HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုအခက်အခဲများကြောင့် လေးလတာအတွင်း မူဆယ်ကုန်သွယ်ရေးစခန်း၏ ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၆၆၅ သန်းခန့် ကျဆင်းခဲ့

မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုအခက်အခဲများကြောင့် လေးလတာအတွင်း မူဆယ်ကုန်သွယ်ရေးစခန်း၏ ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၆၆၅ သန်းခန့် ကျဆင်းခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၉- မြန်မာ- တရုတ် နှစ်နိုင်ငံကုန်သွယ်မှု မချော မွေ့ခဲ့မှုကြောင့် လေးလတာကာလ အတွင်း မူဆယ်ကုန်သွယ်ရေးစခန်း ၏ ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ် လာ ၆၆၅ သန်းခန့် ကျဆင်းမှုရှိလာ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

နယ်စပ်ကုန်သွယ်မှု အများဆုံး ပြုလုပ်လျက်ရှိသော ယင်းမူဆယ် နယ်စပ် ကုန်သွယ်ရေးစခန်းတွင် တရုတ်နိုင်ငံ၏ တရားမဝင်ကုန်သွယ် မှု တားဆီးထိန်းချုပ်ရေး စီမံချက် အရ အောက်တိုဘာလ ပထမပတ် မှစတင်၍ တရားမဝင် ကုန်သွယ်မှု များ ဆောင်ရွက်နေသည့်အပေါ် တရုတ်အစိုးရမှ လုံခြုံရေးတင်းကျပ် စွာဖြင့် ပိတ်ဆို့ထားရှိခဲ့ခြင်း၊ တရုတ် ကုန်စည် စစ်ဆေးမှုစနစ် ကြာမြင့် ခြင်းကြောင့် ကုန်တင်ကားကြီးများ စီးရေ ထောင်ကျော် မူဆယ်တွင် ရက်ကြာရှည် ပိတ်ဆို့ခဲ့ခြင်းစသည့် အချက်များကြောင့် ယခု ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်စမှ လေးလတာ ကာလအတွင်း မူဆယ်နယ်စပ်ကုန် သွယ်ရေးစခန်း၏ ပို့ကုန်တင်ပို့နိုင် မှုမှာ အမေရိကန်ဒေါ်လာ ၇၃၅ ဒသမ ၂၈၁ သန်းသာရှိပြီး ယမန် နှစ် ကာလတူတွင် အမေရိကန်ဒေါ် လာ ၁၃၉၉ ဒသမ ၈၈၄ သန်း တင် ပို့နိုင်ခဲ့သဖြင့် ကာလတူ နှိုင်းယှဉ်ပါ က ယမန်နှစ်ထက် အမေရိကန်ဒေါ် လာ ၆၆၄ ဒသမ ၆ဝ၃ သန်းလျော့ ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ''မူဆယ်ရဲ့ ကုန်သွယ်မှုက တော့ သိသိသာသာ ကျဆင်းခဲ့တာပါ။ ကျဆင်းတယ်ဆိုတာက ဒီဘဏ္ဍာ နှစ်စကတည်းက တရုတ်အစိုးရက တရားမဝင် ကုန်သွယ်မှုကို သူတို့ရဲ့ စစ်ဆင်ရေးတစ်ရပ်အနေနဲ့ တားခဲ့ တာဖြစ်တဲ့အတွက်ကြောင့် ကုန်သည် တွေ၊ လုပ်ငန်းရှင်တွေ အခက်တွေ့ ပြီး ပို့ကုန်တွေ မတင်ပို့နိုင်ကြဘူး။ တစ်ဆက်တည်းမှာပဲ တရုတ်ဘက် က စစ်ဆေးရေးစနစ်ကြောင့် ကုန် တင်ယာဉ်စီးရေ ထောင်ချီပိတ်ဆို့ မှု ဖြစ်ပေါ်ခဲ့တယ်။ ကျင့်စန်းကျော့ ဂိတ်ကို ယာယီပိတ်ခဲ့တယ်။ ဒီအ ခြေအနေတွေက တစ်ဖက်နိုင်ငံကို ပို့ ကုန်တွေ မတင်ပို့နိုင်ဘဲ ဖြစ်ခဲ့တယ်။ ဒါကြောင့် ပို့ကုန်ပမာဏက သိသိ သာသာ ကျဆင်းလာတာဖြစ်ပါ တယ်''ဟု ဖေဖော်ဝါရီ ၈ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

မူဆယ်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ကုန် ပစ္စည်းများ တင်ပို့ရာတွင် မြန်မာဘက်မှ တရားဝင် တင်ပို့နေခြင်းဖြစ် သော်လည်း တရုတ်ဘက်မှ အခွန် ပြုခြင်း စသည်တို့ကြောင့် တရုတ် ကုန်သည်များအနေဖြင့် တရားမဝင် ကုန်သွယ်မှုများ ဆောင်ရွက်နေခြင်း ဖြစ်ပြီး မူဆယ်ကုန်သွယ်ရေးစခန်း ၏ ပို့ကုန်တင်ပို့နိုင်မှု ကျဆင်းလျက် ရှိသော်လည်း သွင်းကုန်တင်သွင်း နိုင်မှုမှာ လေးလတာကာလအတွင်း မေရိကန်ဒေါ်လာ ၅၈၂ ဒသမ ဝ၁၄ သန်းရှိပြီး ယမန်နှစ် ကာလတူတွင် အမေရိကန်ဒေါ်လာ ၅၃၂ ဒသမ ၁၆ သန်း တင်သွင်းနိုင်ခဲ့သဖြင့် ကာ လတူ နှိုင်းယှဉ်ပါက ယမန်နှစ်ထက် အမေရိကန်ဒေါ်လာ ၄၉ ဒသမ ၈၅၄ သန်းအနည်းငယ် မြှင့်တင်သွင်းခဲ့ ကြောင်း သိရသည်။

မူဆယ်နယ်စပ် ကုန်သည် ဦးအေးမြင့်က ''တရုတ်ဘက်ကို လယ်ယာထွက်ကုန်တွေ တင်ပို့တဲ့အခါမှာ ဆန်၊ ပြောင်း၊ သကြားတွေကို အများဆုံး တင်ပို့ကြတယ်။ ဆန်၊ ပြောင်း၊ သကြားတွေကို တရုတ်ဘက် နဲ့ ကုန်သွယ်ရတာမှာ မြန်မာဘက် က တရားဝင်ဆိုပေမယ့် တရုတ်ဘက်မှာ တရားဝင် မဟုတ်တဲ့အခြေအနေတွေကြောင့် ဖမ်းဆီးခံရတာတွေ မကြာခဏဖြစ်တယ်။ တရုတ်ဘက်က အဖမ်းအဆီး အရမ်းကြမ်းတဲ့အ ချိန် ဘယ်သူမှ မတင်ပို့နိုင်ကြဘူး။ ပြီးခဲ့တဲ့လတွေမှာ မူဆယ်ကုန်သွယ်မှု အနေအထားက ကုန်သည်တွေအတွက် တော်တော် အခက်တွေ့ စေတယ်။ အခုကတော့ တရုတ်နှစ်ကူးနဲ့မို့ အရောင်းအဝယ်က အေး နေတယ်။ ဖေဖော်ဝါရီနောက်ဆုံး ပတ်လောက်မှာ အရောင်းအဝယ် ပြန်ဖြစ်ကြမှာပါ''ဟု ပြောသည်။

TEEP/DemocracyToday

Rate this item
(0 votes)
YMG

back to top