HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

လျှပ်စစ်ဆိုင်ရာပစ္စည်းများ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုအားနည်းသဖြင့် မြန်မာနိုင်ငံတွင်လျှပ်စစ်အန္တရာယ်များပိုမိုကြုံတွေ့

လျှပ်စစ်ဆိုင်ရာပစ္စည်းများ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုအားနည်းသဖြင့် မြန်မာနိုင်ငံတွင်လျှပ်စစ်အန္တရာယ်များပိုမိုကြုံတွေ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ - မြန်မာ နိုင်ငံတွင် လျှပ်စစ်ဆိုင်ရာပစ္စည်း များကို ပုံမှန်ပြုပြင်ထိန်းသိမ်းမှု (Maintenance) အားနည်းသော ကြောင့် လျှပ်စစ်အန္တရာယ်များ ပို မိုကြုံတွေ့နေကြောင်းနှင့် လျှပ်စစ် နှင့်ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲ၊ ဆွေးနွေးပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအ သီးသီးတွင် ပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။

အဆိုပါအကြောင်းကို ဖေဖော် ဝါရီ ၉ ရက်တွင် မြန်မာနိုင်ငံအင် ဂျင်နီယာကောင်စီ၌ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ PK Myanmar Company နှင့် Thai Union တို့ ပူးပေါင်းကျင်းပသည့် ဟောပြောပွဲသို့ တက်ရောက်လာ သည့် PK Myanmar Company ၏ တာဝန်ရှိသူများထံမှသိရခြင်းဖြစ် သည်။

PK Myanmar Company ၏ GM ဦးစန်းမောင်မောင်က ''လျှပ်စစ်ဝိုင်ယာတွေ အသုံးပြုတဲ့ နေရာမှာ သတ်မှတ်ထားတဲ့နှုန်း တွေရှိတယ်။ အဲဒီသတ်မှတ်နှုန်းအ တိုင်း သုံးဖို့လိုတယ်။ အချို့ဆိုရင် ကြိုးသေးသေးလေးနဲ့ အများကြီး သုံးတာတွေရှိတယ်။ အဲဒါဆိုရင် အန္တရာယ်များတယ်။ ပြဿနာတစ် ခုခုဖြစ်နိုင်တယ်။ တပ်ဆင်တဲ့နေ ရာမှာ ခံနိုင်ရည်အားမျှတအောင် သုံးရင် ဒီအဆောက်အအုံမှာ အန္တ ရာယ်လျော့သွားမယ်။ လျှပ်စစ် ပစ္စည်းတွေမှာ မီးလုံးတွေရှိမယ်။တီဗွီဘုတ်တွေ ရှိမယ်။ ပုံမှန်ပြု ပြင် ထိန်းသိမ်းတာတွေလုပ်ပေး ရမယ်။ အဲယားကွန်းတွေ ဆိုရင် လည်း တစ်လတစ်ကြိမ်လုပ်ပေး သင့်တယ်။ အဲလိုလုပ်နိုင်ရင် လျှပ် စစ်ပစ္စည်းတွေက ရေရှည်ခံတာ ပေါ့။ တစ်ခါတလေကျရင် အ ထဲမှာ ငှက်တွေဝင်နေလား။ အ ခြားအကောင်တစ်ခုခု ကိုက်သွား လားဆိုတာတွေ ကြည့်ပေးရတယ်။ ပစ်ထားတာကြာရင် မကောင်း ဘူး။ မြန်မာပြည်မှာ အားနည်း တာက ပုံမှန်ပြုပြင်ထိန်းသိမ်းမှု (ငြေညအငေညညေခန) အားနည်း တယ်။ ဒါ့ကြောင့် မြန်မာပြည်မှာ အဆောက်အအုံတစ်ခုဆိုရင် နှစ် နှစ်လောက်ဆိုရင် ကျသွားပြီ။ စက် ပစ္စည်းတွေဆိုလည်း အတူတူပဲ။ အဲဒါ Maintenance အားနည်း လို့ဖြစ်ရတာ။ ပုံမှန် Maintenance လေးလုပ်ပေးရင် လျှပ်စစ်အန္တရာယ် လည်းကင်းတယ်။ ရေရှည်လည်းခံ တယ်''ဟု ပြောသည်။

လျှပ်စစ်နှင့် ပတ်သက်သည့် ဗဟုသုတများရရှိစေရန် ပြည်နယ် နှင့် တိုင်းဒေသကြီးအသီးသီးတွင် ဟောပြောပွဲ၊ ဆွေးနွေးပွဲများပြု လုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

''အဓိကကတော့ ဒီပွဲလေး လုပ်တာကတော့ Thai Union နဲ့ ကျွန်တော်တို့ PK Myanmar Company တို့ ပူးပေါင်းပြီး လျှပ် စစ်နဲ့ပတ်သက်လို့ အသိပညာမျှ ဝေတာပါ။ ဒါက ပထမဦးဆုံးခြေ လှမ်းပါ။ ပြီးရင် ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးမှာ သွား ရောက်လုပ်ဖို့ရှိပါတယ်။ ဆရာတို့ ဆီမှာ နှစ်စဉ် လျှပ်စစ်အန္တရာယ် ကြောင့် မီးလောင်မှုများတယ်။ လျှပ်စစ်နဲ့ ပတ်သက်လို့အသိပညာ တွေအားနည်းခဲ့တယ်။ နယ်တွေ မှာ တော်တော်လေးအားနည်းနေ လို့ အသိပညာတွေကလွဲမှားနေလို့ ပေါ့။ ဒါကြောင့်အသိပညာမျှဝေ ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကိုယ်တတ်နိုင်တဲ့ အပိုင်းကပေါ့။ ရန်ကုန်ပြီးရင် မန္တလေး၊ တောင် ကြီး၊ စစ်ကိုင်း၊ မကွေး ဒီနှစ်ထဲမှာ တော့ အနည်းဆုံး ခုနစ်ခုလောက် သွားမယ်''ဟု PK Myanmar Company ၏ CEO ဦးအောင် ဆွေသိုက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ယင်းဟောပြောပွဲသို့ ဆောက် လုပ်ရေးလုပ်ငန်းခွင်များတွင် လျှပ် စစ်ဆိုင်ရာများ ဆောင်ရွက်နေကြ သူများနှင့် နည်းပညာတက္ကသိုလ်၊ နည်းပညာသင်တန်းကျောင်းများ မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး PE, RSE, RE လျှောက်ထားသူများအတွက် လည်း ဟောပြောပွဲမှ CPD 3hrs ရရှိခဲ့ကြောင်းသိရသည်။

PK Myanmar Company နှင့် Thai Union တို့ ပူးပေါင်း ကျင်းပသောအဆိုပါ ဟောပြောပွဲ တွင် ထိုင်းနိုင်ငံသား ကျွမ်းကျင် ပညာရှင် Mr.Prasitt Hemwar apornchai က Electrical Safety and Quality installation Tips ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။

TTHL/DemocracyToday

Rate this item
(0 votes)
YMG

back to top