HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးလုပ်ငန်းများ ဆွေးနွေးခဲ့  

မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးလုပ်ငန်းများ ဆွေးနွေးခဲ့   

ရန်ကုန်

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံသမ္မတတို့ တွေ့ဆုံချိန်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးလုပ်ငန်းများအတွက် ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရသည်။ အိန္ဒိယသမ္မတနိုင်ငံ သမ္မတရှရီရမ်နက်သ် ကိုဗင့်ဒ်သည် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်း က မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးအဖြစ် ရောက်ရှိနေခြင်းဖြစ်သည်။ ထိုသို့ ရောက်ရှိချိန်၌ မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့် နှင့်တွေ့ဆုံစဉ် အထက်ပါကိစ္စရပ်များကို ဆွေး နွေးခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံစဉ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်ပို့နိုင်ရေးအတွက် သီးသန့်ကိုတာ(Quota)ခွင့်ပြုရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ အကူအညီပေးရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နေရောင် ခြည်စွမ်းအင်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင် ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ပူး ပေါင်းဆောင်ရွက်ရေး စသည်တို့ကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။


ထို့အပြင် နယ်စပ်ဒေသပြည်သူများ၏ ဘဝလုံခြုံအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာတွင် အိမ်နီး ချင်းကောင်းစိတ်ဓာတ်ဖြင့် အပြန်အလှန် ရိုင်း ပင်းကူညီရေး၊ ကုလားတန်မြစ် ဘက်စုံစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးတို့ အတွက် အိန္ဒိယသမ္မတနိုင်ငံဘက်မှ ကူညီ ထောက်ပံ့ပေးနေမှုနှင့် ငလျင်ဒဏ်ကြောင့် ပျက် စီးမှုဖြစ်ပေါ်ခဲ့သည့် ပုဂံဘုရားများ ပြုပြင်မွမ်း မံရေးတို့တွင် အကူအညီပေးနေသည့်ကိစ္စ နှစ်နိုင်ငံပြည်သူများ ပိုမိုရင်းနှီးချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးတက်စေရေး၊ အိန္ဒိယ နိုင်ငံသား ခရီးသွားအတွက် မြန်မာနိုင်ငံဘက် မှ ဆိုက်ရောက်ဗီဇာထုတ်ပေးခဲ့ခြင်းကိစ္စတို့ ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရအကြား သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအစီ အစဉ်များ၊ မြန်မာတရားသူကြီးများနှင့် တရား ရေးအရာရှိများအတွက် သင်တန်းပေးခြင်း နှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ နား လည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းများ ကို သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူ များက ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သွားသူများ ပြန်လည်နေရာချထားရေးအတွက် အိန္ဒိယနိုင်ငံဘက်မှ ထောက်ပံ့ပေးလျက်ရှိ သည့် Prefabricated Houses အလုံး ၂၅ဝ အနက် တည်ဆောက်ပြီးဖြစ်သည့် အိမ်အလုံး ၅ဝ ကို PB Board  ဖြင့် အိန္ဒိယသမ္မတနိုင်ငံ ကိုယ်စား သံအမတ်ကြီးကရှရီဗစ်ခရမ်မစ်ဆရီ က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားပေးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံသို့ လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယသမ္မတ နိုင်ငံ သမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်တို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာများကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတဦးဝင်း မြင့်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဦးကျော်တင့်ဆွေ၊ ဒေါက် တာ သန်းမြင့်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဦးသောင်းထွန်း၊ ဦးဟန်ဇော်၊ ဦးကျော်တင် စသည့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။


အိန္ဒိယနိုင်ငံသမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်နှင့် တွေ့ဆုံပြီးချိန်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ပူး ပေါင်းဆောင်ရွက်ရေးအပြင် ပညာရေး၊ ကျန်း မာရေး၊ စိုက်ပျိုးရေးနှင့် စီးပွားရေးဆိုင်ရာကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းဗညား

#theyangontimes

Rate this item
(0 votes)
back to top