HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ကျွမ်းကျင်လုပ်သားလိုအပ်နေ

ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ကျွမ်းကျင်လုပ်သားလိုအပ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉- နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် ကျွမ်း ကျင်လုပ်သား လိုအပ်နေဟု အ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

လက်ရှိတွင်လည်း မြန်မာ့ အထည်ချုပ် လုပ်ငန်းများရှိ လုပ် သားအများစုသည် လုပ်ငန်းကျွမ်းကျင် အသိအမှတ်ပြု လက်မှတ်များ မရှိဘဲ လုပ်ငန်းခွင် အတွေ့အကြုံ ဖြင့်သာ ကြုံသလို လုပ်ကိုင်နေကြ ကြောင်း ဖေဖော်ဝါရီ ၉ ရက် ရန်ကုန်မြို့ UMFCCI တွင် ပြုလုပ်သည့် အောင်မြင်မှုအထည်ချုပ်သင်တန်းကျောင်းမှ ထူးချွန်ကျောင်းသား များနှင့် ပူးပေါင်းဆောင်ရွက်မှု အ ကောင်းဆုံးစက်ရုံများအား ဂုဏ်ပြု ဆုလက်မှတ် ချီးမြှင့်ပေးအပ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြော ဆိုခဲ့ခြင်း ဖြစ်သည်။ 

''လက်ရှိအချိန်မှာ နိုင်ငံအတွင်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာတာနဲ့အမျှ အထည်ချုပ်လုပ်ငန်းအပါအဝင် အခြားအလုပ်အကိုင်တွေမှာ စနစ်ကျတဲ့ ကျွမ်းကျင်လုပ်သားတွေ လိုအပ်နေပါ တယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

၂ဝ၁၈ ခုနှစ် ဒီဇင်ဘာအထိ စာရင်းအရ မြန်မာနိုင်ငံ၌ CMP အထည်ချုပ်စက်ရုံပေါင်း ၃၅၆ ရုံ ရှိပြီး လုပ်သားပေါင်း ၂၁၇၇၈၇ ဦး ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် အထည်ချုပ်စက်ရုံပေါင်း ၃၁ဝ ရုံရှိပြီး လုပ်သားပေါင်း ၁၇၉၁၅၂ ဦးရှိကြောင်း၊ သို့သော် ကျွမ်းကျင်မှု အဆင့်(၁) အောင်မြင်ကြောင်းလက်မှတ်ရရှိထားသည့် လုပ်သားဦးရေ မှာ ၂ဝဝဝ ကျော်သာရှိကြောင်း သိ ရသည်။

ဖေဖော်ဝါရီ ၈ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ပင်လုံ အလုပ်သမား သင်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် အောင်မြင်မှု အထည်ချုပ် သင်တန်းကျောင်းအ နေဖြင့် ၂ဝ၁၇ ခုနှစ် စက်တင်ဘာ လမှ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလအ ထိ မော်တာအထည်ချုပ်သင်တန်း သား ၄၄၅ ဦး၊ အထည်ချုပ်နည်းပြ သင်တန်းသား ၆၃ ဦး၊ အထည်ချုပ် စက်ပြင် သင်တန်းသား ၁၇ ဦး၊ အ ထည်ချုပ် အရည်အသွေးစစ်ဆေး ခြင်း သင်တန်းသား ၂ဝ တို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အထည်ချုပ် အလုပ်အကိုင် ကျွမ်းကျင်မှုအဆင့် (၁) လက်မှတ်ရရှိသူ ၃၁၅ ဦးရှိခဲ့ ကြောင်း သိရသည်။

KSK/DemocracyToday

Rate this item
(0 votes)
YMG

back to top