HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ရှမ်းပြည်နယ်ထွက် နှင်းဆီပန်းများ ဈေးကောင်းရ

ရှမ်းပြည်နယ်ထွက် နှင်းဆီပန်းများ ဈေးကောင်းရ

တောင်ကြီး၊ ဇန်နဝါရီ ၁၂

ရန် ကုန်-မန္တလေးနှင့် တောင်ကြီးမြို့များ ရှိ ပန်းဈေးကွက်တွင် ရှမ်းပြည်နယ် ထွက် နှင်းဆီပန်းများဈေးကွက်တွင် လူကြိုက်များလျက်ရှိပြီး အခြား ဒေသထွက်ပန်းများနှင့် ယှဉ်ပါက ဈေးနှုန်းပိုရကြောင်း၊ ယင်းဒေသရှိ ပန်းအရောင်းဒိုင်များထံမှ သိရသည်။ ''ရန်ကုန်မှာ ဒေသစုံက ပန်း မျိုးစုံ နေ့တိုင်းဝင်နေတာပဲ။ လူဦး ရေလည်းများ၊ ပွဲတွေ အခမ်းအနား တွေကလည်းများတော့ ဝင်သလောက် ဖြုန်းအားကောင်းပါတယ်။ နှင်းဆီ ပန်းအမျိုးမျိုးလည်း ဝင်ပါတယ်။ တောင်ကြီးဘက်ကလာတဲ့ နှင်းဆီ မျိုးက အပွင့်ကြီးတယ်။ ဈေးလည်း ကောင်းတယ်'' ဟု သီရိမင်္ဂလာဈေး မှ မမျိုးမျိုးကပြောသည်။

နှင်းဆီစိုက်ပျိုးရာတွင် မပူ လွန်းမအေးလွန်းသည့် ဒေသသည် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး အပင်ပေါက်အရွယ်မှ စတင်စိုက် ပျိုးကာ သုံးလသားအရွယ်တွင် အပွင့်စတင်ထွက်ရှိကြောင်း၊ နှင်း ဆီပင်သက်တမ်းသည် မြေအမျိုး အစားပေါ်မူတည်၍ အနည်းဆုံး လေးနှစ်မှ ခြောက်နှစ်အထိရှိ ကြောင်း သိရသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)ရွှေ ညောင်မြို့အနီး တောင်လေးလုံးရွာ ၌ နှင်းဆီခြံလုပ်ငန်းကို လေးနှစ် ကျော်ခန့် စိုက်ပျိုးလုပ်ကိုင်နေသူ ဦးကျော်ဌေးက ''ယခုအချိန်က နှင်းဆီဈေးအကောင်းဆုံးရတာပဲ။ ဖေဖော်ဝါရီလကုန် အပူလာရင် အ ပွင့်ပိုထွက်လာလို့ ဈေးမရတော့ဘူး။ ဒီဒေသ မြေကောင်းတော့အပင် ဖြစ်ထွန်းမှုအားကောင်းတယ်။ အ ပွင့်လည်းပိုကြီးပါတယ်။ ထွက်သ လောက် မန္တလေး-ရန်ကုန်တင်ပို့ ရောင်းချပါတယ်။ နှင်းဆီအမျိုး အစားစုံ စိုက်ပျိုးပါတယ်။ တရုတ် မျိုး၊ ယိုးဒယားမျိုးလည်းပါတယ်။ အဖြူ အဝါ အနီ ပန်းရောင်နဲ့ ပန်း ဆီမိတ်ကပ်အရောင်နဲ့ရေမွှေးနှင်း ဆီပန်းများလည်း စိုက်ပျိုးပါတယ်'' ဟု ပြောသည်။


နှင်းဆီပင်သည် သေသေချာ ချာ ပြုပြင်ထိန်းသိမ်းပါက ရာသီမ ရွေးအပွင့်ထွက်ရှိပြီး လစဉ်ဝင်ငွေ ရှိသည့်အပင်အမျိုးအစားဖြစ်ကြောင်း မြေတစ်ဧကလျှင် အပင်ရှစ်ရာနှင့် တစ်ထောင်ကြား စိုက်ပျိုးနိုင်ပြီး၊ ကုန်ကျစရိတ်သိန်းငါးဆယ်မှ သိန်း တစ်ရာကြား ရှိကြောင်း၊ နေရာဒေ သ ရွေး စိုက်ပျိုးကြပြီး မြေနေရာ ရာသီဥတုအလိုက် အပင်ဖြစ်ထွန်း မှုနှင့် အပွင့်ကြီးထွားမှု ကွာခြား ကြောင်း သိရသည်။

SNM

#democracytoday

Rate this item
(0 votes)
back to top