HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ကုန်သွယ်ရေး စစ်ပွဲပြီးဆုံးရန် ပထမခြေလှမ်းဖြစ်သည့် ထရန့်နှင့် ရှီတို့၏ သဘောတူညီချက်

ကုန်သွယ်ရေး စစ်ပွဲပြီးဆုံးရန် ပထမခြေလှမ်းဖြစ်သည့် ထရန့်နှင့် ရှီတို့၏ သဘောတူညီချက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ဟာ အာဂျင်တီးနား နိုင်ငံဗျူနိုအရိစ်မြို့မှာ ဂျီ-၂ဝ အစည်း အဝေးအတွင်း ဒီဇင်ဘာ ၁ ရက်မှာ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။ ခေါင်းဆောင်နှစ်ဦးဆွေးနွေးရာမှာ အရေးကြီးတဲ့သဘော တူညီချက်တွေရရှိခဲ့ကြတယ်။ တရုတ်-အမေရိ ကန်ကုန်သွယ်ရေးဆက်ဆံ မှုကို တည်ငြိမ်အောင် လုပ်ဖို့ သဘောတူခဲ့ကြတာ ဖြစ်တယ်။ အမေရိကန်နဲ့တရုတ်တို့ဟာ နောက်တိုး စည်းကြပ်မဲ့ သွင်းကုန်ခွန်နဲ့ နှစ်နိုင်ငံနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ဆက်လက်ဆွေးနွေးသွား ဖို့ပါ သဘောတူခဲ့ကြတယ်လို့ ဆိုတယ်။

ဂလိုဘယ်တိုင်းသတင်းစာရဲ့အလိုအရ တရုတ်နဲ့အမေရိကန်တို့ဟာ ရှေ့ဆက်လက်ပြီး ဈေးကွက်ဖွင့်လှစ်ရေးကိစ္စ၊ Óဏပစ္စည်းမူပိုင်ခွင့် ကာ ကွယ်ရေး၊ မဖြစ်မနေနည်းပညာလွှဲပြောင်းမှု ရှောင်ရှားရေးနဲ့ ဆိုင်ဘာ ရာဇဝတ်မှုကို နှစ်နိုင်ငံပူးတွဲထိန်းချုပ်ဖို့အတွက် သဘောတူခဲ့ကြတယ် လို့ ဆိုတယ်။ အထက်ပါကိစ္စများတွင် လုပ်ဆောင်မှုကို ရက်ပေါင်း ၉ဝ အတွင်း အပြီးလုပ်ဆောင်ရမှာဖြစ်ပြီး ဤကာလကုန်ဆုံးပါက နှစ်ဖက်စလုံးက သွင်းကုန်ခွန်တိုးမြှင့်မှုကို ၁ဝရာခိုင်နှုန်းမှ ၂၅ရာခိုင်နှုန်းသို့ တိုးမြှင့်ခြင်း မပြုတော့ဘူးလို့ သဘောတူခဲ့ကြကြောင်း သတင်းများကဖော်ပြခဲ့တယ်။ ယခုနှစ်တရုတ်-အမေရိကန်ကုန်သွယ်ရေး ပွတ်တိုက်မှုစတင် ဖြစ် ပွားပြီး လျင်မြန်စွာ တိုးပွားလာပြီးနောက် ယခုဗျူနိုအေရိစ်မြို့မှာ နှစ် နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှုဟာ ထူးခြားပြီး အရေးပါတဲ့ဖြစ်စဉ်လို့ ဆိုရမှာဖြစ်တယ်။


ဒီဇင်ဘာ ၁ ရက်က ရရှိခဲ့တဲ့သဘောတူညီချက်အရ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေဟာ အမေရိကန်နဲ့ တရုတ်ကိုယ်စားလှယ်လုပ်ငန်း အဖွဲ့တွေအနေနဲ့ ခေါင်းဆောင်နှစ်ဦးမျှော်မှန်းချက်တွေကို အကောင် အထည်ဖော်သွားကြမယ်လို့ ပြောခဲ့ကြတယ်။ အဓိကအချက်ကတော့ တရုတ်-အမေရိကန်နှစ်နိုင်ငံအကြား ကုန် သွယ်ရေးဆက်ဆံမှု ပုံမှန်ပြန်ဖြစ်လာဖို့ ဖြစ်တယ်။ ယခုနှစ် အမေရိကန်- တရုတ်ဆက်ဆံရေးကြောင့် ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေးက သောင်းကနင်းဖြစ်နေခြင်းဟာ စိတ်ဝင်စားစရာလဲ ဖြစ်ခဲ့ရ တယ်ဆိုရင် မမှားနိုင်ပါဘူး။ ကမ္ဘာ့စီးပွားရေးအကြီးဆုံး နှစ်နိုင်ငံရဲ့စီးပွား ရေးတည်ငြိမ်ဖို့ မျှော်လင့်ရပြီး နှစ်နိုင်ငံအကျိုးတူအတွက် အခြေခံ သဘောတူညီချက်ကို ချမှတ်နိုင်ဖို့အရေး ကြီးကြောင်း နှစ်ဖက်စလုံးက ယုံကြည်ကြတယ်။


ခေါင်းဆောင်နှစ်ဦးဟာ ထုတ်မပြောကြပေမယ့် ယခုဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ နှစ်နိုင်ငံစလုံးအတွက် အကျိုးမရှိဘူးဆိုတာကို တော့ လက်ခံပြီးဖြစ်နေကြတယ်ဆိုတာ ထင်ရှားနေပါတယ်။ တရုတ်ကတော့ စီးပွားရေးပြုပြင်မှုနဲ့ ဈေးကွက်ဖွင့်ရေးကို အလျင် အမြန်လုပ်နေတယ်လို့ ဆိုတယ်။ ယခုနှစ်အတွင်းမှာပဲ စီးပွားရေးပွင့် လင်းမှုတွေကို များစွာလုပ်ဆောင်ခဲ့ပြီလို့ ဆိုတယ်။ ဧပြီလက တရုတ်ရဲ့ သြသေ ဆွေးနွေးပွဲကတည်းက တရုတ်ရဲ့ဈေးကွက်ဖွင့်လှစ်မှုကို ကမ္ဘာက လက်ခံခဲ့ပြီး ဖြစ်တယ်။ ဇူလိုင် ၁ရက်မှာ တရုတ်ကသွင်းကုန်တွေကို သွင်းကုန်ခွန်လျှော့ချ မှုကို များစွာလုပ်ဆောင်ခဲ့ပြီး ဖြစ်တယ်။ နိုဝင်ဘာမှာ နိုင်ငံတကာကုန်စည် ပြပွဲလုပ်ခဲ့တယ်။ ဒါဟာ တရုတ်ရဲ့ဈေးကွက်ဖွင့်လှစ်မှုကိုလဲ ပြသရာ ရောက်ပါတယ်။ သမိုင်းမှာနိုင်ငံတွေဟာ ပွတ်တိုက်မှု၊ ပဋိပက္ခဖြစ်မှုတွေကတစ်ဆင့် နိုင်ငံချင်းဆက်ဆံရေးကောင်းမွန်မှုတွေ၊ ယဉ်ကျေးမှု၊ ပူးပေါင်းမှုတွေ ဖြစ်တတ်ကြပါတယ်။


တသီးတခြားဖြစ်နေရတာနဲ့စာရင် အဆုံးစွန်အထိ ကွဲပြားမှုဟာ ပေါင်းစည်းမှုကို ဦးတည်သွားတတ်တာဟာ လက်တွေ့ဖြစ်ပါတယ်။  အထက်ဖော်ပြပါ သမိုင်းဖြစ်ရပ်တွေလို ဖြစ်ပွားခဲ့တဲ့ အမေရိကန်နဲ့ တရုတ်တို့ဟာ မလွဲမသွေအချင်းချင်း ဖလှယ်မှုတွေပြုလုပ်ဖို့ ဖြစ်လာ ရတာ သေချာတယ်လို့ ပြောရမှာဖြစ်တယ်။  အပြန်အလှန်ဆက်သွယ်မှု၊ ဆွေးနွေးမှုတွေကမှတစ်ဆင့် အမေ ရိကန်-တရုတ်တို့ဟာ အနာဂတ်ကုန်သွယ်ရေးလမ်းကြောင်းကို သွား ကြရမှာဖြစ်ကြောင်း တရုတ်ကပြောကြားလိုက်တယ်။ ပွတ်တိုက်မှုတွေ၊ ပဋိပက္ခတွေဖြစ်ခဲ့ရလို့ မကျေနပ်မှုနဲ့ နာကျင်မှု တွေရှိခဲ့ပေမယ့် ဒီဖြစ် ပွားခဲ့မှုတွေဟာ နှစ်ဖက်စလုံးရဲ့ လိုအပ်ချက်တွေ ကို အပြန်အလှန်သိခွင့်ရခဲ့ကြတယ်။ ကုန်သွယ်ရေးသဘောတူညီချက်ရဲ့ အနှစ်သာရဟာ ယုတ္တိရှိရှိ အကျိုးဖြစ်ထွန်းနိုင်ဖို့ ဖြစ်တယ်။ ကုန်သွယ်ရေးစစ်ပွဲမှာ အရှုံး၊ အနိုင်မရှိပါဘူး။ အရှုံးဖြစ်စေ၊ အနိုင် ဖြစ်စေ အဖြေလည်း ပေါ်ထွက်လာစရာမရှိပါဘူး။ ဒါဟာရိုးစင်းတဲ့အဖြစ် သနစ်ဆိုရင် မမှားပါဘူး။


တရုတ်နဲ့အမေရိကန်ကြားမှာ ပေါ်ထွက်လာမယ့် သဘောတူညီ ချက်ဟာ ကြီးမားသော တရားမျှတတဲ့ သဘောတူညီချက်ဖြစ်ပါလိမ့်မယ်။ နှစ်နိုင်ငံကုန်သွယ်ရေးကိုယ်စားလှယ်တွေဟာ လက်တွေ့ကျတဲ့ သဘောတူညီချက်များစွာကို ရရှိကြပါလိမ့်မယ်။ နှောင့်နှေးကြန့်ကြာနေ တဲ့ တရုတ်- အမေရိကန်ဆက်ဆံရေးကိုလည်း အမြန်ဆုံးပြန်လည်လုပ် ဆောင်နိုင်ပါလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ တရုတ် - အမေရိကန်ကုန်သွယ်ရေး သဘောတူညီချက်ကြောင့် ရပ်တန့်နေတဲ့ အမေရိကန် စတော့ရှယ်ယာဈေးကွက်လဲပြန်ပြီး အသက် ဝင်လာမယ်လို့ ဆိုတယ်။ တရုတ်လူထုကလည်း နှစ်နိုင်ငံအကြား သဘောထားကွဲပြားမှုတွေ ရှိပေမယ့် အကျိုးတူ ကိစ္စရပ်တွေ ရှိနေသေးတယ်ဆိုတာကို နားလည် သဘောပေါက်လာကြမှာ ဖြစ်တယ်။
အမေရိကန်ဟာ သူ့ရဲ့စီးပွားရေးကို ထိန်းသိမ်းဖို့သွင်းကုန်ပမာဏကို လျှော့ချသွားရမှာ ဖြစ်တယ်။


တရုတ်ကလဲ စီးပွားရေးပြုပြင်ဖို့အတွက် ကနဦးဈေးကွက်ကို လျှော့ချပြီး Óဏပစ္စည်း မူပိုင်ခွင့်ကို ကာကွယ်သွားရမယ်လို့ ဆိုတယ်။ နှစ်နိုင်ငံစလုံးရဲ့လိုအပ်ချက်ဟာ တစ်ဦးရဲ့လမ်းကြောင်းကို တစ်ဦးက မပိတ် ဆို့ရင် ကုန်သွယ်ရေးစစ်ပွဲဖြစ်လာစရာမရှိတော့ဘူးလို့ တရုတ်ကဆိုတယ်။  တရုတ်ရဲ့ရည်မှန်းချက်ဟာ အရည်အသွေးပြည့်ဝတဲ့ စီးပွားရေးဖြစ် ထွန်းဖို့နဲ့ လူမှုရေးမြင့်မားဖို့ဖြစ်တယ်။ တရုတ်လူထုရဲ့လိုအပ်ချက်အမြဲ ကျယ်ပြန့်နေခြင်းကို ဖြည့်ဆည်းသွားမယ်။ ပြည်သူ့ဘဝကောင်းမွန်စွာမြင့်မားလာဖို့ ဖြစ်တယ်။ မည်သည့်ဆုံးဖြတ်ချက်မဆို တရုတ်၏ဖွံ့ဖြိုးမှု ဟာ အမှန်ကန်ဆုံးဘဲ။ ဒါကြောင့် ထရန့်နဲ့ရှီခေါင်းဆောင်နှစ်ဦးရဲ့ သဘောတူညီချက်ကို တရုတ်ကမဖြစ်မနေ ပြီးမြောက်အောင် အကောင်အထည်ဖော်ခြင်း ဖြင့် ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။ 

 

G-Times

သီဟ

Rate this item
(0 votes)
back to top