HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ဗန်းမော်-နဘား ဓာတ်အားလိုင်း ဆောင်ရွက်ရာတွင် နစ်နာခဲ့ရသည့် တောင်သူများအတွက် နစ်နာကြေးငွေကျပ် ၇၇၁ သိန်းကျော် ပေးအပ်  

ဗန်းမော်-နဘား ဓာတ်အားလိုင်း ဆောင်ရွက်ရာတွင် နစ်နာခဲ့ရသည့် တောင်သူများအတွက် နစ်နာကြေးငွေကျပ် ၇၇၁ သိန်းကျော် ပေးအပ်   

ဗန်းမော်၊ ဒီဇင်ဘာ ၁၁ 

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ၂၃ဝ ကေဗွီ ဗန်းမော်-နဘား ဓာတ်အား လိုင်းဆောင်ရွက်ရာ၌ နစ်နာတောင်သူများအတွက် နစ်နာကြေးငွေ ၇၇၁ သိန်းကျော်ကို ဒီဇင်ဘာ ၁၁ ရက် နံနက် ၁ဝ နာရီကဗန်းမော်မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေး အပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော် သင်းက အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့် လှိုင်၊ စီမံကိန်းမန်နေဂျာ ဦးကျော် ဇေယျတို့က နစ်နာကြေးငွေပေး အပ်ခြင်းနှင့် ပတ်သက်ပြီး ရှင်း လင်းပြောကြားသည်။ လျှပ်စစ်ဓာတ်အားပို့လွှတ် ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဓာတ်အားပေးပို့လွှတ်ရေးစီမံကိန်း (မြောက်ပိုင်း)၊ စီမံကိန်းမန်နေဂျာ (၁) ရုံး၊ ရွှေစာရံမှ တာဝန်ယူကြီးကြပ်၍ ၂၃ဝ ကေဗွီဗန်းမော်- နဘားမဟာ ဓာတ်အားလိုင်းကို တည်ဆောက်လျက်ရှိရာ ဗန်းမော်မြို့နယ်အတွင်း ၌ ဓာတ်အားလိုင်းနှင့် မလွတ်ကင်း သော ရာသီပင်နှင့် နှစ်ရှည်ပင်များအား မလွှဲမရှောင်သာ ခုတ်ထွင် ရှင်းလင်းခဲ့ရသည့် သစ်ပင်များ၊ စိုက်ခင်းများအတွက် သက်ဆိုင်ရာကွင်း ဆင်းစစ်ဆေးရေးအဖွဲ့များဖြင့် ခြံ ပိုင်ရှင်၊ တောင်သူများစာရင်းကောက်ယူခဲ့ပြီး သီးနှံလျော်ကြေး ကောက် ယူမှုပုံစံ (၁၂) ဖြင့် စာရင်းပြုစုတွက် ချက်ကာ နစ်နာကြေးပေးအပ်ခြင်း ဖြစ်သည်။


အဆိုပါဓာတ်အားလိုင်းတည် ဆောက်ခြင်းနှင့် ချဉ်းကပ်လမ်း ဖောက်လုပ်ခဲ့စဉ် ဗန်းမော်မြို့နယ်အတွင်းရှိ စင်းခန်းကျေးရွာအုပ်စု၌ တောင်သူ ၁၉ ဦး၊ ကံကြီး-ကမ္ဘားနီကျေးရွာအုပ်စု၌ တောင်သူ ၁၉ ဦး၊ ကောင်းတုံကျေးရွာအုပ်စု၌ တောင်သူ ၁၂ ဦး၊ စာဝတီးကျေး ရွာအုပ်စု၌ တောင်သူ ၁၄ ဦး၊ စု စုပေါင်း တောင်သူ ၆၄ ဦး၏ သီး နှံလျော်ကြေးများကို ဥပဒေအရ သုံးဆနှုန်းဖြင့် ငွေကျပ် ၇၇၁၅၈၅၈၉ ကို တာဝန်ရှိသူများက ပေးအပ်ခဲ့ ကြောင်း သိရသည်။ 

MTH

#democracytoday

Rate this item
(0 votes)
back to top