HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ ကုန်သွယ်ရေး ပဋိပက္ခ ပြေငြိမ်းပြီးနောက် အာရှဈေးကွက်ထောင်တက်

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ ကုန်သွယ်ရေး ပဋိပက္ခ ပြေငြိမ်းပြီးနောက် အာရှဈေးကွက်ထောင်တက်

ဝါရှင်တန်

တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့မှ သမ္မတနှစ်ဦးတို့က ကုန်သွယ်ရေးစစ်ပွဲ ယာယီ ပြေငြိမ်းမှုရယူခဲ့ပြီးနောက် အာရှဈေးကွက် ပြန်လည်ထောင်တက်လာခဲ့သည်။ ဂျီ-၂ဝ ထိပ်သီး ဆွေးနွေးပွဲတွင် ဒေါ်နယ်ထရန့်နှင့် ရှီကျင့်ပင်တို့က ကုန်သွယ်ရေးအခွန်စည်းကြပ်မှုကို ရက် ပေါင်း ၉ဝ ထပ်မံစည်းကြပ်ခြင်းကို ရပ်တန့်ရန် သဘောတူညီခဲ့ကြသည်။ ကမ္ဘာ့အကြီးမားဆုံးစီးပွားရေးနိုင်ငံကြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန် မြင့်တက်နေစဉ်အတွင်း အဆိုပါနိုင်ငံကြီးနှစ် နိုင်ငံက ဈေးကွက်ချိန်ဆမှုပြုခဲ့ကြခြင်းဖြစ်သည်။

တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့က တစ်နိုင်ငံနှင့်တစ်နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုပြုခဲ့ကြခြင်းက ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးနှင့် ကမ္ဘာ့စီးပွားရေးကို ဘေးအန္တရာယ်ပြုလာမည့်အရိပ်အယောင်များ ပြသလျက်ရှိသည်။ လက်ရှိအနေအထားအရ ကုန်သွယ်ရေးစစ်ပွဲက ဘေးဒုက္ခရလဒ်ကိုသာ ပိုမိုဖြစ်ပေါ်စေသည်။ လက်ရှိသဘောတူညီမှုက သက်သာရာရရေးကို ဦးတည်စေမည်ဖြစ်ကြောင်း ထိပ်တန်းစီးပွားရေးပညာရှင် တစ်ဦးက ပြောကြားခဲ့သည်။ 

Ref: BBC

#theyangontimes

Rate this item
(0 votes)
back to top