HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

တိုင်းဒေသကြီး အစိုးရအနေဖြင့် နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဈေးကွက်ကို ထူထောင်ပေးနိုင်ရန် ရည်ရွယ်ထားဟု ဝန်ကြီးချုပ် ဆို

တိုင်းဒေသကြီး အစိုးရအနေဖြင့် နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဈေးကွက်ကို ထူထောင်ပေးနိုင်ရန် ရည်ရွယ်ထားဟု ဝန်ကြီးချုပ် ဆို

ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနှင့် ယခုနှစ်တွင် နိုင်ငံတကာ၌ မြန်မာနိုင်ငံ၏ စီးပွားရေးဈေးကွက်ကို ထူထောင်ပေးရန် ရည်ရွယ်၍ ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကဆိုသည်။ ဝန်ကြီးချုပ်အနေဖြင့် ဇန်နဝါရီ ၉ ရက် နံနက်တွင် ကျင်းပသည့် ဒုတိယအကြိမ်၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည်ပြပွဲတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ''ယခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံတကာကဧည့်သည်တွေ ဝင်ထွက် သွားလာနိုင်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဈေးကွက်ကို ထူထောင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ကဏ္ဍနယ်ပယ်အသီးသီးမှာ ပြပွဲတွေကို များစွာလုပ်ဆောင်ဖို့ ပြင်ဆင်ထားပါတယ်။ နိုင်ငံတကာက စီးပွား ရေးလုပ်ငန်းရှင်တွေ မြန်မာပြည်ဈေးကွက်ကို လာမယ်ဆိုရင် လွယ်ကူချောမွေ့နိုင်စေဖို့ One  Stop Service နဲ့ ကူညီပေးနိုင်ဖို့အတွက် ပြည် ထောင်စုဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင် ရွက်သွားဖို့ ပြင်ဆင်ထားပြီးဖြစ်ပါတယ်''ဟု ဝန်ကြီးချုပ်က ဆိုသည်။

ထို့အပြင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း(ရန်ကုန်)၏ ကြိုးပမ်းဆောင်ရွက်ထားမှုကိုလည်း အသိအမှတ်ပြုကြောင်း ပြောသည်။ ''ဒီဆောင်ရွက်မှုတွေဟာ နိုင်ငံအတွက် အလွန်အင်မတန်ကို အကျိုးဖြစ်ထွန်းပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုပြပွဲတွေကို တိုးမြှင့်ပြီး ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံတကာအလယ်မှာ ရင်ပေါင်တန်း ရပ်တည်နိုင်မယ်။ နိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်''ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကဆိုသည်။ ပထမအကြိမ် ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည်ပြပွဲတွင် အမေရိကန်ဒေါ်လာ နှစ်သိန်းကိုးသောင်းကျော်နှင့် မြန်မာငွေကျပ်သိန်းတစ်သောင်းသုံးထောင် ကျော်တို့ဖြင့် ရောင်းချနိုင်ခဲ့ပြီး နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာများ ပေးသွင်းခဲ့ကြောင်း သိရသည်။


ထို့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာပြပွဲနေ့ကို International  Jewel Calendar တွင် ထည့်သွင်းဖော်ပြခြင်း ခံခဲ့ရပြီး လက်ရှိပြသလျက်ရှိသည့်ပြပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၃ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့် ဆွေ၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ ရန်ကုန်တိုင်း ဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်၊ ကျောက်မျက် ရတနာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

အာကာထက်

#theyangontimes

Rate this item
(0 votes)
back to top