HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

လုပ်သား ၃ဝဝ ကျော် ဆန္ဒပြနေသည့် အုတ်ကျင်းဂုန်နီအိတ် စက်ရုံ ပြဿနာညှိနှိုင်းရေးအပိုင်း လယ်ဆည်ဝန်ကြီးဌာန၏ အကြောင်းပြန်ကြားချိန် အပေါ်တွင်သာ မူတည်ဟု ကုမ္ပဏီ ဆို  

လုပ်သား ၃ဝဝ ကျော် ဆန္ဒပြနေသည့် အုတ်ကျင်းဂုန်နီအိတ် စက်ရုံ ပြဿနာညှိနှိုင်းရေးအပိုင်း လယ်ဆည်ဝန်ကြီးဌာန၏ အကြောင်းပြန်ကြားချိန် အပေါ်တွင်သာ မူတည်ဟု ကုမ္ပဏီ ဆို   

ရန်ကုန်၊ ဇန်နဝါရီ ၁ဝ

အလုပ် ခွင်တည်မြဲရေးအတွက် ပိတ်သိမ်းစက်ရုံရှေ့တွင် ဆန္ဒပြတောင်းဆို နေသည့် အုတ်ကျင်းဂုန်နီအိတ် စက်ရုံလုပ်သား ၃ဝဝကျော် ပြဿနာနှင့်ပတ်သက်၍ ညှိနှိုင်းရေးအပိုင်းသည် လယ်ဆည်ဝန်ကြီးဌာန၏ အကြောင်းပြန်ကြားချိန်အပေါ်တွင်သာမူတည်ဟု ကျော်ထက်ကျော်ကုမ္ပဏီမှ တာဝန်ရှိသူက ပြောဆိုလိုက်သည်။ ထို့အပြင် ယင်းစက်ရုံများကို စတင်လွှဲပြောင်းချိန်မှစ၍တစ်နှစ်ကို ကျပ်သိန်း ၆ဝဝဝ မှ ၇ဝဝဝ အထိ ပျမ်းမျှအရှုံးပေါ်နေရသဖြင့် စက်ရုံပိတ်သိမ်းရခြင်းဖြစ်ဟု ဇန်နဝါရီ ၁ဝ ရက်က ဗဟန်းမြို့နယ်ရှိတော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည့် လှိုင်မြို့နယ်ကျော်ထက်ကျော် အုတ်ကျင်းဂုန်နီအိတ် စက်ရုံပိတ်သိမ်းခြင်းနှင့် စက်ရုံ ရှေ့တွင် ဆန္ဒပြတောင်းဆိုနေသည့် စက်ရုံလုပ်သားများနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကုမ္ပဏီဘက်မှ တာဝန်ရှိသူတို့က ထိုသို့ရှင်းလင်းပြောဆို ခဲ့ခြင်းဖြစ်သည်။

''အလုပ်သမားတွေ တောင်းဆိုတဲ့ သုံးပွင့်ဆိုင်ညှိနှိုင်းမှုက လုပ်ဖို့ရှိပါတယ်။ လယ်ဆည်ကိုလည်း တင်ပြထားပါတယ်။ သို့ပေမဲ့ ဘယ် တော့ဖြစ်မယ်ဆိုတဲ့ အချိန်တော့ ပြောလို့မရသေးဘူး။ လယ်ဆည်ဘက်က အကြောင်းပြန်ကြားတဲ့ အချိန်ပေါ့။ ပြီးတော့အလုပ်သ မားတွေကတော့ ဒီစက်ရုံကြီးမှာလုပ်တာလည်း ကြာလာပြီဆိုတော့ သံယောဇဉ်ရှိလို့ အခုလိုလုပ်တာ ဖြစ်မှာပါ''ဟု ကျော်ထက်ကျော် ဂုန်နီအိတ်စက်ရုံ၏ စက်ရုံမှူး ဦးမျိုးတင့်က ပြောသည်။ ၎င်းတို့အနေဖြင့်လည်း စက်ရုံပိတ်သိမ်းသော်လည်း စက်ရုံအတွင်းရှိနေထိုင်သည့် အလုပ်သမား မိသားစုများကိုချက်ချင်းဖယ်ရှား သွားမည်မဟုတ်ဘဲ အချိန်တစ်နှစ် သို့မဟုတ် နှစ်နှစ်အချိန်ပေးသွား မည်ဖြစ်ကြောင်း၊ ယင်းပိတ်သိမ်း စက်ရုံနေရာတွင် ဘက်စုံစီးပွား ရေးလုပ်ငန်းဆောင်ရွက်ရန် MIC သို့ခွင့်ပြုချက် တောင်းခံထားကြောင်း MIC ခွင့်ပြုချက်ရရှိပါက လုပ် ငန်းများဆက် လက်လုပ်ကိုင်မည် ဖြစ်ပြီး မည်သည့်စီးပွားရေးလုပ် ငန်းများဖြစ်မည်ကိုမူ မပြောနိုင် သေးကြောင်း ကျော်ထက်ကျော် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်တို့ က ဆိုသည်။


ကျော်ထက်ကျော်ကုမ္ပဏီ၏ငွေကြေးစီမံခန့်ခွဲမှု ဒါရိုက်တာဦးလှသိန်းက ''စတင်လွှဲပြောင်းရ ယူချိန်ကနေ တစ်နှစ်ကို ကျပ်သိန်း ၆ဝဝဝ ကနေ ၇ဝဝဝ အထိ ပျမ်းမျှ ရှုံးနေတယ်။ အဲ့ဒီလောက်ထိအရှုံး ကို ဘယ်လိုတောင့်ခံခဲ့သလဲဆိုတာ ကတော့ မပြောနိုင်ပါဘူး။ ဒါက ကုမ္ပဏီတွင်း ကိစ္စဖြစ်ပါတယ်။ ဘယ်လောက်ရှုံးလဲဆိုတာတော့ ကိုယ်ဘာသာပေါင်းကြည့်ကြပါ''ဟု ကုမ္ပဏီနစ်နာမူအပိုင်းများကိုရှင်းလင်းပြောဆိုသည်။


ကျော်ထက်ကျော် ကုမ္ပဏီအနေဖြင့်လည်း ယခင်လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနကပိုင်ဆိုင်သည့် အုတ်ကျင်းဂုန်နီ စက်ရုံဧကပေါင်း ၁၂၅ဧကကျော်ကို ငှားရမ်းခတစ်နှစ်လျှင် ကျပ်သိန်း ၃၅ဝဝနှင့် အခွန်ခများပေး ဆောင်၍ ၂ဝ၁၂ခုနှစ် ဧပြီလတွင် စတင်လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ပြီး လွှဲပြောင်းရယူချိန်မှစ၍ စက်ရုံပိတ်သိမ်းချိန်အထိ တစ်နှစ်ကျော်သာ လုပ်ငန်းလည်ပတ်လုပ်ကိုင်ခဲ့ရပြီး ကုန်ကြမ်းရှားပါးခြင်း၊ ဈေးကွက်မရှိခြင်းတို့ကြောင့် ၂ဝ၁၅ ခုနှစ်ခန့်လောက်ကတည်းက လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းခဲ့ရ ကြောင်း၊ ယင်းနောက် ယင်းမြေနေရာရှိ ဂိုဒေါင်အဆောက်အအုံများကို ငှားရမ်းပြီး အလုပ်သမားများကို လုပ်ခလစာ ပေးချေနေခြင်းဖြစ် ကြောင်း ယင်းဂိုဒေါင်ငှားရမ်းမှု ရ ငွေနှင့်ပတ်သက်၍ မည်မျှရသည်ကိုမူ မပြောဆိုနိုင်ကြောင်း၊ လက်ရှိ စက်ရုံပိတ်သိမ်းမူသည်လည်း ဥပဒေနှင့်အညီသာဖြစ်ကြောင်း သတင်းစာရှင်းလင်းသည့် ဒါရိုက်တာအဖွဲ့ဝင်တို့ကဆိုထားသည်။

ZCH

#democracytoday

Rate this item
(0 votes)
back to top