HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ပျောက်ဆုံး ကျပ် ၅ဝဝ တန် အောင်ဘာလေထီစောင်ရေ ၁၄ဝဝဝ ကျော်မှ ထီဆုများ ထွက်ရှိပါက အစားထိုးပြန်လည် ဖွင့်လှစ်ပေးမည်၊ ယင်းထီတို့မှ ဆုမဲထွက်ရှိပါက ပေးလျော်မည် မဟုတ်ဟု အောင်ဘာလေ သတိပေး

ပျောက်ဆုံး ကျပ် ၅ဝဝ တန် အောင်ဘာလေထီစောင်ရေ ၁၄ဝဝဝ ကျော်မှ ထီဆုများ ထွက်ရှိပါက အစားထိုးပြန်လည် ဖွင့်လှစ်ပေးမည်၊ ယင်းထီတို့မှ ဆုမဲထွက်ရှိပါက ပေးလျော်မည် မဟုတ်ဟု အောင်ဘာလေ သတိပေး

ရန်ကုန်၊ ဇန်နဝါရီ ၁ဝ

ပျောက်ဆုံးခဲ့သည့် ကျပ် ၅ဝဝ တန် အောင်ဘာလေထီစာအုပ် ၁၂၈၅ အုပ် (စောင်ရေ ၁၄ဝဝဝ) ကျော်မှ ထီဆုများထွက်ရှိပါက အစားထိုးပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး သတိ ပြုဝယ်ယူကြရန်နှင့် ဆုမဲထွက်ရှိပါက ပေးလျော်မည်မဟုတ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှသိရသည်။ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူ မြို့သို့ စာတိုက်ချောဖြင့်ပို့ဆောင်ခဲ့ရာတွင် လမ်းခရီး၌ ပျောက်ဆုံးခဲ့ ကြောင်း သိရသည်။

အောင်ဘာလေသိန်းဆုဌာနခွဲသည် ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပမည့် (၂၃)ကြိမ်မြောက် ကျပ် ၅ဝဝ တန်အောင် ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီအက္ခရာအလုံးရေ ၅၂ လုံးအား မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဖြန့်ချိ ရောင်းချခဲ့ရာ အောင်ဘာလေသိန်းဆုဌာနခွဲ (မန္တလေးရုံး)မှ မကွေးတိုင်းဒေသကြီးသို့ ဖြန့်ချိ သော ထီစာအုပ်များအနက် ထီစာအုပ်ပေါင်း ၁၂၈၅ အုပ်၊ ထီလက်မှတ်စောင်ရေပေါင်း ၁၄၁၃၅ စောင်မှာ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့သို့ စာတိုက်ချောဖြင့် ပို့ ဆောင်ခဲ့ရာ လမ်းခရီးတွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းထီစာအုပ်များသည် မရောင်းချရသေးသည့် ထီစာအုပ်များဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမင်းထွဋ်က ''ပျောက်ဆုံးတဲ့ထီလက်မှတ်တွေကို အများပြည်သူကို ကြော် ငြာပေးထားပြီးဖြစ်ပါတယ်။ ဒီထီ လက်မှတ်တွေနဲ့ ဆုပေါက်မဲတွေ ထွက်ပေါ်လာရင် အစားထိုးပြန်လည်ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အများပြည်သူသ တိပြုပြီး ဝယ်ယူပါ။ ကြော်ငြာထား တဲ့အတိုင်း ဆုမဲတွေထွက်လာရင် လျော်ပေးမှာမဟုတ်ပါဘူး။ အစားထိုးပြန်ဖွင့်လှစ်ပေးသွားမှာပါ''ဟု ဇန်နဝါရီ ၁ဝ ရက်က ပြောသည်။ အဆိုပါ (၂၃) ကြိမ်မြောက် ကျပ် ၅ဝဝ တန်အောင်ဘာလေသိန်း ဆုဖွင့်ပွဲတွင် ပျောက်ဆုံးခဲ့သည့် ထီလက်မှတ်နံပါတ်များမှဆုမဲများ ထွက်ပေါ်လာပါက အထူးဆုကြီး စနစ်နှင့် ဆုတစ်ဆုချင်းစနစ်ဖြစ် လျှင် ရောင်းချရသည့်ထီလက်မှတ် ဂဏန်း ထွက်ပေါ်လာသည်အထိ ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ် ပြီး ဝေဝေဆာဆာပဒေသာဆုမဲ စနစ်တွင်ဖြစ်လျှင် ဆုမဲတန်ဖိုးစုစု ပေါင်းအတွက် ဖွင့်လှစ်ပေးမည့်ဆု မဲကြေညာ၍ အစားထိုးပြန်လည် ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။


ထီအရောင်းကိုယ်စားလှယ်ဦးလှမြင့်က ''ဒီနေ့နံနက်သတင်းစာထဲမှာ ဖတ်လိုက်ရပါတယ်။ ထီအသိုင်းအဝိုင်းလည်းသိကြတယ်။ ဒီထီလက်မှတ်တွေမရောင်းမိဖို့ ထီထိုးသူတွေမဝယ်မိဖို့ ဦးဆိုင်မှာကြေညာထားမယ်'' ဟုပြောသည်။ (၂၃)ကြိမ်မြောက်ကျပ် ၅ဝဝ တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲ အတွက်'က'အက္ခရာမှ 'အ'အက္ခရာအထိ အက္ခရာအလုံးရေ(၃၃)လုံး 'ကက' အက္ခရာမှ'ကဓ'အက္ခရာအထိ အက္ခရာအလုံးရေ ၁၉ လုံး စုစုပေါင်းအက္ခရာအလုံးရေ ၅၂ လုံး ခွဲဝေရောင်းချခဲ့ထားကြောင်း သိရသည်။

TEEP

#democracytoday

Rate this item
(0 votes)
back to top