HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မြန်မာပဲကို အိန္ဒိယက မဝယ်ရန် ရာခိုင်နှုန်းများနေသဖြင့် တရုတ်အကြိုက် ပဲများစိုက်ကာ ဈေးကွက်သစ်ရှာမည်ဟုဆို

မြန်မာပဲကို အိန္ဒိယက မဝယ်ရန် ရာခိုင်နှုန်းများနေသဖြင့် တရုတ်အကြိုက် ပဲများစိုက်ကာ ဈေးကွက်သစ်ရှာမည်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ဝ- မြန်မာ ပဲကို အိန္ဒိယက မဝယ်ရန် ရာခိုင် နှုန်းများနေသဖြင့် တရုတ်အကြိုက် ပဲများစိုက်ကာ ဈေးကွက်သစ်ရှာမည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန် ကြီးဦးအောင်ထူးက ပြောသည်။

ဖေဖော်ဝါရီ ၁ဝ ရက် ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း နှင့် OATA တို့ ပူးပေါင်းကျင်းပသည့် World Pulses Day 2019 အခမ်းအနားအပြီး မီဒီယာများ၏မေးမြန်းမှုကို ဒုဝန်ကြီးဦးအောင်ထူး က အထက်ပါအတိုင်း ပြောခဲ့သည်။

မြန်မာ့ပဲကို အိန္ဒိယနိုင်ငံအ ပြင် ဈေးကွက်အသစ်အဖြစ် တရုတ် နိုင်ငံယူနန်၊ တရုတ်နိုင်ငံအရှေ့ဘက် နှင့် မြောက်ဘက်တို့ရှိ ပြည်နယ်များ နှင့် ချိတ်ဆက်ရန် စီစဉ်နေပြီဖြစ် ကြောင်း တရုတ်နိုင်ငံ ဈေးကွက်ဝင် ပဲအမျိုးအစားများမှာ ထောပတ်ပဲ နှင့် စားတော်ပဲ တို့ဖြစ်ကြောင်း၊ ထို့ ကြောင့် လက်ရှိစိုက်ပျိုးနေသော မတ်ပဲနှင့် ပဲစင်းငုံနေရာတွင် တရုတ် ကြိုက်ပဲများ အစားထိုး ပိုမိုစိုက်ပျိုး ရန် စီစဉ်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောသည်။

''အိန္ဒိယနိုင်ငံမှာ အထွက်က တော်တော်ကောင်းနေတာ ရှိတယ်။ တန်ချိန် ၂၅ သန်း၊ သန်း ၃ဝ လောက် ရှိနေတယ်။ သူတို့က မဝယ်ဖို့ပိုများတယ်။ ပဲအထူးလုပ်ငန်းအဖွဲ့က သုံးသပ်ပြီးတော့ စိုက်မယ့် ပဲအမျိုးအစားကို ပြန်ပြောင်းဖို့၊ ဈေးကွက်က တော့ တရုတ်ဘက်က အဝယ်လိုက် တဲ့ ပဲမျိုးကို ပြောင်းစိုက်ဖို့။ အဲဒါ လည်း မကြာခင် ပဲနဲ့ပတ်သက်တဲ့ လုပ်ငန်းအစည်းအဝေး ကျင်းပဖို့ရှိ ပါတယ်။ ဘာကို စိုက်မလဲပေါ့''ဟု ၎င်းကပြောသည်။

အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းမှု မူဝါဒ အမျိုးမျိုးပြောင်းလဲမှုကြောင့် မြန်မာ့ပဲဈေးကွက်မှာ အတက်အကျ မတည်မငြိမ် ဖြစ်နေရကြောင်း အစိုးရအချင်းချင်း G to G စနစ် ဖြင့် MoU ရေးထိုးထားပါက မူဝါဒ မည်သို့ ပြောင်းသည်ဖြစ်စေ၊ ပြ ဿနာမရှိကြောင်း၊ မြန်မာနိုင်ငံ ပဲ မျိုးစုံနှင့် နှမ်းကုန်သည်များအသင်း မှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

''ပဲနဲ့ပတ်သက်လို့ တရုတ်ဘက်ကို တရားဝင်သွားလို့ရအောင် အပင်ပိုးမွှားကင်းစင်မှုရှိအောင်၊ တရုတ် နိုင်ငံဘက်က လက်ခံနိုင်တဲ့ အရည်အသွေးတွေရှိအောင် ကွာလတီကို သတ်မှတ်ဖို့ ပြင်ဆင်နေပါတယ်။ တရုတ်နယ်စပ်ကတော့ ပဲတီစိမ်း သွားတယ်။ ပင်လယ်ရေကြောင်း က သွားနိုင်အောင်လည်း တရုတ်အစိုး ရကိုယ်တိုင်က လက်ခံနိုင်တဲ့ တရား ဝင်ဖြစ်အောင်လည်း ကြိုးစားပြီး သွားမှာပါ''ဟု ၎င်းက ပြောသည်။

မြန်မာ-တရုတ် နယ်စပ်ကုန် သွယ်ရေး တရားဝင်ဖြစ်စေရန်အ တွက် နှစ်နိုင်ငံအစိုးရချင်း အဖြေ ရှာ ညှိနှိုင်းလျက်ရှိသည်။

မြန်မာ့ပဲကို ဈေးကွက်သစ်ချဲ့ ထွင်လျှင် ကျသင့်မည့် ကုန်ကျစရိတ် များကို အစိုးရနှင့် မြန်မာနိုင်ငံ ပဲမျိုး စုံနှင့် နှမ်းကုန်သည်များအသင်းတို့ ပူးပေါင်းကျခံမည်ဟု သိရသည်။

ယခုလ ၂ဝ ရက်နောက်ပိုင်း အိန္ဒိယတွင် ပြုလုပ်မည့် ကုန်စည် ပြပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး တက်ရောက်ကာ အိန္ဒိယကုန်သွယ်ရေးဝန်ကြီးနှင့် တွေ့ ဆုံမည်ဖြစ်ပြီး မြန်မာ့ပဲကို ခွဲတမ်း စနစ်ဖြင့် ဝယ်ယူရန် ညှိနှိုင်းမည်ဖြစ် ကြောင်း လက်ရှိတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ G to G စနစ်ဖြင့် ပဲဝယ် ယူရေး ကိစ္စရပ်များကို ဆွေးနွေးနေ ကြောင်း သိရသည်။

TTMT/DemocracyToday

Rate this item
(0 votes)
YMG

back to top