HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ဝင်ငွေနည်းသူများအတွက် ထိုင်းအစိုးရက ဘတ် ၂၆ ဘီလီယံ စီမံကိန်း လုပ်ဆောင်

ဝင်ငွေနည်းသူများအတွက် ထိုင်းအစိုးရက ဘတ် ၂၆ ဘီလီယံ စီမံကိန်း လုပ်ဆောင်

ဘန်ကောက်၊ ဇန်နဝါရီ ၁၇

ထိုင်းအစိုးရ၏ သက်သာ ချောင်ချိရေးနှင့် ထောက်ပံ့ကြေး ပေးရေးစီမံကိန်းအောက်တွင် အလုပ်သမားလေ့ကျင့်ပေးရေးသည် ၁ ဒသမ ၅၆ သန်းရှိသည့် ထောက်ပံ့ခံလူများ ဝင်ငွေတိုးတက်ရရှိလာကြမည်ဖြစ်ကြောင်း၊ ၎င်းတို့အတွက် ဘတ်ငွေ ၂၆ဘီလီယံသုံးစွဲသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အထက်တန်းအရာ ရှိတစ်ဦးက ပြောကြားလိုက်သည်။

လွန်ခဲ့သောနှစ်ဆန်းမှစ၍ စမတ်ကတ်ဖြင့် သက်သာချောင်ချိ ရေးထောက်ပံ့ငွေရရှိနေသူများအား လုပ်ငန်းကျွမ်းကျင်မှုသင်တန်း ဖွင့်ပေးခဲ့ကြောင်း၊ သက်သာချောင်ချိရေးရန်ပုံငွေလက်ခံနေသူ ၁၁ ဒသမ၄သန်းမှ ၄ ဒသမ ၁၄ သန်းရှိ သောလူများက လုပ်ငန်းသင်တန်း တက်ရောက်ရန် လက်မှတ်ထိုးခဲ့ ကြသည်ဟုဆိုသည်။ ထိုအထဲမှ ၃ဒသမ၂၆သန်းမှာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းတက်ရောက်ပြီး ဖြစ်ကြောင်း သိရသည်။


စမတ်ကတ်ကိုင်ဆောင်သူ ၃ ဒသမ၂၆ သန်းမှ ဘဏ္ဍာရေးဝန် ကြီးဌာနက ၂ ဒသမ ၆ သန်းမှာ လုပ်ငန်းသင်တန်းတက်ရောက်ကြပြီး ဖြစ်၍ နှစ်စဉ်ဝင်ငွေ ဘတ် ၁၁၅ဝဝဝ ရရှိနေကြပြီးဖြစ်ကြောင်း၊ မူလသတ်မှတ်ချက် ဘတ် ၁ဝဝဝဝဝ ထက် ပိုမိုဝင်ငွေရရှိလာကြောင်း ပြော ကြားလိုက်သည်။ စမတ်ကတ်ကိုင်ဆောင်သူ ၁ ဒသမ ၄၅ သန်းမှာမူ နှစ်စဉ်ဝင်ငွေ ဘတ် ၃ဝဝဝဝစီရရှိကြပြီး၊ ဘတ် ၁ဝဝဝဝဝ ထက် မပိုကြကြောင်း ဆက်လက်ပြောကြားခဲ့သည်။


လူပေါင်း ၁ဒသမဝ၄သန်းမှာ တစ်နှစ်လျှင်ဘတ်ငွေ ၃ဝဝဝဝ သို့ မဟုတ် နည်း၍ရရှိနေဆဲဖြစ်ကြောင်း၊ ဘဏ္ဍာရေးပေါ်လစီရုံးညွှန်ကြား ရေးမှူးချုပ် လာဗာရွန်ဆင်းဆရစ် ကပြောကြားလိုက်သည်။ ယခုအပတ် ကျင်းပသောအစိုးရအဖွဲ့အစည်းအဝေးက ဗဟိုဘတ်ဂျက်မှ ဘတ်၎ဒသမ၃၇ဘီလီယံကို ၂ဝ၁၉ ဘဏ္ဍာနှစ်တွင် လုပ်ငန်းသင်တန်းကို တိုးချဲ့လုပ်ဆောင်ရန် ခွင့်ပြုခဲ့သည်။ စမတ်ကတ် ကိုင်ဆောင်သူများကို ဆက်လက်လုပ်ငန်းသင်တန်းပေးသွားရန် ဖြစ် သည်။ ဤတိုးချဲ့လုပ်ဆောင်မှုကို ဇွန်လအထိ ခြောက်လတိုးမြှင့်ပေး သွားမည် ဖြစ်သည်။


ဤလုပ်ငန်းသင်တန်းပေးမှုကို ယခင်နှစ် မတ်လမှ ဒီဇင်ဘာလအထိ လုပ်ဆောင်ခဲ့သည်။ ထောက် ပံ့ငွေရသူများ လုပ်ငန်းကျွမ်းကျင်မှုရှိပြီး နောက်ထပ်အပိုဝင်ငွေများ ရရှိ စေရန်ရည်ရွယ်ခြင်းဖြစ်သည်။

Ref; Bangkok Post

#theyangontimes

Rate this item
(0 votes)

Latest from M Bwe

back to top