HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ယာဉ်လိုင်းနံပါတ် အလိုက် မှတ်တိုင်များခွဲခြား ရပ်နားသည့်စနစ်ကို တစ်ပတ်ကြာ စမ်းသပ်မည်

ယာဉ်လိုင်းနံပါတ် အလိုက် မှတ်တိုင်များခွဲခြား ရပ်နားသည့်စနစ်ကို တစ်ပတ်ကြာ စမ်းသပ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ရန်ကုန် မြို့တော်ခန်းမရှေ့ရှိ ဆူးလေကား မှတ်တိုင်တစ်ခုတည်းတွင် YBS ယာဉ်လိုင်းများအားလုံး စုပုံရပ်နား ခြင်း အစားယာဉ်လိုင်းနံပါတ် အ လိုက် မှတ်တိုင်နေရာများ ခွဲခြားရပ် နားသည့်စနစ်ကို ပိုင်းလော့ပရော့ ဂျက်အနေဖြင့် တစ်ပတ်ကြာ စမ်း သပ်ဖော်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပိုင်းလော့ပရော့ဂျက် ကိုဆောင်ရွက်ရခြင်းသည် ရန်ကုန် မြို့၏ ဘတ်စ်ကားစနစ်ဖွံ့ဖြိုးတိုး တက်ရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေးကဏ္ဍများအတွက် ရည် ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေး မှူး ဦးလှအောင်က ဇန်နဝါရီ ၂၁ ရက်ကပြောသည်။

''ရန်ကုန်မှာ ဘတ်စ်ကား စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နဲ့ JICA တို့ ပူးပေါင်းဆောင် ရွက်တဲ့လုပ်ငန်းရဲ့ တစ်စိတ်တစ် ပိုင်းဖြစ်ပါတယ်။ ဒီနေရာမှာ ဘတ်စ်ကားလိုင်း ကိုးလိုင်းရှိပါ တယ်။ ဘတ်စ်ကားလိုင်းတွေ အ ဝင် အထွက်တွေ မှန်ကန်အောင် ခရီးသည်တွေအနေနဲ့ သူ့လိုင်းနဲ့သူ စနစ်တကျစီးအောင်။ အရင်က တော့ ခရီးသည်တွေက စုရပ်တယ်။ ကားတွေကလည်း တိုးဝှေ့ရပ်လို့ တိုးဝှေ့တက်ရပ်ရတယ်။ ခုတော့ မှတ်တိုင်တွေခွဲခြားပြီး ရပ်နားစေ ပြီး ခရီးသည်တွေလည်း သတ်မှတ် ပေးထားတဲ့နေရာမှာသာ ကားကို စောင့်ဆိုင်းစီးရမှာဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။


ယင်းပိုင်းလော့ ပရော့ဂျက်ကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့နှင့် JICA တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပိုင်းလော့ပရော့ ဂျက်တွင် ဘတ်စ်ကား အတက် အ ဆင်းပြုလုပ်သည့် မှတ်တိုင်နေရာ သတ်မှတ်ပေးခြင်း၊ ခရီးသည်များ မိမိတို့စီးလိုသည့် YBS ယာဉ်လိုင်း နံပါတ်ကို တစ်နေရာတည်းတွင် စုပုံစောင့်နေခြင်းကို ယာဉ်လိုင်း နံပါတ်ဆိုင်း ဘုတ်ထောင်ထားသည့် နေရာများတွင် သာစီးနိုင်ရန်နေရာ သတ်မှတ်ပေးခြင်း၊ ဘတ်စ်ကား များအနေဖြင့် ¤င်းတို့ ယာဉ်လိုင်း နံပါတ်အတွက် သတ်မှတ်ထားသည့် နေရာတွင်သာ ရပ်တင်ချစနစ်ဖြင့် ဆောင်ရွက်ခြင်းနှင့် ယာဉ်ကြော ကျပ်တည်းမှုကို ရှိ မရှိတို့ လေ့လာ ခြင်း ပါဝင်ကြောင်း သိရသည်။ စံပြဈေးမှတ်တိုင်တွင် ယင်း ကဲ့သို့ ပိုင်းလော့ပရော့ဂျက်ကို ဖေ ဖော်ဝါရီလတွင် ထပ်မံဆောင်ရွက် ရန် စီစဉ်နေကြောင်း ပိုင်းလော့ပ ရော့ဂျက်၏ တာဝန်ရှိအကြီးအကဲ ဖြစ်သူ Mr.USHIROOOKA SAN က ပြောသည်။


''ဒီလို ပိုင်းလော့ပရော့ဂျက် လုပ်ခြင်းကြောင့် ဘတ်စ်ကားအသုံး ပြုသူတွေအနေနဲ့ ကားစီးတဲ့နေရာ ကို စနစ်တကျ သတ်သတ်မှတ်မှတ် ဖြစ်ပြီး အသုံးပြုရလွယ်ကူစေချင် တယ်။ ကားအသွားအလာမှာ ယာဉ် ကြော ကျပ်တည်းမှုလျှော့ချနိုင် မယ်။ ဘတ်စ်ကားသွားလာမှု စနစ် ပိုကောင်းဖို့ရည်ရွယ်ပါတယ်။ ယာဉ် စီးသူတွေလည်း ပိုပြီးအန္တရာယ် ကင်းသွားမယ်''ဟု ပြောသည်။ ဆူးလေဘုရားလမ်းအတွင်း ပိုင်းသို့ ယာဉ်လိုင်း သုံးလိုင်းကို ဝင် ရောက်ရပ်နားကာ ခရီးသည်တင် ခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် ဘက်စ်ကားများ အဝင်အထွက် အဆင်ပြေစေရန်အတွက် ရန်ကုန် စည်ပင်အနေဖြင့် လမ်းလိုအပ်ချက် များရှိပါက ဖြည့်ဆည်းကာ ယာဉ် ကြောကျပ်တည်းမှု မဖြစ်စေရန် ကူညီပေးမည်ဖြစ်သည်။


ယင်းနှင့်ပတ်သက်ပြီး YBS  -36  စီးမည့် ခရီးသည်တစ်ဦးက ''အရင်ကတော့ ဆူးလေမှတ်တိုင် ကိုလာတဲ့ ကားတွေကများတော့ ကိုယ်စီးချင်တဲ့ကားက လမ်းအဆင် မပြေရင် အဝေးကြီးမှာ ရပ်တော့ ပြေးတက်ရတယ်။ ခုက ၃၆ ဆိုရင် ဘယ်နားမှာရပ်မယ်ဆိုတဲ့ မှတ်တိုင် လေး တိတိကျကျရှိသွားတော့ ကိုယ်စီးရမယ့် မှတ်တိုင်မှာ သွား စောင့်နေရုံပဲဆိုတော့ စနစ်ပိုကျ သွားတာပေါ့''ဟု ပြောသည်။ ဆူးလေဘုရားလမ်းပေါ်ရှိ ဆူးလေမှတ်တိုင်တွင် YBS-36,   YBS -3 , YBS  -28,   YBS  -87, YBS  -29, YBS  -78 ,YBS  -12, YBS-61, Airport- Sule ၊ စုစုပေါင်း ယာဉ်လိုင်း ကိုးလိုင်းရှိ ပြီး ယာဉ်စီးရေ ၅ဝဝ ခန့် ဖြတ်သန်း နေကြောင်း သိရသည်။


၂ဝ၁၈ ခုနှစ် အောက်တို ဘာလက မဟာဗန္ဓုလပန်းခြံရှေ့ ရှိ ဆူးလေမှတ်တိုင်တွင်လည်း မှတ် တိုင်တစ်ခုတည်းတွင် YBS ယာဉ် လိုင်းများအားလုံး စုပုံရပ်နားခြင်းအစားယာဉ်လိုင်းနံပါတ်အလိုက်မှတ်တိုင်နေရာများ ခွဲခြားရပ်နား သည့် စနစ်ပိုင်းလော့ ပရော့ဂျက် ကို ရက်သတ္တပတ်ကြာ ပြုလုပ်ခဲ့ပြီး ယင်းပိုင်းလော့ပရော့ ဂျက်ကာလ အပြီးတွင်လည်း ခရီးသည်များနှင့် ယာဉ်လိုင်းများသည် အဆိုပါ ပိုင်း လော့ပရော့ဂျက်စနစ်ကို ဆက်လက် ကျင့်သုံးနေကြောင်း သိရသည်။

TTMT

#democracytoday

Rate this item
(0 votes)
back to top