HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

လျှော်ဖြူ အစေးဝယ် ပွဲစားများ လျှော်ဖြူ စိုက်ပျိုးမှုများသည့် ပခုက္ကူနှင့် ညောင်ဦးမြို့သို့ လာရောက် ဝယ်ယူရန် ကမ်းလှမ်း

လျှော်ဖြူ အစေးဝယ် ပွဲစားများ လျှော်ဖြူ စိုက်ပျိုးမှုများသည့် ပခုက္ကူနှင့် ညောင်ဦးမြို့သို့ လာရောက် ဝယ်ယူရန် ကမ်းလှမ်း

ပခုက္ကူ၊ ဒီဇင်ဘာ ၁၁

လျှော် ဖြူစိုက်ပျိုးမှုများပြားသော မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နှင့် မန္တ လေးတိုင်းဒေသကြီး ညောင်ဦးမြို့ရှိ လျှော်ဖြူ(ဆေးကုလားမ)စိုက်ခြံ များသို့ ယခုရက်ပိုင်းတွင် ဝယ်လက်ပွဲစားများလာရောက်၍ ဝယ်ယူရန် ကမ်းလှမ်းမှုများရှိနေကြောင်း သိရသည်။ ညောင်ဦးမြို့တွင် လျှော်ဖြူ စိုက်သူများပြားလာသော်လည်း လျှော်ဖြူအစေးထွက်သည့်ခြံမှာ လေးခြံခန့်သာရှိသေးပြီး ပခုက္ကူဘက်တွင် လျှော်ဖြူစိုက်သူများ ပြားသည့်အတွက် လျှော်ဖြူရောင်း ဝယ်သည့် ကုန်သည်အချို့က ပခုက္ကူဘက်တွင် အဝယ်ဒိုင်များ ဖွင့်လှစ်ရန်စီစဉ်နေသည်။

''ဒီနှစ်မှာဆိုရင် လျှော်ဖြူအ ချိန်တော်တော်များများထွက်ပါပြီ၊ လာမယ့်နှစ်မှာ ပခုက္ကူမြို့ပေါ်မှာ အဝယ်ဒိုင်ဖွင့်မှာပါ။ အခုလက်ရှိ ဝယ်ဈေးနှုန်းတော့ ရေခဲသားလျှော် ဖြူတစ်ပိဿာကို ကျပ် ၂၅ဝဝဝ ဝယ်တယ်။ လျှော်ဖြူကြာဆံ အပြတ်ဆိုရင် တစ်ပိဿာ ကျပ် ၁၂ဝဝဝဝ ဝယ်ယူနေတယ်'' ဟု ပခုက္ကူမြို့မှ လျှော်ဖြူစေးဝယ် ပွဲစားတစ်ဦးက ပြောကြားသည်။ ညောင်ဦးမြို့မှ လျှော်ဖြူစိုက် ခြံအချို့မှာ အစေးသိပ်မထွက်သေး သော်လည်း ယခုနှစ်တွင် စိုက်သူ များလာပြီး လျှော်ဖြူသည် သုံးနှစ် ခန့်ကြာသည့်အခါ အစေးထုတ်၍ ဈေးကွက်သို့ ရောင်းချကြောင်း သိရသည်။

KH

#democracytoday

Rate this item
(0 votes)
back to top