HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အမှိုက်ကျင်းများကို နိုင်ငံတကာ အဆင့်မီကြိတ်ခွဲ စွန့်ပစ်သည့်စနစ်ကို အကောင်အထည်ဖော်မည်

အမှိုက်ကျင်းများကို နိုင်ငံတကာ အဆင့်မီကြိတ်ခွဲ စွန့်ပစ်သည့်စနစ်ကို အကောင်အထည်ဖော်မည်

မန္တလေး၊ ဇန်န၀ါရီ ၁၉

မန္တလေးတိုင်းဒေသ ကြီး မန္တလေးမြို့မှ နေ့စဉ်ထွက်ရှိသည့် စွန့်ပစ် အမှိုက်မျိုးစုံအား သိမ်းဆည်းပေးနိုင်မှုပမာဏ တိုးတက်လာသောကြောင့် လက်ရှိအသုံးပြုလျက် ရှိသော အမှိုက်ကျင်းများကို အဆင့်မြှင့်တင်မှု များပြုလုပ်ကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက် အမှိုက်များကို နိုင်ငံတကာအဆင့်မီ ကြိတ်ခွဲစွန့်ပစ်မည့်စနစ်အား ပထမဦးဆုံး အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း မန္တ လေး မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

"ကြာနီကန်အမှိုက်ကျင်းကို အခုရှိနေတဲ့ ၁၇ ဧကကျော်ကနေ ဧက ၃၀ အထိရောက် အောင် ထပ်မံတိုးချဲ့သွားဖို့ စီစဉ်ထားပါတယ်။ အမှိုက်ကျင်းတွေအနီးမှာ အမှိုက်အမျိုးအစား ကို ခွဲခြားနိုင်တဲ့စက်တွေတည်ဆောက်သွားမှာ ဖြစ်တဲ့အပြင် ပြန်လည်အသုံးပြု Recycle လုပ် လိုမရတော့တဲ့ အမှိုက်တွေကိုတော့စနစ်တကျ နဲ့ ကြိတ်ခွဲစွန့်ပစ်တဲ့စနစ်ကို ကျင့်သုံးသွားမှာပါ။ လိုအပ်တဲ့စက်တွေ တပ်ဆင်နိုင်ဖို့ အခြေခံပြင် ဆင်မှုတွေကို ကြာနီကန်နဲ့ တောင်အင်းမြောက် အင်း အမှိုက်ကျင်းနှစ်ခုစလုံးမှာပါ စတင်လုပ် ဆောင်လျက်ရှိပါတယ်"ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန မှတာဝန်ရှိသူ ဦးစိုးတင့်အောင်က ဇန်န၀ါရီ ၁၉ ရက်တွင် ပြောကြား သည်။


အမှိုက်ကျင်းများအား အဆင့်မြှင့်တင်မှု လုပ်ငန်းများတွင် မီးတားလမ်းကြောင်းများ ဖောက်လုပ်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းတို့ ပါဝင်မည်ဖြစ်ပြီး ပြန်လည်အသုံးပြုနိုင်မည့် အမှိုက်များကို သီးသန့်ရွေးချယ်ကာ Recycle ပစ္စည်းများ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း အမှိုက်လွှဲပြောင်းဇုန်များတည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၈ ခုနှစ်အတွင်းက ဆောင်ရွက်ခဲ့ကြောင်း နေ့စဉ်ထွက်ရှိနေသည့် အမှိုက်မျိုးစုံတန်ချိန် ၉၀၀ ခန့်ကို ၀န်ထမ်း အင်အား ၂၂၃၂ ဦး၊ ယာဉ် ၂၂၈ စီး၊ သုံးဘီး ဆိုင်ကယ်အစီး ၁၈၀ စီးတို့ဖြင့် စုစုပေါင်း အမှိုက်ထွက်ရှိမှု၏ ၈၀ ရာခိုင်နှုန်းကို သိမ်း ဆည်းပေးလာနိုင်ပြီဖြစ်ပြီး ယခုနှစ်အတွင်း အမှိုက်သိမ်းယာဉ် Garbage Compactor  ၂၃ စီး၊ Tank Carrier အကြီး ၁၀ စီးနှင့် သုံးဘီး ဆိုင်ကယ် ၆၅ စီးကို ထပ်မံဖြည့်တင်းရန် တင်ဒါ ခေါ်ယူထားပြီးဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

KSA

#democracytoday

Rate this item
(0 votes)
back to top