ခရမ်းချဉ် ဗမာသီးများ ဈေးကျဆင်းနေသဖြင့် တောင်သူများ အရှုံးပေါ်နေ

မုံရွာ၊ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာဈေးကွက်တွင် ခရမ်းချဉ်ဗမာသီးများ ဈေးကွက် စဖွင့်စဉ်သုံးလခန့်က တစ်ပိဿာလျှင် ကျပ်နှစ်ထောင်နီးပါးရှိခဲ့ရာမှ ယခုအခါ ဈေးဆက်တိုက်ကျဆင်းနေ၍ တောင်သူများ စိုက်စရိတ်အရှုံး ပေါ်နေကြောင်းသိရသည်။ မုံရွာခရိုင်နှင့် ယင်းမာပင်ခ ရိုင်မှ ခရမ်းချဉ်သီးစိုက်တောင်သူများသည် နေ့စဉ် မုံရွာဈေးကွက်သို့ ခရမ်းချဉ်သီးများ ပိဿာချိန် သောင်းချီလာရောက်တင်သွင်းနေသော်လည်း ခရမ်းချဉ်ပွဲရုံသွင်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁ဝဝ ခန့်သာ ဈေးရရှိ နေသည်။
''တစ်ဧကကို စိုက်စရိတ်၊ ခူးဆွတ်စရိတ်က ကျပ်နှစ်သိန်း ကျော် လောက်ကျတာ။ ဒါတောင် မုံရွာကိုလာပို့တာက ကိုယ့်ဆိုင်ကယ်နဲ့ ကိုယ်သယ်ပြီး နေ့တိုင်းလာပို့လို့ အလုပ်သမားခမကုန်ဘူး။ အသီးဆွတ်ဖို့ လူငှားခက တစ်ရက်ကျပ် ငါးထောင်ပေးရတယ်။ ဈေးက ဆက် တိုက်ကျနေတာ၊ ပွဲရုံကပယ်တဲ့အသီးဆို ကိုယ့်ဘာသာကို လှည့်ရောင်း ပြီး ဆိုင်ကယ်ဆီဖိုးလေးရအောင် ပြန်ရှာရတယ်'' ဟု ယင်းမာပင် မြို့နယ်မှ ခရမ်းချဉ်စိုက်တောင်သူ ဦးကျော်က ပြောသည်။
ဗမာခရမ်းချဉ်သီးမှာ ရက်ကြာ ကြာအထားမခံသဖြင့် နယ်ဝေးသို့ တင်ပို့ရန် အဆင်မပြေသောကြောင့် ထိုင်ဝမ်ခရမ်းချဉ် ပင်ထောင်ခရမ်းချဉ်၊ အင်းသီးများကဲ့သို့ ဈေးမရခြင်း ဖြစ်ကြောင်း ပွဲရုံများကပြောသည်။ ဒီနှစ် ရန်ကုန်ဘက်ကလည်း အမှာနည်းတယ်။ သူကလည်း ဧရာဝတီဘက်က အထွက်များရင် ကျွန် တော်တို့ဘက် မမှာတော့ဘူး'' ဟု ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။
ရန်ကုန်၊ မန္တလေးမြို့များမှ ဗမာခရမ်းချဉ်သီး မှာယူမှုများပါက ခရမ်းချဉ်ပွဲရုံများ တစ်ရက်လျှင် ပိဿာချိန် ၅ဝဝဝဝအထိ တင်ပို့ရ ကြောင်း သိရသည်။ ဗမာခရမ်းချဉ်သီးသည် ဈေး ကွက်စဖွင့်စဉ် သုံးလခန့်က တစ်ပိ ဿာလျှင် ကျပ်နှစ်ထောင်နီးပါးရှိခဲ့ ရာမှ တဖြည်းဖြည်းဈေးနှုန်းကျဆင်း သွားခြင်းဖြစ်သည်။
KTS
#democracytoday