HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အစိုးရတိုင်း၏ အဓိကတာဝန်မှာ နိုင်ငံအကျိုးစီးပွား ကာကွယ်ရန်ဖြစ်၊ ယခင်အစိုးရ အတည်ပြုခဲ့သည့် ဆိုးသော စီမံကိန်းများကို ပြုပြင်သွားရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆို

အစိုးရတိုင်း၏ အဓိကတာဝန်မှာ နိုင်ငံအကျိုးစီးပွား ကာကွယ်ရန်ဖြစ်၊ ယခင်အစိုးရ အတည်ပြုခဲ့သည့် ဆိုးသော စီမံကိန်းများကို ပြုပြင်သွားရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၂

အစိုးရတိုင်း၏အဓိကတာဝန်မှာ နိုင်ငံအကျိုးစီးပွားကာကွယ်ရန်ဖြစ်ပြီး ယခင်အစိုးရအတည်ပြုခဲ့သည့် ဆိုးသောစီမံကိန်းများကို ပြုပြင်သွားရမည်ဟု နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားသည်။  ဇန်နဝါရီ ၂၂ ရက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကျင်းပသည့် လူထုတွေ့ဆုံပွဲတွင် ကျောင်းသားတစ်ဦး မေးမြန်းသည့်မေးခွန်းအပေါ် အထက်ပါအတိုင်းပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။ ယခင်အစိုးရအကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းများကို ယခုအစိုးရလက်ထက်တွင် မည်ကဲ့သို့ဆောင်ရွက်ရသည်ကို သိရှိလို ကြောင်း မြစ်ဆုံစီမံကိန်းကို ဥပမာ ပေး၍ မေးမြန်းခဲ့ခြင်းဖြစ်သည်။

နိုင်ငံကို ဆိုးကျိုးဖြစ်စေပါက ထိခိုက်မှုမရှိအောင် ကာကွယ်ရမည်ဖြစ်သော်လည်း နိုင်ငံနှင့်ပြည်သူအတွက် ကောင်းမွန်သည့်စီမံ ကိန်းများကိုမူ လက်ရှိအစိုးရ၏မူ နှင့်ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ဆက်လုပ်ရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဖြေကြားခဲ့သည်။


''ဒီနိုင်ငံမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုကို နိုင်ငံခြားကနေပြီးတော့လာပြီး ထူထောင်ထားတယ်။ အဲဒီအချိန်တုန်းက ခွင့်ပြုခဲ့တဲ့အစိုးရက မရှိတော့တဲ့အခါကျတော့ နောက်အစိုးရက ဒါငါတို့ခွင့်ပြုခဲ့တဲ့စီမံ ကိန်းမဟုတ်လို့ ဖျက်စေဆိုပြီး လုပ်လိုက်ရင် နောင်ဘယ်စီးပွား ရေးလုပ်ငန်းရှင်ကမှ ဒီနိုင်ငံမှာ ရင်းနှီးချင်တော့မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အနေနဲ့ငါတို့ကို ဒီအစိုးရကတော့ ကတိကဝတ်တွေလုပ်ထားပြီး တော့ နောက်အစိုးရကဆက်ပြီး တော့ ဒီကတိအတိုင်း မတည်ဘူးဆိုရင်တော့ ဘာမှယုံကြည်ချင် စရာမရှိဘူး။ ယုံကြည်လို့မသင့်တဲ့ နိုင်ငံမျိုးဖြစ်သွားမယ်။ ဒါကြောင့် မို့လို့ အစိုးရတိုင်း၊ အစိုးရတိုင်းရဲ့ အဓိကတာဝန်ကတော့ နိုင်ငံရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့ပဲ။ အရင်အစိုးရလုပ်ထားတာ ကြိုက်တာ၊ မကြိုက်တာ ဒါနဲ့ဘာမှမဆိုင်ဘူး။ အရင်အစိုးရလုပ်ခဲ့တဲ့အထဲမှာ နိုင်ငံအတွက် ကောင်းတာရှိ ရင်ဆက်ပြီးတော့ လုပ်သွားရမယ်။ နိုင်ငံအတွက် ဆိုးတဲ့ဟာဆိုရင် ဒီဆိုးကျိုးတွေ ထိရောက်မှုမရှိ အောင် ကိုယ်ကနေပြုပြင်သွားရ မှာဖြစ်ပါတယ်''ဟု ပြောသည်။


မူမတူတိုင်း ဖျက်သိမ်းမည်ဆိုပါက ပြည်ပရင်းနှီးမြှုပ်နှံသူများက အယုံအကြည်ကင်းမဲ့သွားမည် ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အထူးသဖြင့် ဒီမိုကရေစီအစိုးရတစ်ရပ်အနေဖြင့် လုပ်ချင်တိုင်းလုပ်ခွင့်မရှိ ကြောင်း ၎င်းကပြောသည်။ ''အစိုးရဆိုတာဟာ နိုင်ငံ့အတွက်ပဲ။ နိုင်ငံနဲ့ပြည်သူပြည်သား တွေအတွက်ပဲ။ နိုင်ငံနဲ့ ပြည်သူ ပြည်သားတွေအတွက်ဆိုတော့ နိုင်ငံနဲ့ ပြည်သူပြည်သားတွေဖွံ့ဖြိုးတိုးတက်ရေးလုပ်ပေးရမယ်။ နိုင်ငံနဲ့ ပြည်သူပြည်သားတွေရဲ့ ဂုဏ်သိက္ခာကိုလည်းကာကွယ်ရမယ်။ အစိုးရတစ်ခုက ဂုဏ်သိက္ခာမဲ့လို့ ရှိရင် နိုင်ငံပါဂုဏ်သိက္ခာမဲ့တယ်'' ဟု ၎င်းကဆိုသည်။

HWA

#democracytoday

Rate this item
(0 votes)
back to top