HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ချင်းပြည်နယ်(တောင်ပိုင်း) ခေါ်နူးစုမ်တောင်သို့ ပြည်တွင်းခရီးသွား ဝင်ရောက်မှုများပြားပြီး ပြည်ပခရီးသွား ဝင်ရောက်မှုနည်းပါး

ချင်းပြည်နယ်(တောင်ပိုင်း) ခေါ်နူးစုမ်တောင်သို့ ပြည်တွင်းခရီးသွား ဝင်ရောက်မှုများပြားပြီး ပြည်ပခရီးသွား ဝင်ရောက်မှုနည်းပါး

ချင်း၊ ဇန်နဝါရီ ၁၁

ချင်းပြည်နယ် (တောင်ပိုင်း) မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်မြို့နယ် သုံးမြို့နယ် အတွင်းတည်ရှိနေသည့်ခေါ်နူးစုမ် (ခေါ်) နတ်မတောင်သို့ယခုနှစ် ခ ရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ပြည်ပခရီးသွားထက် ပြည်တွင်း ခရီးသွားက ပိုမိုများပြားလာ ကြောင်းသိရသည်။ ခေါ်နူးစုမ်(ခေါ်) နတ်မတောင် ဒေသနှင့်မတူပီမြို့နယ် ဘုံတလာ ရေတံခွန်သို့ နှစ်စဉ်ပြည်တွင်းပြည် ပဧည့်သည်များဝင်ရောက်မှုရှိရာ တွင်ယခုနှစ်ခရစ္စမတ်ရာသီ ဒီဇင် ဘာတစ်လတည်းတွင် ပြည် တွင်းဧည့်သည် ၁၆၈၄ဝ ဦးဝင် ရောက်မှုရှိခဲ့ပြီးပြည်ပဧည့်သည် ၂၂၈ ဦးဝင်ရောက်ခဲ့ကြောင်းဟို တယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန၏ ထုတ်ပြန်ချက်အရသိရ ပြီး ကာလတူ ၂ဝ၁၇ ခုနှစ်ဒီဇင် ဘာလတစ်လတည်းတွင်ပြည်ပ ခရီးသွား ၄၅၃ ဦးဝင်ရောက်မှုရှိ ကြောင်းသိရသည်။

''အခုနှစ်မှာချင်းပြည်နယ်က အမှတ်တရနေရာတိုင်းမှာ ဧည့် ဝင်ရောက်မှုများပါတယ်။ ဒါပေမဲ့ ပြည်ပဧည့်တော့နည်းတယ်။ပြည် တွင်းဧည့်တွေကတော့ တည်းခိုခန်း တွေအားလုံးပြည့်တယ်။ တချို့ဘာ သာရေးကျောင်းအဆောက်အအုံ တွေမှာ တည်းရတာမျိုးအထိရှိ တယ်'' ဟုတွန်းဇံမြို့မြို့မတည်းခို ရိပ်သာပိုင်ရှင်ကပြောသည်။


ချင်းပြည်နယ်၏ အမှတ်တရ နေရာများဖြစ်သည့် ချင်းပြည်နယ် (မြောက်ပိုင်း) ကနေဒီဆင်စခန်း၊ ရိဒ်ရေကန်၊ လေသာတောင်၊ ကနေ ဒီတောင်ဒေသနှင့် တီးတိန်နှင့်ဖ လမ်းမြို့နယ်ရှိ ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းနေရာများသို့ ဧည့်သည်ဝင်ရောက်မှုမှာ ပြည်ပ ဧည့်ဝင်ရောက်မှုထက်ပြည်တွင်း ခရီးသွားများ ပိုမိုဝင်ရောက်ခဲ့ ကြောင်းသိရသည်။ 

MOS

#democracytoday

Rate this item
(0 votes)
back to top