HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ပထမအကြိမ် မန္တလေးရတနာမောလ် အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲတွင် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည် တစ်သောင်းကျော် ဖိတ်ခေါ်ထား

ပထမအကြိမ် မန္တလေးရတနာမောလ် အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲတွင်  ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည် တစ်သောင်းကျော် ဖိတ်ခေါ်ထား

မန္တလေး၊ ဇန်နဝါရီ ၁ဝ

မန္တလေး ချမ်းအေးသာစံမြို့နယ် အဆင့်မြင့် ရတနာပုံဈေး၊ ဒုတိယအလွှာရှိ Mandalay Yatanar Mall Gems& Jewellery Shopping Mall နိုင်ငံတာကာအဆင့်မီ ကျောက်မျက်ရတနာဈေးအတွင်း ဇန်နဝါရီ ၁၅ရက်မှ ၁၉ရက်ထိ ကျင်းပမည့် မန္တလေးရတနာမောလ် အပြည် ပြည်ဆိုင်ရာကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲ (၂ဝ၁၉)သို့ ပြည်တွင်း၊ ပြည်ပရတနာကုန်သည် တစ်သောင်းကျော်အား ဖိတ်ခေါ်ထားကြောင်းသိရသည်။ အဆိုပါပြပွဲ ကျင်းပမည့်အ ကြောင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၁ဝရက် နံနက် ၁ဝနာရီက ရတနာမောလ်ရုံးခန်းတွင် ကျင်းပခဲ့သည်။

''စီးပွားကူးသန်းဝန်ကြီးဌာနကတစ်ဆင့် နိုင်ငံခြားသံရုံးတွေ မန္တလေးမြို့ရှိသံရုံးတွေကို ဖိတ်ကြားထားပါတယ်။ MRCCI ကတစ်ဆင့် ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်ကြီးတွေ ရတနာကုန်သည်တွေကိုလည်း ဖိတ်ကြားထားပါတယ်။ ပြည်တွင်း၊ ပြည်ပရတနာကုန်သည် တစ်သောင်းကျော် ဖိတ်ခေါ်ထား ပါတယ်''ဟု မန္တလေးရတနာမောလ် ကျောက်မျက်ရတနာလုပ်ငန်းရှင် များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူးဦးသိန်းဝင်းက ပြောသည်။


ကျောက်မျက်ရတနာများကို ပြည်တွင်း၌ တစုတဝေးတည်း ပြသရောင်းချနိုင်စေရန်နှင့် နိုင်ငံ တကာဈေးကွက်တစ်ခုကို ဖော် ဆောင်ရန် ကျောက်မျက်၊ ကျောက်စိမ်းဈေး ကွက်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နည်းပညာအဆင့်မြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ ပုလဲနှင့် လက်ဝတ်ရတနာအချော ထည်များ ပြသသွားမည်ဖြစ်ကာ ရတနာဆိုင်ခန်းပေါင်း (၄ဝဝ)ကျော် ပြသရောင်းချမည်ဖြစ် ကြောင်း၊ ရန်ကုန်မြို့ရှိနိုင်ငံခြား သံရုံး ၃၅ရုံး၊ မန္တလေးမြို့ရှိ သံရုံးနှစ်ရုံး၊ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ၊ ရတနာကုန်သည်များနှင့် Visa ရရှိသောနိုင်ငံများစသည့် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ၊ ရတနာကုန်သည် တစ်သောင်းကျော်ကို ဖိတ်ခေါ်ထားကြောင်းသိရသည်။ ယင်းပြပွဲတွင် လက်ဝတ်ရတ နာများကို အထူးနှုန်းထားများဖြင့် ရောင်းချပေးမည့်အပြင် ပထမအကြိမ် ကျောက်စိမ်း၊ ကျောက်မျက် နှင့် လက်ဝတ်ရတနာဒီဇိုင်းပြပွဲကို ထည့်သွင်းကျင်းပမည်ဖြစ်သည်။

AXE

#democracytoday

Rate this item
(0 votes)
back to top