HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

လာမည့် (၂၃) ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲအတွက် အက္ခရာအလုံးရေ ၅၂ လုံးအထိ ရောင်းချပေးထား၊ ဆုမဲအရေအတွက် ထပ်မံတိုးမြှင့် ပေးသွားရန် ရှိဟုဆို  

လာမည့် (၂၃) ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲအတွက် အက္ခရာအလုံးရေ  ၅၂ လုံးအထိ ရောင်းချပေးထား၊ ဆုမဲအရေအတွက် ထပ်မံတိုးမြှင့် ပေးသွားရန် ရှိဟုဆို   

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ဖေဖော်ဝါရီ ၁ ရက်တွင် ဖွင့်လှစ်မည့် အောင်ဘာလေထီဖွင့်ပွဲအတွက် အက္ခ ရာအလုံးရေ ၅၂ လုံးအထိ ရောင်းချပေးထားပြီး ဆုမဲအရေအတွက် ထပ်မံတိုးမြှင့် ဖွင့်လှစ်ပေးသွား ရန်ရှိကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။ ပြီးခဲ့သည့် (၂၂)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် 'က' အက္ခ ရာမှ 'အ' အက္ခရာအထိ အက္ခရာအလုံးရေ (၃၃) လုံး 'ကက'အက္ခ ရာမှ'ကဒ'အက္ခရာအထိ အက္ခ ရာအလုံးရေ (၁၈)လုံး စုစုပေါင်းအက္ခရာ အလုံးရေ (၅၁)လုံး ခွဲဝေရောင်းချခဲ့သော်လည်း ယခုဇန်န ဝါရီလသည် ရောင်းအားအမြင့်ဆုံးလ တစ်လဖြစ် ခြင်းကြောင့် 'က' အက္ခ ရာမှ 'အ' အက္ခရာအထိ အက္ခရာအလုံးရေ (၃၃)လုံး 'ကက' အက္ခရာ 'ကဓ' အက္ခရာအထိ အက္ခရာအလုံးရေ (၁၉)လုံး၊ စုစု ပေါင်း အက္ခရာအလုံးရေ (၅၂)လုံး ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြား ရေးမှူး ဦးကျော်သန့်လွင်က ''ထီဈေးကွက်ရဲ့ အနေအထားမှာ လက်ရှိ ကျပ် ၅ဝဝ တန် အောင် ဘာလေထီနဲ့ပတ်သက်ပြီးတော့ စိတ်ဝင်စားမှုမြင့် တက်နေပါတယ်။ နှစ်ကူးတဲ့ ဒီဇင်ဘာလနဲ့ ဇန်န ဝါရီလတွေမှာ အောင်ဘာလေထီစနစ်မှာ ရောင်း အားအမြင့်ဆုံးလတွေ ဖြစ်ပါတယ်။ အဲဒီအတွက် ကြောင့်၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလအတွက်ကို အက္ခရာ ၅၁ လုံး ရောင်းချခဲ့ပြီး၂ဝ၁၉ ခုနှစ် ဇန် နဝါရီလအတွက်ကို အက္ခရာ ၅၂ လုံး တိုးမြှင့် ရောင်းချခြင်းဖြစ်ပါတယ်။ အဓိက ဒီဇင်ဘာလနဲ့ ဇန်နဝါရီလသည် ရောင်းအားအမြင့်ဆုံးလတွေ ဖြစ်ပါတယ်။ ထီလက်မှတ်စောင်ရေ တိုးလာတာ နဲ့အတူ ထီဆုမဲအရေအတွက်တွေကလည်း တိုးလာ မှာဖြစ်ပါတယ်''ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။


အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ထီစာအုပ်များ ခွဲဝေရောင်းချရာမှရရှိသော ရောင်း ရငွေအနက်မှ ၆ဝ ရာခိုင်နှုန်းကို ထီဆုငွေအဖြစ် ခွဲဝေဖွင့်လှစ်ပေးပြီး ကျန် ၄ဝ ရာခိုင်နှုန်းကို ပြည် သူ့ဘဏ္ဍာငွေအဖြစ်သိမ်း၍ နိုင်ငံတော်အတွက် လိုအပ်သောနေရာများတွင် အသုံးပြုလျက်ရှိ ကြောင်း သိရသည်။ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ညွှန်ကြား ရေးမှူးချုပ် ဦးမင်းထွဋ်က ''ပျောက်ဆုံးသွားတဲ့ထီ လက်မှတ်က ရောင်းချပေးထားတဲ့ ထီလက်မှတ် အရေအတွက်နဲ့ယှဉ်ရင် နည်းပါတယ်။ ဒီအတွက် ကြောင့် ထီဆုငွေကို မလျော့နည်းပါဘူး။ပြီးခဲ့တဲ့ (၂၂)ကြိမ်မြောက်ထီဖွင့်ပွဲအတွက် အက္ခရာ ၅၁ လုံးပဲရောင်းချပေးခဲ့တာ ဒီလထီဖွင့်ပွဲအတွက် အက္ခ ရာ ၅၂ လုံးရောင်းချခဲ့တာဖြစ်တဲ့အတွက် ဆုမဲအ ရေအတွက်က ပြီးခဲ့တဲ့အကြိမ်ထက် ထပ်တိုးသွား ဖို့ပဲရှိပါတယ်''ဟု ပြောသည်။


(၂၃)ကြိမ်မြောက်ကျပ် ၅ဝဝ တန်အောင် ဘာလေသိန်းဆုဖွင့်ပွဲကို ၂ဝ၁၉ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက် နံနက် ၈ နာရီအချိန်တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်း ဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး ထီဆုငွေများကို ကိုယ်တိုင်ဖြစ်စေ၊ တရားဝင်ကိုယ် စားလှယ်လွှဲစာဖြင့်ဖြစ်စေ ရန်ကုန်မြို့နှင့် မန္တလေး မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများတွင် လျှောက်ထားတင်ပြထုတ်ယူနိုင်ကြောင်း၊ ကျပ် ၁ဝသိန်း နှင့်အောက်ဆုငွေများကို ရန်ကုန်မြို့နှင့် မန္တလေး မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများအပြင် ရန်ကုန်တိုင်းဒေသကြီး ပြင်ပရှိ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် ထုတ်ယူနိုင်ကြောင်း သိရသည်။

TEEP

#democracytoday

Rate this item
(0 votes)
back to top