒီဇင်ဘာ ၅

အမေရိကန်နိုင်ငံ စီးပွားရေးတိုးတက်ကောင်းမွန်လာစေရေး အတွက် အခွန်အကောက်များကို လျှော့ချပေးမည်ဟူ၍ သမ္မတဒေါ် နယ်ထရန့်က ပြောခဲ့သည်။ သို့သော်သွင်းကုန်များအပေါ် အကောက်ခွန်နှုန်းထားများ သတ်မှတ်လိုက်ခြင်းသည် သမ္မတထရန့်၏ စီးပွားရေးဗျူဟာအမှားဖြစ်သည် ဟု အများကဝေဖန်ပြောဆိုခဲ့သည်။ အခွန်နှုန်းထားများ မြင့်မှုကြောင့် ကုန်ပစ္စည်းများ ဈေးကြီးရခြင်းဖြစ်သည်ဟုလည်း ပြောဆိုခဲ့ကြသည်။ သမ္မတထရန့်က ၂ဝ၁၉ ခုနှစ်တွင် တရုတ်သွင်းကုန်များ ဒေါ်လာ ဘီလီယံ၂ဝဝ အပေါ် ၁ဝ ရာခိုင်နှုန်းအခွန်တိုးမြှင့်ကောက်ခံ တော့မည်မဟုတ်ကြောင်း တွစ်တာမှတစ်ဆင့် ရေးသားလိုက်သည်။

ယင်းအချိန်တွင် တရုတ်ကုန်စည်များသည် အမေရိကန်တွင် ဈေးပေါ ချိုသာလာနိုင်သည်ဟူ၍ ထုတ်ဖော်ရေးသားခဲ့သည်။ အ ခွန်နှုန်းထား တိုးမြှင့်ကောက်ခံခြင်းဖြင့် အမေရိကန်နိုင်ငံသည် ပိုမို ချမ်းသာလာလိမ့်မည်မဟုတ်ဟု စီးပွားရေးပညာရှင်များက ဝေဖန် သုံးသပ်ခဲ့ကြသည်။ စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုရှင် ရစ်ချတ်သာလာက ''အမေ ရိကန်နိုင်ငံသည် တရုတ်နှင့် ပိုမိုကူးသန်းရောင်းဝယ်လေလေ ကုန် သွယ်ရေး စစ်ဖြစ်လာနိုင်ခြေ များလေလေ''ဟူ၍ ထုတ်ဖော် ပြောဆို လိုက်သည်။


ယင်းနှင့်ပတ်သက်၍ သမ္မတထရန့်က ''ကျွန်တော်ဟာ ကိုယ့် နိုင်ငံ ချမ်းသာစေရေးအတွက် သွင်းကုန်စည်ပေါ် အခွန်သတ်မှတ် ကောက်ခံခြင်းသာ ဖြစ်ပါတယ်။ ဒါကို နားလည်စေချင်ပါတယ်။ ကိုယ့် နိုင်ငံ စီးပွားရေး တိုးတက်မြင့်မားလာစေရေးအတွက် ဒါကို မလွဲမ သွေ လုပ်ဆောင်ရမှာပါ''ဟူ၍ တွစ်တာမှတစ်ဆင့် ပြန်လည်ဖော်ပြ ခဲ့သည်။


''အခွန်အကောက်များဟာ နိုင်ငံစက်မှုလုပ်ငန်းများကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါတယ်''ဟူ၍လည်း ဆက်လက်ဖော်ပြလိုက် သည်။ ''သွင်းကုန်ခွန် ကောက်ခံတယ်ဆိုတာ နှစ်နိုင်ငံ မျှတဖို့ လိုအပ် ပါတယ်။ တစ်နိုင်ငံတည်းက ထူးချွန်ပြီး တစ်ဖက်သတ် သတ်မှတ် ကောက်ခံလို့ မဖြစ်နိုင်ပါဘူး''ဟူ၍ AP သတင်းဌာနက ကောက်ချက် ချ ပြောဆိုခဲ့သည်။

Ref: AP

#democracytoday

 

Rate this item
(0 votes)
back to top