HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ရန်ကုန်မြို့ကို ဟောင်ကောင်ကဲ့သို့ နိုင်ငံတကာမှ ကုန်ပစ္စည်းများ ရောင်းလိုဝယ်လိုသည့် ဈေးကွက်ကြီးဖြစ် လာရန် မျှော်မှန်းထား

ရန်ကုန်မြို့ကို ဟောင်ကောင်ကဲ့သို့ နိုင်ငံတကာမှ ကုန်ပစ္စည်းများ ရောင်းလိုဝယ်လိုသည့် ဈေးကွက်ကြီးဖြစ် လာရန် မျှော်မှန်းထား
ရန်ကုန်၊ ဇန်နဝါရီ ၁၂
ရန်ကုန် ကို ဟောင်ကောင်ကဲ့သို့ နိုင်ငံတကာ မှ ကုန်ပစ္စည်းများ ရောင်းဝယ်ချင် သူများက လွယ်လွယ်ကူကူဝင်ထွက် ရောင်းဝယ်နိုင်သည့်နေရာတစ်ခု ဖြစ်လာနိုင်ရန် မျှော်မှန်းထားကြောင်း၊ ရန်ကုန်ဈေးကွက်သည် အားကောင်း လာနိုင်မည်ဖြစ်ကြောင်း၊ ပြုပြင် ပြောင်းလဲမှုများကို အကျိုးရှိရှိ အသုံးချပါက စီးပွားရေးဆိုင်ရာ အချက်အချာနေရာဖြစ်လာနိုင် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်မြို့ကို ပြပွဲကြီးများ ကျင်းပပြီး ရောင်းချလိုသူများက လည်း ゞင်းတို့၏ ရောင်းကုန်များ ကို လာရောက်ရောင်းချနိုင်သည့် ဈေးကွက်ကြီးတစ်ခုအဖြစ်လည်း ကောင်း၊ နိုင်ငံတကာမှ ဝယ်လိုသူ များကလည်းရန်ကုန်တွင်လာဝယ် နိုင်မည့် ဈေးကွက်ကြီးများဖြစ်လာစေရန်အထိ မျှော်မှန်းထားသည် ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်က ပြောသည်။ ဇန်နဝါရီ ၁၂ ရက်က Times City ရုံးခန်း၊ ဆိုင်ခန်းများငှားရမ်း မိတ်ဆက်ပွဲနှင့် ကုန်စည်ပြပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါအ တိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ယင်းကဲ့သို့ဈေးကွက်မျိုးဖြစ် နိုင်ရေးအတွက် ပြည်ထောင်စုအ စိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့တို့အကြား ပူးပေါင်း ကာ လွယ်ကူချောမွေ့သည့် ဈေး ကွက်တစ်ခုဖြစ်စေချင်ကြောင်း ရန် ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။


"ဟောင်ကောင်ကို ကြည့် လိုက်မယ်ဆိုရင် ဟောင်ကောင် နိုင်ငံမှာ ထုတ်ကုန်ဘာမှမရှိပါဘူး။ ဒါပေမဲ့ ရောင်းသူရောဝယ်သူရော ပါ ဟောင်ကောင်ကို အင်မတန် နှစ်သက်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဟောင်ကောင်ကိုရောင်းဖို့ လာတဲ့သူတွေအတွက်လည်း လွယ် လွယ်ကူကူချောချောမွေ့မွေ့နဲ့သူ တို့ရဲ့ နိုင်ငံတကာအဆင့်တန်းမီ ရုံးခန်းတွေ၊ အဆင့်တန်းမီပြပွဲ ပြိုင် ပွဲလုပ်နိုင်တဲ့နေရာတွေ၊ ဟိုတယ် တွေ အများကြီးရှိပါတယ်။ ကျွန် တော်တို့ ရန်ကုန်ကိုလည်း နိုင်ငံ တကာက ရောင်းချင်တဲ့သူတွေ လည်း လွယ်လွယ်ကူကူဝင်ထွက် ရောင်းဝယ်နိုင်တဲ့နေရာတစ်ခုဖြစ် လာနိုင်မယ်ဆိုရင် ကျွန်တော်တို့ ဈေးကွက်ဟာ အားကောင်းလာ နိုင်ပါတယ်။ နိုင်ငံတကာက ဝယ်ချင် တဲ့သူတွေ၊ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ အိန္ဒိယနဲ့တရုတ်နိုင်ငံ ဘက်က ဝယ်လိုသူတွေတော်တော် များများဟာ ရန်ကုန်ဈေးကွက်မှာ လည်း သွားဝယ်မယ်ဆိုရင် တကယ့် ပစ္စည်းကောင်းတွေရနိုင်တယ်ဆို တဲ့ဈေးကွက်တစ်ခုသာ ဖန်တီးနိုင် မယ်ဆိုရင် ကျွန်တော်တို့ရဲ့ဈေးကွက် ဟာနိုင်ငံတကာအလယ်မှာ ဂုဏ် သိက္ခာရှိစွာရပ်တည်နိုင်မှာ ဖြစ်ပါ တယ်"ဟု ၄င်းကပြောသည်။


မြန်မာနိုင်ငံ၏ အခက်အခဲ များကို စီးပွားရေးဆိုင်ရာပြုပြင် ပြောင်းလဲမှုများအဖြစ် အကျိုးရှိရှိ အသုံးချသွားပါက ရန်ကုန်မြို့သည် နိုင်ငံတကာ စီးပွားရေးရင်းနှီးမြုပ် နှံရာ (Hub) အချက်အချာတစ်ခု ဖြစ်လာနိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ပြောသည်။ "ကျွန်တော်တို့နိုင်ငံရဲ့ အ ခက်အခဲတွေကို အခွင့်အလမ်းတွေ အဖြစ် ပြောင်းလဲပြီးစီးပွားရေးဆိုင် ရာ ပြုပြင်ပြောင်းလဲမှုတွေအဖြစ် နဲ့သာ အကျိုးရှိရှိအသုံးချသွားမယ် ဆိုရင် ရန်ကုန်ဟာနိုင်ငံတကာ စီးပွားရေး ရင်းနှီးမြှုပ်နှံရာ (Hub) တစ်ခု ဖြစ်လာနိုင်ပါတယ်။အရှေ့ တောင်အာရှရဲ့ စီးပွားရေးမြှုပ်နှံမှု အကောင်းဆုံးမြို့တော်တစ်ခုဖြစ် လာနိုင်ပါတယ်။ ဒီအခြေအနေဖြစ် ဖို့အတွက် အစိုးရတစ်ခုတည်း၊ ပုဂ္ဂလိ က ကဏ္ဍတစ်ခုတည်း၊ ပြည်သူလူ ထုသက်သက်ပဲ ကြိုးပမ်းလို့မရပါ ဘူး။ လူထုရဲ့ထောက်ခံမှုနဲ့ပုဂ္ဂလိ က ကဏ္ဍရောအစိုးရရောပြည်သူ လူထုတစ်ရပ်လုံးကပါ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ရန်ကုန်မြို့ ကြီးက ဖွံ့ဖြိုးတိုးတက်လာနိုင်ပါ တယ်"ဟု ၄င်းကပြောသည်။
 

ရန်ကုန်မြို့ပေါ်တွင်ဟိုတယ် များ ဆက်တိုက်တည်ဆောက်လာ ခဲ့ရာ ယင်းဟိုတယ်များအနက် နိုင်ငံ တကာအဆင့်မီ၊ နိုင်ငံတကာတွင် ဂုဏ်သတင်းရှိသည့် ဟိုတယ်ကြီး များလည်း ပါဝင်လာအောင် ဖိတ် ခေါ်နိုင်ခဲ့သည့်အတွက် နိုဗိုတယ်၊ ရှန်ဂရီလာဟိုတယ်တို့ကဲ့သို့ နိုင်ငံ တကာတွင် နာမည်ရှိပြီးသား ဟို တယ်များမြန်မာနိုင်ငံသို့ဝင်ရောက် လာနေပြီဖြစ်ကြောင်း ၄င်းကပြော သည်။ရန်ကုန်သည်နောင်တွင်ယခု ထက်ပိုမိုဖွံ့ဖြိုးတိုးတက်မှုများဖြစ် ပေါ်ရန် ကြိုးပမ်းဆောင်ရွက်နေချိန် ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုများကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်၏ ဦးဆောင် မှုဖြင့် ဆောင်ရွက်နေသည်မှာ သုံး နှစ်တာကာလအတွင်းသို့ ရောက် ရှိလာပြီဖြစ်ကြောင်း၊ ယခုအခါတ ဖြည်းဖြည်းမြှင့်တင်နိုင်သည့် အနေ အထားတစ်ခုသို့ရောက်ရှိလာပြီဖြစ် ကြောင်း ပြောင်းလဲလာသည့် အ ခွင့်အလမ်းများထဲ၌ စိန်ခေါ်မှုများ လည်းရှိနိုင်ကြောင်း၊ ထိုစိန်ခေါ်မှု များကို စီးပွားရေးနယ်ပယ်များတွင် အသုံးချသွားပါက အခွင့်အလမ်း ကောင်းများစွာရှိနေနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံတွင်ရတနာပြပွဲ များ၊ မော်တော်ကားပြပွဲများကို နိုင်ငံတကာပြပွဲများအဖြစ် ဆောင် ရွက်နိုင်ရန် ကြိုးစားနေပြီး ယင်းကဲ့ သို့ ပြပွဲများဆောင်ရွက်နိုင်ရန် ကောင်း မွန်သော အခြေခံအဆောက်အအုံ များရှိရန် လိုအပ်မည်ဖြစ်ကာ ရုံး ခန်းလာရောက်ဖွင့်ပါကလည်း နိုင်ငံ တကာအဆင့်မီရုံးခန်းများရှိရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ၎င်း ကပြောသည်။ 

TTMT
#Democracytoday
Rate this item
(0 votes)
back to top