HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်ကြီး ဖွံ့ဖြိုးရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးစားပေး အစီအစဉ်အဖြစ် ဆောင်ရွက်မည် မြေယူထားသော်လည်း လုပ်ကိုင်မှု မရှိသူများနှင့် ဆွေးနွေးသွားမည်

ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်ကြီး ဖွံ့ဖြိုးရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးစားပေး အစီအစဉ်အဖြစ် ဆောင်ရွက်မည် မြေယူထားသော်လည်း လုပ်ကိုင်မှု မရှိသူများနှင့် ဆွေးနွေးသွားမည်
ရန်ကုန်၊ ဇန်နဝါရီ ၁၂ 
 
ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်ကြီးဖွံ့ ဖြိုးရေးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးစားပေးအစီအ စဉ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ် ပြီး မြေယူထားသော်လည်း လုပ်ကိုင် ခြင်းမရှိသူများနှင့် ဆွေးနွေးသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ဇန်နဝါရီ ၁၂ ရက်က ရန်ကုန် မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် ဒုတိယသမ္မတ ဦး ဆောင်သည့် မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မ တီနှင့် မြန်မာ့စီးပွားရေး လုပ်ငန်း ရှင်များ၏ (၂၃)ကြိမ်မြောက် ပုံမှန် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက "ညောင်နှစ် ပင် စိုက်ပျိုးမွေးမြူရေးဇုန်ကြီးကို စက်မှုဇုန်တွေအဆင့်မြင့်တင်ရေး ကိစ္စ လေ့လာဆန်းစစ်သလိုပဲ အဆင့်မြင့်တင်ဖို့အတွက် လေ့လာဆန်း စစ်မှုပြုနေပါတယ်။ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်ကြီးကိုအဆင့် မြင့်တင်ဖို့အတွက် အခုရွေးချယ် မှုတစ်ခုကို ဆောင်ရွက်နေတာရှိပါ တယ်။ မကြာခင်မှာ ဇုန်ကြီးကိုအ ဆင့်မြင့်တင်နိုင်အောင် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ မြေကိုယူထား ပြီး ဘာမှမလုပ်ဘူးဆိုတဲ့သူတွေနဲ့ ကျွန်တော်တို့နဲ့ ဆွေးနွေးရမှာတွေ ရှိပါတယ်။ ညောင်နှစ်ပင်စိုက်ပျိုး မွေးမြူရေးဇုန်ကြီးကို စတင်ပေးခဲ့ စဉ်က အသင်းအဖွဲ့တွေက လူပု ဂ္ဂိုလ်တွေနာမည်တွေနဲ့ ငါးဧကတစ် ယူနစ် ယူခဲ့ကြတယ်။ ဒါပေမဲ့ အလုပ် မလုပ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုက်ရိုက်ကွပ်ကဲဖို့ ပြင်ဆင်နေပါတယ်။ ဇုန်ကြီးကို စနစ်တကျကွပ် ကဲပါမယ်။ ပြီးရင် ဒီဇုန်ကြီးဖွံ့ဖြိုးတိုး တက်ရေး ကဏ္ဍနယ်ပယ်တွေအတွက် ပုဂ္ဂလိကနဲ့ ဘယ်လိုပေါင်းစပ် နိုင်မလဲဆိုတာ စဉ်းစားပါမယ်။ ဆည် ရေရရှိရေးကိစ္စအတွက် အမြန်ဆုံး ဆောင်ရွက်ပေးပါမယ်။ ဒီနှစ်ဘတ် ဂျက်ထဲမှာ လျာထားတဲ့ငွေတွေရှိပါ တယ်။ ညောင်နှစ်ပင်စိုက်ပျိုးမွေး မြူရေးဇုန်ကြီး အဆင့်မြှင့်တင်ဖို့ အတွက် ရင်းနှီးမြှုပ်နှံမှုအဖြစ် CP ကပါဝင်ပြီး လုပ်ဖို့အစီအစဉ်ရှိပါ တယ်""ဟုပြောသည်။

အဆိုပါ ညောင်နှစ်ပင်စိုက် ပျိုးမွေးမြူရေးဇုန်ကြီးကို အဆင့်မြှင့် တင်ရေးမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးစားပေးအစီအ စဉ်တွင်ရှိနေပြီး ညောင်နှစ်ပင်ဧရိ ယာတွင် အရောင်းအဝယ်တောက် လျှောက်ဖြစ်နေသော်လည်း မြေ ကိုင်ရန်သာဖြစ်နေသည့်အခြေအ နေမျိုးကြောင့် ဖွံ့ဖြိုးတိုးတက်မှုမရှိ ကြောင်း သိရသည်။ဦးဖြိုးမင်းသိန်းက""မကြာမီ ရက်ပိုင်းလောက်အတွင်းမှာ ညောင် နှစ်ပင်ကိုသွားဖို့ရှိပါတယ်။ အခုဖွဲ့ စည်းဆောင်ရွက်မယ့်လူတွေကိုအ တည်မပြုခင်မှာ တကယ်လုပ်နိုင် ကိုင်နိုင်မယ့် ဦးစီးဦးဆောင်ဖြစ်မှာ လားဆိုတာကို သေသေချာချာလေ့ လာဆန်းစစ်ပါမယ်။ ဒီအခြေအ နေမရှိဘူးဆိုရင် တိုက်ရိုက်ကျွမ်း ကျင်တဲ့သူတွေကိုထည့်ပြီး ဒီဧရိယာ ကိုဖွံ့ဖြိုးလာအောင် လုပ်မယ်။

ဒီ နယ်မြေမှာရှိနေတဲ့သူတွေနဲ့ ပေါင်း စပ်ဖို့အတွက် ဆောင်ရွက်ပါမယ်။ ရန်ကုန်မှာ အလွန်တန်ဖိုးကြီးသော ဧရိယာဖြစ်ပါတယ်။ အရောင်းအ ဝယ် တောက်လျှောက်ဖြစ်နေပါ တယ်။ ဒါပေမဲ့ ဖွံ့ဖြိုးတိုးတက်မှုမ ရှိပါဘူး။ မြေကိုင်ဖို့ပဲဖြစ်နေတဲ့အ ခြေအနေမျိုးရှိနေပါတယ်။ စိုက်ပျိုး ရေးနဲ့ပတ်သက်ပြီး ညောင်နှစ်ပင်ဖွံ့ ဖြိုးတိုးတက်ရေးဟာ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ဦးစားပေးအစီအစဉ် ထဲမှာရှိပါတယ်""ဟု ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့သည်တိုင်းဒေသကြီး၏ စိုက် ပျိုးရေးမာစတာပလန်ကို အတည် ပြုထားပြီးဖြစ်ကြောင်း၊ မြို့ပြတွင် ဒဂုံလေးမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထူးပရောဂျက်အနေဖြင့် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

TEEP
#Democracytoday
Rate this item
(0 votes)
back to top