HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ကမ္ဘာ့အချမ်းသာဆုံး လူ ၂၆ ဦး၏ ကြွယ်ဝချမ်းသာမှုမှာ ကမ္ဘာ့အဆင်းရဲဆုံး လူထက်ဝက်၏ ပိုင်ဆိုင်မှုနှင့် ညီမျှနေ

ကမ္ဘာ့အချမ်းသာဆုံး လူ ၂၆ ဦး၏ ကြွယ်ဝချမ်းသာမှုမှာ ကမ္ဘာ့အဆင်းရဲဆုံး လူထက်ဝက်၏ ပိုင်ဆိုင်မှုနှင့် ညီမျှနေ

ဒါဗို့စ်၊ ဇန်နဝါရီ ၂၁

ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးပုဂ္ဂိုလ် ၂၆ ဦးတို့၏ ပိုင်ဆိုင်မှုမှာ ကမ္ဘာ့အဆင်းရဲဆုံးလူသားများထက်ဝက်၏ ပိုင်ဆိုင်မှုနှင့်ညီမျှကြောင်း Oxfam အဖွဲ့က ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်လိုက်သည်။ ယင်းအဖွဲ့က အစိုးရများကိုလည်း ဝင်ငွေမညီမျှမှုလျော့ပါးရန်အတွက် ချမ်းသာသူများထံမှ အခွန်များတိုးမြှင့်ကောက်ခံကြရန် တိုက်တွန်းလိုက်သည်။

အလှူအတန်းပေးအဖွဲ့၏ အစီရင်ခံစာအသစ်အား ဒါဗို့စ်မြို့ ကမ္ဘာ့ စီးပွားရေးဆွေးနွေးပွဲမတိုင်မီ ကြိုတင်ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ ထို့အ ပြင် အစီရင်ခံစာက ကမ္ဘာတစ်ဝန်းလုံးမှ ချမ်းသာသောဘီလျံနာများအားလုံး ၏ နေ့စဉ်ဝင်ငွေမှာ ၂ဝ၁၈ ခုနှစ်က တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရှိကြောင်း ဖော်ပြခဲ့သည်။

 

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Amagon CEO  ဂျက်ဖ်ဖီဇို့စ်၏ ချမ်းသာမှုမှာ တိုးပွားလာခဲ့ပြီး လွန်ခဲ့သောနှစ်က အမေရိကန်ဒေါ်လာ ၁၁၂ ဘီလီယံရှိခဲ့ကြောင်း Oxfam  က ပြောကြားလိုက်သည်။ ဂျက်ဖီဇို့စ်၏ ပိုင်ဆိုင်မှု တစ်ရာခိုင်နှုန်းမှာ အီသီယိုပီးယားနိုင်ငံ၏ ကျန်းမာရေးဘတ် ဂျက်နှင့်ညီမျှကြောင်း သိရသည်။ အီသီယိုပီးယားနိုင်ငံတွင် လူဦးရေ ၁ဝ၅ သန်းရှိသည်။ ကမ္ဘာပေါ်ရှိ ဆင်းရဲမှုအောက်ရှိသူ ၃ဒသမ၈ဘီလီယံမှာ `4တို့၏ ဝင်ငွေမှ ယခင်နှစ်က ၁၁ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း၊ ဆင်းရဲချမ်းသာ ကွာဟမှုများခြင်းကြောင့် ဆင်းရဲမှုတိုက်ဖျက်ရေးကို ထိခိုက်မှုဖြစ်စေ ကြောင်း Oxfam  က ဖော်ပြခဲ့သည်။ ဤကိစ္စကြောင့် စီးပွားရေးထိခိုက်စေ ပြီး လူထု၏ဒေါသကို မီးမွှေးပေးရာရောက်စေကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။


ကမ္ဘာတစ်ဝန်းလုံးရှိလူများသည် ဒေါသထွက်နေကြပြီး ဘဝင်မကျ ဖြစ်နေကြရကြောင်း၊ Oxfam ဒါရိုက်တာ ဝိန်းနိုင်းစ်ဘယမ်ယီမာက သတိပေးပြောကြားလိုက်သည်။ ၁၉၈ဝ ပြည့်နှစ်နှင့် ၂ဝ၁၆ ကြားကာလ အဆင်းရဲဆုံးလူသားများ မှာ ကမ္ဘာဝင်ငွေတိုးတက်မှုတွင် တစ်ဒေါ်လာ၏ ၁၂ ဆင့်သာရရှိကြောင်း၊ အမြင့်ဆုံး ၂၇ ဆင့်ရသူမှာ တစ်ရာခိုင်နှုန်းသာရှိကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။


အစိုးရများအနေဖြင့် ကျန်းမာရေး၊ ပညာရေး စသည့် လူထုဝန်ဆောင် မှုများကိုတိုးမြှင့်ကာ တစ်ချိန်တည်းတွင် ချမ်းသာသူများထံမှ အခွန်တိုး ကောက်ရမည်ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။ အမေရိကန်ကွန်ဂရက်အမတ် အလက်ဇန္ဒရီးယားအိုကာဆီယို့ကော် တက်ဇ်က ချမ်းသာသူများအား အခွန် ၇ဝရာခိုင်နှုန်းတိုးကောက်ရန် တိုက် တွန်းခဲ့သည်။ ချမ်းသာသူများသည် ၎င်းတို့ပိုင်ဆိုင်မှု၏ ဝဒသမ၅ရာခိုင် နှုန်းကို အခွန်ပေးနေကြသည်ဟု Oxfam က ပြောကြားလိုက်သည်။  ကလေး ၂၆၂ သန်းကိုကျောင်းထားနိုင်ရန်နှင့် ကလေး ၃ဒသမ၃သန်း ကိုအသက်ကယ်ရန် ချမ်းသာသူများထံမှ အခွန်တိုးကောက်ရမည်ဟု Oxfamာ အဖွဲ့က ဖော်ပြလိုက်သည်။

AFP/CNN

#democracytoday

Rate this item
(0 votes)
back to top