HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းပြီးပြီဖြစ်၍ စုပေါင်းပိုင် အဆောက်အအုံ(ကွန်ဒို) တည်ဆောက်ခြင်းလုပ်ငန်း လိုင်စင်ထုတ်ပေးနိုင်ရန် စီစဉ်နေ

ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းပြီးပြီဖြစ်၍  စုပေါင်းပိုင် အဆောက်အအုံ(ကွန်ဒို) တည်ဆောက်ခြင်းလုပ်ငန်း လိုင်စင်ထုတ်ပေးနိုင်ရန် စီစဉ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံစီမံခန့် ခွဲရေးကော်မတီ ဖွဲ့စည်းပြီးပြီဖြစ်၍ စုပေါင်းပိုင်အဆောက်အအုံ (ကွန်ဒို) တည်ဆောက်ခြင်းလုပ်ငန်း လိုင်စင်ထုတ်ပေးနိုင်ရန် စီစဉ်နေ ပြီဖြစ်ကြောင်းသိရသည်။ ၂ဝ၁၆ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ကွန်ဒိုမီနီယံဥပဒေထွက် ပေါ်ခဲ့ပြီး၊ ၂ဝ၁၇ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် နည်းဥပဒေကို ထုတ် ပြန်ခဲ့ကာ နည်းဥပဒေထုတ်ပြန်ပြီး နောက် ကွန်ဒိုမီနီယံဥပဒေကို အ ကောင်အထည် ဖော်နိုင်ရန်အတွက် စီမံခန့်ခွဲရေးကော်မတီရှိရန် လိုအပ်ခြင်းကြောင့် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသ ကြီး၏ကွန်ဒိုမီနီယံနှင့်ပတ်သက်သော စီမံခန့်ခွဲရေးကော်မတီကိုဖွဲ့စည်းပေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

''ကွန်ဒိုဥပဒေမတိုင်ခင်က ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲကွန်ဒိုနဲ့ အကျုံးဝင်တဲ့အဆောက် အအုံတွေအတွက်လည်း လိုင်စင် ပြန်လျှောက်လို့ရမှာဖြစ်ပါတယ်။ကွန်ဒိုဥပဒေအရ နိုင်ငံခြားသားတွေလည်း ဝယ်ယူခွင့်ရရှိတော့မှာဖြစ်လို့ ကျဆင်းနေတဲ့ဈေးတွေလည်း ပြန် လည် ဦးမော့လာမယ်လို့ထင်ပါ တယ်''ဟု မြန်မာနိုင်ငံဆောက်လုပ် ရေးလုပ်ငန်းရှင်များအသင်းချုပ် (MCEA) မှ အထွေထွေအတွင်း ရေးမှူးချုပ် ဦးမျိုးမြင့်က ဇန်နဝါရီ ၁ဝ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။


အဆိုပါကော်မတီအနေဖြင့် ကွန်ဒိုမီနီယံအဆင့်မီ အဆောက် အအုံများဖြစ်မဖြစ်ကိုလည်း လိုက် လံ စစ်ဆေးမည့်အစီအစဉ်များ လည်း ရှိနေကြောင်းသိရသည်။ အဆိုပါ ကော်မတီအနေဖြင့် ယခုအခါ စုပေါင်းပိုင်အဆောက် အအုံ(ကွန်ဒို) တည်ဆောက်ခြင်း လုပ်ငန်းလိုင်စင် ထုတ်ပေးနိုင်ရန် စိစစ်နေပြီး ကော်မတီသို့ လိုင်စင် လျှောက်ထားမှု ၄ဝကျော်ရှိနေ ပြီဖြစ်ကြောင်း သိရသည်။


စုပေါင်းပိုင်အဆောက်အအုံ (ကွန်ဒို) တည်ဆောက်ခြင်းလုပ်ငန်း လိုင်စင်ရရှိပြီးသူများအနေဖြင့် စု ပေါင်းပိုင် အဆောက်အအုံတည် ထောင်ခွင့် ခွင့်ပြုမိန့်ကို ထပ်မံ လျှောက်ထားရမည်ဖြစ်ကာ ကော် မတီမှခွင့်ပြုလျှင် တည်ဆောက် ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ ကွန်ဒိုမီနီယံဥပဒေသည် ၂ဝ၁၉ ခုနှစ်တွင်စတင် အသက်ဝင်လာပြီဖြစ်ရာ ယင်းဥပဒေကိုအ ကောင်အထည် ဖော်ဆောင်နိုင် မည့် စီမံခန့်ခွဲရေးကော်မတီ ရှိရန်လိုအပ်သောကြောင့် ၂ဝ၁၈ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် တရားဝင် ဖွဲ့စည်းပြီးစီးခဲ့ခြင်းဖြစ်ကာကော်မ တီဥက္ကဋ္ဌမှာ ရန်ကုန်တိုင်းဒေသ ကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ အတွင်းရေးမှူးမှာမြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်တို့ ပါဝင်ဖွဲ့စည်းထား ခြင်းဖြစ်ကြောင်းသိရသည်။


ကွန်ဒိုမီနီယံဥပဒေအရ ကွန် ဒိုမီနီယံသည်အနည်းဆုံး ခြောက် ထပ်နှင့်အထက် ရှိရမည်ဖြစ်ကာ အကျယ်အဝန်းအားဖြင့် စတုရန်း ပေနှစ်သောင်းအထက်ကျော်လွန် သော မြေပေါ်တွင်တည်ဆောက် ထားသည့် အဆောက်အအုံဖြစ် ရမည်ဖြစ်ကြောင်း သိရသည်။ ကွန်ဒိုမီနီယံ ဥပဒေသစ်အရ ယခင်ကဲ့သို့ မြေပိုင်ရှင်တစ်ဦး တည်း အမည်ပေါက်မဟုတ်တော့ ဘဲစီမံခန့်ခွဲ ရေးကော်မတီထံတွင် ယင်းမြေကိုအပ်နှံကာ တစ်ဦးတစ် ယောက်ပိုင်မြေမှ ယင်းကွန်ဒိုရှိ တိုက်ခန်း၁ဝဝရှိလျှင် ၁ဝဝပိုင် (အများပိုင်)မြေအဖြစ် လွှဲပြောင်း ရမည်ဖြစ်ကြောင်းသိရသည်။


လတ်တလောတွင် ကွန်ဒိုတိုက်ခန်းများသည်လွှဲပြောင်း ပေါင်နှံခွင့်မရှိသော်လည်း ကွန်ဒို ဥပဒေအရ လွှဲပြောင်းပေါင်နှံရောင်း ချခွင့်ရရှိမည်ဖြစ်ကြောင်း ကွန်ဒို တိုက်ခန်းများအတွက် ကြိုပွိုင့် ရောင်းချထားပါကလည်း ဝယ်ယူ သူ၏ပေးသွင်းငွေများကို Develo per အနေဖြင့်ကွန်ဒိုတည်ဆောက် ရေးတွင်သာ အသုံးပြုရမည်ဖြစ် ကာသုံးလတစ်ကြိမ် စီမံခန့်ခွဲရေးကော်မတီထံသို့သုံးစွဲမှုကို တင်ပြရ မည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင်ကွန်ဒိုမီနီယံ အ ဆောက်အအုံတစ်ခုတွင် ထွက်ရှိလာမည့် တိုက်ခန်း၏၄ဝရာခိုင်နှုန်းကို နိုင်ငံခြားသားများ ဝယ်ယူခွင့်ရ ရှိမည်ဖြစ်ပြီး ဝယ်ယူလိုသောနိုင်ငံ ခြားသားများအနေဖြင့် မိမိနိုင်ငံဘဏ်မှ မြန်မာနိုင်ငံရှိသက်ဆိုင်ရာ ဘဏ်သို့ တရားဝင်ငွေလွှဲပြောင်း ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။


ယင်းအပြင်အဆောက်အ အုံပျက်စီးမှုနှင့် ပတ်သက်၍ Developer အနေဖြင့် တိုက်ခန်း ကို ရောင်းချပြီးနှစ်နှစ်အတွင်း ပြုပြင်ထိန်းသိမ်းပေးရမည်ဖြစ်ပြီး ယခင်ကကဲ့သို့အရပ်စာချုပ်ဖြင့် ချုပ်ဆိုခြင်းအစား စီမံခန့်ခွဲရေး ကော်မတီမှတစ်ဆင့် အရောင်းအ ဝယ် ဆောင်ရွက်ရမည်ဖြစ်သည့် အတွက် တရားဝင်အခွန်အခများ ပေးသွင်း ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။

TTTMTT

#democracytoday

Rate this item
(0 votes)
back to top