HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

တောင်သမန်တွင် နံနက်ခင်းပိုင်း ယင်းထိုးငါးဖမ်းသူ နေ့စဉ် ၅ဝ ခန့်ရှိ၊ တစ်ဦးလျှင် နေ့စဉ်ပိဿာချိန် ၄ဝ အထက်ရရှိသဖြင့် ဝင်ငွေကောင်းနေ

တောင်သမန်တွင် နံနက်ခင်းပိုင်း ယင်းထိုးငါးဖမ်းသူ နေ့စဉ် ၅ဝ ခန့်ရှိ၊ တစ်ဦးလျှင် နေ့စဉ်ပိဿာချိန် ၄ဝ အထက်ရရှိသဖြင့် ဝင်ငွေကောင်းနေ

မန္တလေး၊ ဖေဖော်ဝါရီ ၁ဝ- မန္တလေးတိုင်းဒေသကြီး အမရပူရတောင် သမန်အင်း ရေနည်းချိန်တွင် နေ့စဉ် ယင်းထိုးငါး မ်းသူ ၅ဝ ခန့်ရှိရာ တစ်နံနက်ခင်းပိုင်းလျှင် ယင်းထိုး ဖမ်းဆီးရာမှ နေ့စဉ်ပိဿာချိန် ၃ဝ ကျော်ရရှိသဖြင့် ဒေသခံငါးဖမ်း သူများ ဝင်ငွေကောင်းနေကြောင်း သိရသည်။

တောင်သမန်အင်းရေနည်း ချိန်တွင် အနီးရှိကျေးရွာများမှ ယင်း ထိုးငါးဖမ်းသူများသည် နေ့စဉ် နံနက် ၄ နာရီခွဲခန့်မှ ၈ နာရီ ကျော်အထိ လာရောက်၍ယင်းထိုး ငါးဖမ်းကြပြီး၊ ငါးဖမ်းသူအများစု မှာ တောင်သမန်အင်းအရှေ့ဘက် ရှိ ကျေးရွာများမှ ယင်းထိုးငါးဖမ်း လုပ်ကိုင်ကြသည့် ပျံကျငါးဖမ်းသူ များဖြစ်ကြကာ ¤င်းတို့အနေဖြင့် နေ့စဉ် နံနက် ၄ နာရီတွင် ယင်း ထိုးငါးဖမ်းရန် ပိုက်ကွန်နှင့် ထိုးဝါး များအား ယူဆောင်၍ ဆိုင်ကယ် ဖြင့် လာရောက်ကြကြောင်း၊ စီးလာ သည့် ဆိုင်ကယ်များကို အင်းရေ စပ်ရှိ ယင်းထိုးမည့်နေရာများအနီး ၌ ရပ်တန့်ထားပြီး တစ်နံနက်ခင်း လုံးရေထဲဆင်းကာ ယင်းထိုးဖမ်း ဆီးကြခြင်းဖြစ်သည်။

''အရင်အစိုးရလက်ထက်က အင်းထဲကငါးတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးကို လေလံချပေး လိုက်လို့ ကျွန်တော်တို့အခုလို ဖမ်းခွင့် မရှိပါဘူး။ ဒီဘက်ခေတ်မှာ အင်း လေလံမရှိတော့ပါဘူး။ ဒါ ပေမဲ့ ရေများချိန်မှာ ငါးကြီးတွေ ဖမ်းတဲ့သူမရှိပါဘူး။ အခုလို ရေ နည်းချိန်ကျရင် အင်းထဲက ငါးပေါက်စတွေကို လာဖမ်းကြတာပါ။ အင်း လေလံ မချခင်ခေတ်ကတည်းက အခုလို ဖမ်းနေကျပါ။ ကျွန်တော်တို့တတွေ နံနက်တိုင်းလာဖမ်းလို့ ငါးမျိုးတွေလျော့သွားတာ၊ ပြုန်း တီးသွားတာမရှိပါဘူး။ ယင်းထိုး ဖမ်းတဲ့ငါးသေးတွေက ပေါက်ပွားမှု မြန်လို့ အခုလို နေ့စဉ်ဖမ်းနေပေမယ့် ပိဿာချိန် ၃ဝ၊ ၄ဝ အမြဲ တမ်း ရနေပါတယ်။ ရေကြီးချိန်ကျ ရင် ဒီငါးသေးတွေက ငါးကြီးတွေရဲ့ အစာ ဖြစ်သွားလို့ ဖမ်းလို့မရတော့ ပါဘူး''ဟု တောင်သမန်သို့ လာ ရောက် ယင်းထိုးသူ တောင်သမန် ရွာမှ ငါးဖမ်းလုပ်သားတစ်ဦးက ပြောသည်။

တောင်သမန်အင်းတွင် မိုးတွင်းကာလ၌ မိုးရေနှင့် ဧရာဝတီ မြစ်ရေများဝင်ရောက်သဖြင့် ငါးကြင်း၊ ငါးဝက်မ၊ တီလားဗီးယား စသော ငါးကြီးများလာရောက်ပြီး အဆိုပါငါးကြီးများရှိနေချိန်တွင် အင်းအတွင်းရှိ ငါးသေးများကို စားသဖြင့် ငါးသေးများရှားပါးကာ ရေနည်းချိန်တွင် ငါးကြီးအနည်း ငယ်သာရှိသဖြင့် ပေါက်ပွားမှုနှုန်း ကောင်းသည့် ငါးသေးများမှာ အ များအပြားရှိနေခြင်းဖြစ်သည်။

ရေနည်းချိန်ဖြစ်သည့် ဒီဇင် ဘာလမှစတင်၍ မေလအထိ ယင်းထိုးငါးဖမ်းသူများမှ ငါးသေး များကို လာရောက်ဖမ်းဆီးကြရာ နံနက် ၈ နာရီကျော် အလင်းရောင် ကောင်းချိန်တွင် အဆိုပါ ငါးသေး များမှာ ကမ်းစပ်တွင်နေထိုင်ခြင်း မရှိတော့သဖြင့် နံနက်ခင်းပိုင်းမှ သာ လာရောက်ဖမ်းယူကြရသည်။

တောင်သမန်အင်းအတွင်း ယင်းထိုးငါးဖမ်းရာတွင် ပေါက်ပွား မှုမြန်သည့် ဂျပန်ငါး၊ တီလားဗီး ယား၊ ငါးဝက်မစသော ငါးသေး များသာ အများဆုံးရရှိပြီး ငါးသလဲ ထိုး၊ ငါးစင်ရိုင်းစသော ငါးများ လည်း အနည်းငယ်စီရရှိကြကြောင်း၊ ဖမ်းဆီးရမိသော ငါးအသေးများကို တစ်ဆင့်ခံရောင်းချမည့်သူများက လာရောက်ဝယ်ယူကြရာ ယခုရက် ပိုင်း ငါးအသေးတစ်ပိဿာလျှင် ကျပ် ၄ဝဝ မှ ကျပ် ၉ဝဝ အထိ အရွယ်နှင့် အမျိုးအစားကိုလိုက်၍ ရောင်းချကြရကြောင်း တောင်သ မန်ရေနည်းချိန်တွင် ဒေသခံ ယင်း ထိုးငါးဖမ်းရောင်းချသူများ နေ့စဉ် ဝင်ငွေရရှိ အဆင်ပြေနေကြကြောင်း သိရသည်။

Rate this item
(0 votes)
YMG

back to top