HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲတွင် ကျောက်မျက် အလွတ်ရောင်းချခွင့်နှင့် လေလံတင်ရောင်းချခွင့် ပထမဆုံးအကြိမ် ရရှိ

ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲတွင် ကျောက်မျက် အလွတ်ရောင်းချခွင့်နှင့် လေလံတင်ရောင်းချခွင့် ပထမဆုံးအကြိမ် ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၉

ဒုတိယ အကြိမ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည်ပြပွဲတွင် ကျောက်မျက်အလွတ်ရောင်းချခွင့်နှင့် လေလံတင်ရောင်းချခွင့် ပထမဆုံးအကြိမ်ရရှိခဲ့ကြောင်း ကျောက်မျက်လုပ်ငန်းရှင်များထံ မှ သိရသည်။ ''ကျောက်မျက်အလွတ်ရောင်း ချခွင့်ဆိုတာ ကျောက်မျက်အရိုင်း တုံးတွေကို ရောင်းချခွင့်ရတာပါ။အရင်က ရောင်းချခွင့်မရှိပါဘူး။ အခုပြပွဲမှာ ကျောက်မျက်တုံးတွေ ဝယ်သွားတဲ့ နိုင်ငံခြားသားဆိုရင် သက်ဆိုင်ရာက တစ်ခါတည်းချိတ် ပိတ်ပေးလိုက်ပြီး သူ့နိုင်ငံကိုတစ် ခါတည်းသယ်ဆောင်သွာနိုင်မှာ ပါ''ဟု ရန်ကုန်တိုင်းကျောက်မျက် လုပ်ငန်းရှင်များအသင်း တွဲဖက် ဘဏ္ဍာရေးမှူး ဒေါ်ညွှန့်ညွှန့်ခိုင် ကပြောသည်။

ယခုကဲ့သို့ ကျောက်မျက် အလွတ်ရောင်းချခွင့်နှင့် အချော ထည်လေလံတင်ရောင်းချခွင့်ကို ရရှိခဲ့ခြင်းကြောင့် တရားမဝင် လမ်းကြောင်းမှတစ်ဆင့် မြန်မာ့ ကျောက်မျက်များ ပြည်ပသို့ထွက် ကာ နိုင်ငံတော်အခွန်ဘဏ္ဍာဆုံး ရှုံးနေမှု လျော့နည်းသွားနိုင်ကြောင်း၊ ယခုကဲ့သို့ ရောင်းချခွင့်ရသဖြင့် နိုင်ငံတကာမှ မြန်မာ့ကျောက်မျက် ရတနာလောကကို စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာနိုင်ကြောင်း မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်း ရှင်များအသင်း ဒုဥက္ကဌဦးဇော်ဘို ခန့်ကပြောသည်။


ပထမအကြိမ် ကျောက်မျက် ရတနာနှင့် လက်ဝတ်ရတနာအ ချောထည်ပြပွဲတွင် အမေရိကန် ဒေါ်လာ နှစ်သိန်း ကိုးသောင်းကျော် နှင့် မြန်မာငွေ ကျပ်သိန်းတစ် သောင်းသုံးထောင်ကျော်တို့ဖြင့် ရောင်းချနိုင်ခဲ့ပြီး နိုင်ငံတော်အ တွက် အခွန်ဘဏ္ဍာများပေးသွင်း ခဲ့ကြောင်း၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာ ကျောက်မျက်ရတနာပြ ပွဲနေ့ကို International Jewel Calendar  တွင် ထည့်သွင်းဖော် ပြခြင်းခံခဲ့ရကြောင်း၊ ယခုပြပွဲကို ဇန်နဝါရီ ၉ ရက်မှ ဇန်နဝါရီ ၁၃ ရက်အထိ ရန်ကုန်မြို့၊ Lotte Hotel ၌ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ''ဒီနေ့ဟာ ရန်ကုန်မြို့မှာ ဒုတိယအကြိမ်ကျင်းပတဲ့ အပြည် ပြည်ဆိုင်ရာ ကျောက်မျက်ရတနာ ပြပွဲနေ့ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး ဆောင်ရွက်နိုင် ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း (ရန်ကုန်)ရဲ့ ကြိုးပမ်း ဆောင်ရွက်ထားမှုအပေါ်မှာ အသိ အမှတ်ပြုပါတယ်။ ဒီဆောင်ရွက် မှုတွေဟာ နိုင်ငံအတွက် အလွန် အင်မတန်ကို အကျိုးဖြစ်ထွန်း ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုပြပွဲတွေကို တိုးမြှင့်ပြီးဆောင် ရွက်နိုင်မယ်ဆိုရင် နိုင်ငံတကာ အလယ်မှာ ရင်ပေါင်တန်းရပ် တည်နိုင်မယ်။ နိုင်ငံရဲ့ စီးပွားရေး ကဏ္ဍကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မှာဖြစ်ပါ တယ်'' ဟု ပြောကြားသည်။


ယခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း နိုင်ငံတကာမှ ဧည့်သည်များ ဝင်ထွက်သွားလာ နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ဈေး ကွက်ကို ထူထောင်ပေးနိုင်ရန် ရည်ရွယ်၍ ကဏ္ဍနယ်ပယ်အသီး သီးတွင် ပြပွဲများကိုများစွာလုပ် ဆောင်ရန်ပြင်ဆင်ထားကြောင်း၊ နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာပြည်ဈေးကွက်ကို လာမည်ဆိုပါက လွယ်ကူချော မွေ့နိုင်စေရန်၊ One Stop Service  ဖြင့် ကူညီပေးနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောကြားသည်။

NT

#democracytoday

Rate this item
(0 votes)
back to top