HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ရွေးကောက်ပွဲပြုလုပ်ခြင်းမရှိဘဲ ဆန်စပါးအသင်းဥက္ကဋ္ဌသစ် တင်မြှောက်ခြင်းကို ဝေဖန်မှုအချို့ရှိနေ

ရွေးကောက်ပွဲပြုလုပ်ခြင်းမရှိဘဲ ဆန်စပါးအသင်းဥက္ကဋ္ဌသစ် တင်မြှောက်ခြင်းကို ဝေဖန်မှုအချို့ရှိနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ဝ- ရွေး ကောက်ပွဲပြုလုပ်ခြင်းမရှိဘဲ မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ သစ်တင်မြှောက်ခြင်းကို ဝေဖန်မှု အချို့ရှိနေကြောင်းသိရသည်။

''တကယ်တမ်းအသင်းဖွဲ့စည်း မျဉ်းအရဆိုရင် ရွေးကောက်ပွဲလုပ် ရမှာပါ။ အခုက ဘယ်လိုပြောရ မလဲမသိပါဘူး''ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်အဖွဲ့ဝင်တစ်ဦးက ¤င်းအနေဖြင့် အသင်းချုပ်ကို ဒီမိုကရေစီနည်းအရ စံနမူနာပြဖြစ် စေချင်ကြောင်း၊ ရွေးကောက်တင် မြှောက်ခြင်း နည်းလမ်းအရ ဆောင်ရွက်ခြင်းမပြုဘဲ ယခုကဲသို့ ဆောင်ရွက်ပါက အစဉ်အလာအရ မကောင်း နိုင်ကြောင်း ဝေဖန်ပြောကြားသည်။

''အသင်းအတွက် ရေရှည် ကောင်းစေချင်တာ၊ ကိုရဲမင်းအောင် ပဲတက်တက်၊ ကိုလူမော်မြင့်မောင်ပဲ တက်တက် ဦးတို့ကန့်ကွက်တာ မဟုတ်ပါဘူး။ ရွေးကောက်တင်မြှောက် ပွဲလုပ်ပြီး မဲပေးပြီး ဥက္ကဋ္ဌတင် မြှောက်တယ်ဆိုရင်တော့ ဘာမှ မဖြစ်ပါဘူး။ ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာနဲ့ မီဒီယာတွေရော အကုန်လုံးသိအောင် လုပ်ပေးရမှာ အခုတော့ ဘယ်သူ့မှ မသိအောင် ရွေးချယ်ပြီးမှ လုပ်သွားသလို ဖြစ် နေတယ်''ဟု ¤င်းကပြောသည်။

ဆန်စပါးအသင်းချုပ်နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးကမူ ဦးရဲမင်းအောင်သည် နိုင်ငံတကာနှင့် ဆက်သွယ် နိုင်သည့် အရည်အချင်းများ၊ အသင်း၏ ကျန်ရှိသောသူများထက် ပြည့်စုံပြီး လုပ်ရည်ကိုင်ရည်ကောင်းမွန် သောကြောင့် ဦးချစ်ခိုင်နှင့် ကျန်လူ များက ရွေးချယ်ပြီး တာဝန်ပေးခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောသည်။

ဆန်ကုန်သည်တစ်ဦးက ''ဒီ ကိစ္စက ကုန်သည်လောကမှာ တော် တော်ပြန့်နေတယ်။ ဥက္ကဋ္ဌနားသွားရင် ဒုဥက္ကဋ္ဌက တာဝန်ယူရမှာ အတွင်းရေးမှူးက ဥက္ကဋ္ဌတက်လုပ်လို့ ဘာဖြစ်ဖြစ် ပြောင်းလဲလာမလားဘဲ စောင့်ကြည့်ရမယ်''ဟုပြောသည်။

ယင်းအပြင် နုတ်ထွက်သွားသည့် ဦးချစ်ခိုင်အနေဖြင့် ¤င်း၏ တပည့်ဖြစ်သူကို ရွေးချယ်ချန်ထား ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးဘက်သို့ ခြေလှမ်းရန် ပြင်ဆင်နေသည့် ဦးချစ်ခိုင်အနေဖြင့် ¤င်း၏သြဇာခံ တစ်ဦးကို အသင်းဥက္ကဋ္ဌနေရာတွင် ထားရှိထားခြင်းဖြစ်ကြောင်း ဆန် စပါးလောကသားတချို့က ဝေဖန် မှုရှိနေကြသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌဟောင်း ဦးချစ်ခိုင်အနေ ဖြင့် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် က ပြုလုပ်သည့် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် ဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက် အနားယူခွင့် ပြုရန် တင်ပြခဲ့ကာ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဥက္ကဋ္ဌနေရာအ တွက် ဦးရဲမင်းအောင်နှင့် အထွေ ထွေအတွင်းရေးမှူး နေရာအတွက် ဦးလူမော်မြင့်မောင်တို့ကို ရွေးချယ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဖေဖော်ဝါရီ ၁ဝ ရက်က မန္တလေးမြို့တွင် ပြုလုပ်သော မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အထွေထွေညီလာခံနှင့် နှစ်ပတ် လည် အထွေထွေအစည်းအဝေး (ဒုတိယနေ့) အစည်းအဝေးတွင် တာဝန်မှအနားယူခဲ့သည့် ဦးချစ်ခိုင်ကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။

ပြင်ပတွင် ဝေဖန်မှုများနှင့်ပတ် သက်၍ ဦးချစ်ခိုင်က ''ဦးရဲမင်း အောင် ဥက္ကဋ္ဌဖြစ်လာတာကလည်း EC, CEC အစည်းအဝေးကနေ ပြီးတော့ အများရွေးချယ်ပြီး ဖြစ်လာတာပါ။ နောက်ပြီး ဒုတိယဥက္ကဋ္ဌ တွေကို အလှည့်ကျ တာဝန်ပေးအပ် ဖို့လည်း စဉ်းစားပါတယ်။ သို့သော် လည်း တစ်ယောက်ကို ခြောက်လ လောက်နဲ့ ၁၈ လဆိုတဲ့ တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်က ဘယ်လိုမှ အကျိုးသက်ရောက်မှု မရှိနိုင်ဘူးလို့ အားလုံးက ပြန်လည်သုံးသပ်တဲ့အတွက် ကြောင့်မို့ အများဆန္ဒအရ အထွေ ထွေအတွင်းရေးမှူး ဦးရဲမင်းအောင်ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြ တာပါ။ ကျွန်တော်ကနေပြီးတော့ ကိုရဲမင်းအောင်ကို ဥက္ကဋ္ဌတာဝန် ပေးအပ်ပါဆိုပြီး ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး''ဟု ပြောသည်။

ယင်းအပြင် နိုင်ငံရေးလောက သို့ဝ င်ရောက်မည်ဟူသော ပြော ဆိုသံများနှင့်ပတ်သက်၍ မည်သည့် ပါတီမှ ဝင်မည်မဟုတ်သလို မည် သည့်နေရာတွင်မှ ဝင်ရောက်အရွေး ချယ်ခံမည်မဟုတ်ကြောင်း၊ ဆန် စပါးအသင်းအပါအဝင် မည်သည့် အဖွဲ့အစည်းကိုမှ လွှမ်းမိုးချင်သည့် ဆန္ဒမရှိကြောင်း ¤င်းကဆက်လက် ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌဖြစ်လာသူ ဦးရဲမင်းအောင်က ''မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ရွေးချယ်တင်မြှောက်မှုက စဖွဲ့ကတည်းက မဲစနစ်နဲ့ရွေးချယ်တာ။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ရွေးချယ်တင်မြှောက်ပွဲက ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာမှာ လုပ်ခဲ့ တယ်။ ရွေးချယ်တင်မြှောက်ထားတဲ့ EC, CEC အားလုံးရဲ့ သက်တမ်းက ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာမှာကုန်မှာပါ။ လတ်တလော အနေအထားမှာ ဥက္ကဋ္ဌကြီးဦးချစ်ခိုင်က အနားယူချင်တဲ့ အတွက်ကြောင့်မို့ EC, CEC တွေက လစ်လပ်သွားတဲ့နေရာမှာ ယာယီအားဖြင့် နောက် ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်အထိ တာဝန်ယူပေးရတာပါ။ ဖြစ် ပေါ်နေတဲ့ ကောလာဟလ ပြော နေတာကလည်း တစ်ယောက်၊ နှစ် ယောက် လောက်ပါပဲ။ မြန်မာနိုင်ငံဆန်စပါးအသင်းရဲ့ ရွေးချယ်တင် မြှောက်တဲ့အတိုင်းသွားခြင်းဖြစ်ပါတယ်''ဟု ပြောကြားခဲ့ သည်။

ဖေဖော်ဝါရီ ၁ဝ ရက် က မန္တ လေးမြို့တွင် ပြုလုပ်သော မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အ ထွေထွေညီလာခံနှင့် နှစ်ပတ်လည် အထွေထွေအစည်းအဝေး (ဒုတိ ယနေ့)တွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌအဖြစ် ဦးရဲမင်း အောင်ကို အတည်ပြုခဲ့ပြီး အထွေ ထွေအတွင်းရေးမှူးအဖြစ် ဦးလူ မော်မြင့်မောင်ကို တက်ရောက်လာ ကြသော EC, CEC နှင့် တိုင်းဒေ သကြီးနှင့် ပြည်နယ်တို့မှ ညီလာခံ ကိုယ်စားလှယ်များက အတည်ပြု ခဲ့ကြောင်း သိရသည်။

 

Rate this item
(0 votes)
YMG

back to top