HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ယာယီ ရပ်ဆိုင်းထားသည့် မူဆယ် ၁၀၅ မိုင် သစ်သီး အရောင်းကွင်းပြန်ဖွင့်၊ တစ်ရက်အတွင်း သစ်သီးကားစီးရေ ၁၁၀ဝ ကျော် အရောင်းအဝယ်ပြုလုပ်နိုင်ခဲ့ ဟုဆို

ယာယီ ရပ်ဆိုင်းထားသည့် မူဆယ် ၁၀၅ မိုင် သစ်သီး အရောင်းကွင်းပြန်ဖွင့်၊ တစ်ရက်အတွင်း သစ်သီးကားစီးရေ ၁၁၀ဝ ကျော် အရောင်းအဝယ်ပြုလုပ်နိုင်ခဲ့ ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၁

မူဆယ် ၁၀၅ မိုင်မှ ယာယီရပ်ဆိုင်းထားသည့် အရှေ့မြောက်တံခါးအများ နှင့်သက်ဆိုင်သော ကုမ္ပဏီလီမိ တက်သစ်သီးအရောင်းကွင်း ပြန် လည်ဖွင့်လှစ်ခဲ့ပြီး တစ်ရက်အ တွင်း သစ်သီးကားအစီးရေ ၁၁၀ဝ ကျော် အရောင်းအဝယ်ပြုလုပ်ခဲ့ ကြောင်းသိရသည်။ မူဆယ်နယ်စပ်ကုန်သွယ်ရေး အခြေအနေနှင့် ကျင့်စန်းကျော့ ဂိတ်လမ်းပိတ်ဆို့မှု အခြေအနေ ကြောင့် တောင်သူများနစ်နာ ဆုံး ရှုံးမှု ပိုမိုများပြားလာနိုင်သည့်အ ပေါ် အရှေ့မြောက်တံခါးအများ နှင့်သက်ဆိုင်သောကုမ္ပဏီလီမိ တက်သည် ゞင်း၏ သစ်သီးရောင်း ကွင်းကို ဒီဇင်ဘာလ ၂၇ ရက်မှ စတင်၍ အရောင်းအဝယ်ယာယီ ရပ်ဆိုင်းခဲ့ပြီးနောက် ၁၆ ရက်အကြာ ဇန်နဝါရီ ၁၁ ရက်တွင် ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

မူဆယ်မြို့၊ ၁၀၅မိုင်ကုန်သွယ် ရေးဇုန်၊ သစ်သီးဝလံကုန်စည်ဒိုင် (ဥက္ကဋ္ဌ) ဦးစိုင်းမြင့်ဗိုလ်က "ဒီနေ့ မနက်မှာပဲ သုံးရက်စောပြီးရောက် နေတဲ့ကားအစီးရေ တစ်ထောင် ကျော်ရောင်းဝယ်မှုပုံမှန်ပြန်လုပ် နေပါပြီ။ အခုကျွန်တော်တို့ရောင်း ပြီးသားကားတွေကိုကျင့်စန်းကျော့ လမ်းနဲ့ ကြူကုတ်-ပန်ဆိုင်းလမ်း နှစ်လမ်းမျှပြီး တရုတ်နိုင်ငံကို တင်ပို့နေပါတယ်။ ကျင့်စန်းကျော့ လမ်းပိုင်းမှာ တရုတ်ဘက်ကစစ်ဆေး ကြပ်မတ်မှု ပိုမိုလုပ်ဆောင်နေတယ် လို့ ကားသမားတွေဆီကတစ်ဆင့် ကြားနေရတယ်။ အဲဒီလမ်းပိုင်းမှာ တော့ကြန့်ကြာမှုတွေ ရှိနေတုန်းပါ ပဲ"ဟု ဇန်နဝါရီလ ၁၁ ရက်က ဒီ မိုကရေစီတူဒေးသို့ပြောသည်။

အရှေ့မြောက်တံခါးအများ နှင့်သက်ဆိုင်သော ကုမ္ပဏီလီမိ တက်သစ်သီးအရောင်းကွင်း ဇန်န ဝါရီလ ၁၁ ရက်က ဖရဲကားစီး ရေ ၉၀၁ စီး၊ သခွားမွှေးကားစီးရေ ၂၁၉ စီးနှင့် ဇီးသီးကားစီးရေ ခြောက်စီး စုစုပေါင်းသစ်သီးကား အစီးရေ ၁၁၂၆ စီးအရောင်းအ ဝယ်ပြုလုပ်နိုင်ခဲ့ပြီးအရောင်းကွင်း အတွင်း ဖရဲကားစီးရေ ၂၄၃ စီး၊ သခွားမွှေးကားစီးရေ ၃၂ စီးစုစု ပေါင်း သစ်သီးကားအစီးရေ ၂၇၅ စီးရောင်းချရန်ကျန်ရှိသေးကြောင်း သိရသည်။ သစ်သီးများ၏ အရည်အ သွေးပေါ်မူတည်၍ ရောင်းလိုအား နှင့် ဝယ်လိုအားအပေါ်တွင် ဖရဲသီး တစ်တန်လျှင် အများဆုံးယွမ် ၂၀ဝ၀ သာရရှိပြီး သခွားမွှေးတစ် တန်လျှင် အများဆုံးယွမ် ၄၅၀ဝ သာ ရရှိကြောင်းသိရသည်။

မိတ္ထီလာမှ စိုက်ပျိုးတောင်သူ ဦးဇော်မင်းက ""ရောင်းလိုအား၊ ဝယ်လိုအားပေါ်မှာ မူတည်နေ တော့ ၁၀ ရက်ကျော်လောက်ပိတ် ထားတဲ့ ဖရဲ၊ သခွားကားအစီးရေ တွေများတာကတစ်ကြောင်း၊ တရုတ် နိုင်ငံရာသီဥတုကြောင့်တစ်ကြောင်း ဈေးကျမယ်လို့သိရပါတယ်။  အခု ဒီနေ့မနက် ဈေးစတင်ရောင်းဝယ် မှုပြုလုပ်တော့ ဖရဲ၊ သခွားတွေက တစ်တန်ကို တရုတ်ယွမ်ငွေဆို ၁၀ဝ၀ လောက်၊ မြန်မာကျပ်ငွေနဲ့ ဆိုနှစ်သိန်းခွဲလောက်ကျသွားတယ်။ ဒီဇင်ဘာ ၈ရက်က ဖရဲတစ်တန် ကို ၂၇၀ဝယွမ်၊ သခွားတစ်တန်ကို ၅၄၀ဝ ယွမ်ရရှိတာ အခုဒီနေ့မှာ  ဖရဲတစ်တန်ကို ၁၇၀ဝယွမ်၊ သခွား တစ်တန်ကို ယွမ် ၄၄၀ဝ ပဲရရှိတော့ တယ်။ ဒါ့အပြင် ကျင့်စန်းကျော့ လမ်းပြန်ဖွင့်လှစ်လိုက်တဲ့အတွက် သယ်ယူပို့ဆောင်ရေးကားခက ဒီ နေ့ ကျပ်နှစ်သိန်းလောက်ဈေးကျ သွားပါတယ်"ဟုပြောသည်။ 

PS
#Democracytoday

Rate this item
(0 votes)
back to top