HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ယခုရက်ပိုင်းတွင် မြန်မာ-အိန္ဒိယနယ်စပ်၌် ကွမ်းသီးအစိုများ ယခင်နှစ်ကထက် တန်ချိန်ရာနှင့်ချီ တင်ပို့ရောင်းချနေရ

ယခုရက်ပိုင်းတွင် မြန်မာ-အိန္ဒိယနယ်စပ်၌် ကွမ်းသီးအစိုများ ယခင်နှစ်ကထက် တန်ချိန်ရာနှင့်ချီ တင်ပို့ရောင်းချနေရ

ကလေး၊ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေကြီး ကလေးဒေသနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်မှ ထွက်ရှိသည့် ကွမ်းသီးအစိုများကို ယခုရက်ပိုင်းတွင် မြန်မာ-အိန္ဒိယနယ်စပ်သို့ တန်ရာနှင့်ချီတင်ပို့ရောင်းချ နေရကြောင်းသိရသည်။ ကလေးဒေသနှင့် ချင်းတွင်း မြစ်ရိုးတစ်လျှောက်မှ ထွက်ရှိသည့် ကွမ်းသီးအစိုများကို နှစ်စဉ်ဇန်န ဝါရီလဆန်းမှ မတ်လကုန်အထိ မြန်မာ-အိန္ဒိယနယ်စပ် ဈေးကွက်သို့ တင်ပို့ရောင်းချမှုများရှိရာ ယခု နှစ်တွင်နယ်စပ်မှ အများဆုံးဝယ် ယူနေကြခြင်းဖြစ်သည်။

''နှစ်စဉ်ကတော့ လမ်းပန်း ဆက်သွယ်ရေးနဲ့ တစ်ဖက်နိုင်ငံ အခြေအနေကြောင့် အရောင်းအ ဝယ်ပါးခဲ့တယ်။ အခုနှစ်မှာတော့ အရောင်းအဝယ် အခြေအနေက ဇန်နဝါရီလဆန်းချိန်ကစပြီး အ ရောင်းအဝယ် ကောင်းမွန်ခဲ့တဲ့အတွက် ကွမ်းသီးအစို တန်ရာချီ ရောင်းရနေတာမျိုးဖြစ်တယ်'' ဟု နယ်စပ်ကုန်သွယ်ရေးရုံးမှ တာဝန် ရှိတစ်ဦးက ဇန်နဝါရီလ ၂၂ရက်တွင် ပြောကြားသည်။ မြန်မာ- အိန္ဒိယနယ်စပ် ရောင်းဝယ်ရေးသို့ ကွမ်းသီးအစို လာရောက်ရောင်းချသည့် ကုန်သည် ၂ဝ ဝန်းကျင်ခန့်ရှိပြီး မြန်မာ ဘက်ရှိ အရောင်းအဝယ်ဈေးကွက် တွင် ကွမ်းသီးကို အလုံးကောက် ဝယ်ယူရပြီး နယ်စပ်ပွဲရုံများတွင်လည်း အလုံးကြီး၊ အလုံးသေး စသည်ဖြင့် ရွေးချယ်ရောင်းဝယ် ကြသည်။


''ကွမ်းသီးအစိုတွေကတော့တန်ရာချီပြီး အရောင်းအဝယ် ဖြစ်နေတယ်။ ဒါပေမဲ့ အားလုံးပေါင်း ဘယ်လောက်ရှိမယ်ဆိုတာတော့အတည်မပြုနိုင်သေးဘူး။ အခုနှစ်က နယ်စပ်မှာ အရောင်းအဝယ် နှစ်တိုင်းထက်ကောင်းမွန်တော့ နယ်စပ်အရောင်းအဝယ်သမား တွေ အဆင်ပြေကြပါတယ်'' ဟု နယ်စပ်ကုန်သွယ် ရောင်းဝယ်ရေး မှကုန်သည်ဦးဝင်းမောင်က ပြောသည်။ ယခုရက်ပိုင်းတွင် မြန်မာ-အိန္ဒိယနယ်စပ်ပွဲရုံ၌ ကွမ်းသီးအစို အလုံးကြီးတစ်လုံးလျှင် မြန်မာငွေ ကျပ်၂ဝနှင့် အလုံးသေးတစ်လုံးလျှင်၁ဝကျပ်ဝန်းကျင်ဖြင့် ဝယ်ယူ နေကြပြီး ကလေးမြို့ ကွမ်းသီးအစို ရောင်းဝယ်ရေးတွင် ကွမ်းသီးအစို အလုံးလှလှတစ်လုံးလျှင် ၁၂ကျပ် ဝန်းကျင်နှင့် အသေးတစ်လုံးလျှင် ငါးကျပ်ဝန်းကျင်ဖြင့် ဝယ်ယူကြ ကြောင်းသိရသည်။ 

MOS

#democracytoday

Rate this item
(0 votes)
back to top