HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ဘဏ္ဍာသိမ်း ထီဆုငွေများမှ ထိုက်သင့်သည့် အချိုးအစားကို ထီဆုမဲအဖြစ် ပြန်လည်ခွဲဝေပေးမည်  

ဘဏ္ဍာသိမ်း ထီဆုငွေများမှ ထိုက်သင့်သည့် အချိုးအစားကို ထီဆုမဲအဖြစ် ပြန်လည်ခွဲဝေပေးမည်   

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ဆုမဲအရေအတွက် ပိုမိုများပြားစေရန် ဘဏ္ဍာသိမ်းထီဆုငွေများအနက်မှ ထိုက်သင့်သောအချိုးအစားကို ထီဆုမဲအဖြစ် ပြန်လည်ခွဲဝေပေးရန် စီမံဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကပြောသည်။ ဖေဖော်ဝါရီ ၁၁ရက်ကကျင်းပသည့် ဒုတိယအကြိမ်ပြည်ထောင်စု လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေးသတ္တမမြောက်နေ့ တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှပေး ပို့သော ၂ဝ၁၈ခုနှစ် ဧပြီလမှစက် တင်ဘာလအထိ ခြောက်လပတ်အခွန်ကောက်ခံရရှိမှု အခြေအနေနှင့် ယင်းအပေါ် ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီ ရင်ခံစာ(၂/၂ဝ၁၉)လွှတ်တော်ကိုယ် စားလှယ်များ၏ ဆွေးနွေးချက်များ အပေါ်ပြန်လည်ရှင်းလင်းရာ၌ ယင်းသို့ပြောခြင်းဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ''ထီပေါက်သူတွေလာရောက် ထုတ်ယူခြင်းမပြုသည့် ဘဏ္ဍာသိမ်းဆုမဲတွေကိုဆုအဖြစ် ပြန်လည်ထုတ် ပေးရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာ ထီစနစ်တွေမှာလည်း ထပ်မံဖွင့်လှစ် မည့်ထီဖွင့်ပွဲတွေမှာ ဆုမဲအဖြစ် ခွဲဝေ ပေးတဲ့အလေ့အထမရှိတာကို လေ့လာတွေ့ရှိရပါတယ်။ ပြည်သူတွေ မျှော်လင့်ယုံကြည်ချက် ပိုမိုတိုးပွား စေပြီး ဆုမဲအရေအတွက်များပြား စေရန်အလို့ငှာ ဘဏ္ဍာသိမ်းထီဆု ငွေများအနက်မှ ထိုက်သင့်အချိုးအစားကို ထီဆုမဲအဖြစ်ပြန်လည်ခွဲ ဝေပေးဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်''ဟု ပြောသည်။ ယင်းအပြင် ထီလုပ်ငန်းရှင်များအား ထီဆိုင်အသီးသီးတွင် ထီကံစမ်းကြသူများ၏ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်စသည်များကို စနစ်တကျမှတ်တမ်းတင်ထားရှိပြီး ဆုမဲပေါက်သူများအား မပျက်မကွက်အကြောင်း ကြားပေးရန် ညွှန်ကြားထားရှိကြောင်း သိရသည်။


ဦးမောင်မောင်ဝင်းက ''လစဉ် လဆန်းတစ်ရက်နေ့တိုင်းထီဖွင့်ပွဲ ကျင်းပပြီးနောက် မိဘပြည်သူများအနေဖြင့် ထီပေါက်သည်ကိုသိရှိစေရန် ထီပေါက်စဉ်တွေကို နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပေးခြင်း၊ ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာဖော်ပြခြင်း၊ ဌာနမှထုတ်ဝေ လျက်ရှိသော Revenue Journal တွင် ထည့်သွင်းဖော်ပြခြင်းတွေအပြင် ထီပေါက်စဉ်တွေကို အခွန်ရုံးအသီးသီးမှ အခမဲ့ဖြန့်ဝေခြင်းတို့ဖြင့်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထီဆိုင် ကြီးများ၊ ရေဒီယိုများ၊ မီဒီယာများမှလည်း ထီပေါက်စဉ်တွေကိုကြေညာ ပေးပြီး ထီပေါက်စဉ်တွေကိုပြည်သူ တွေ လွယ်လင့်တကူသိရှိနိုင်ရေး လူမှုကွန်ရက် facebook မှတစ်ဆင့် အသိပေးနိုင်ရေးကိုလည်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်''ဟု ပြောသည်။


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိအောင်ဘာလေ ထီဖြန့်ဖြူးမှုစနစ်အား ပြန်လည်သုံးသပ်ကာ အသစ်ထပ်မံ ထုတ်ဝေ ရောင်းချမည့် ကျပ်၁ဝဝဝတန်အောင်ဘာလေထီလက်မှတ်များ ဖြန့်ဖြူး ရောင်းချချိန်တွင် ကြိုတင်မှာကြားချက်၊ ဈေးကွက်လိုအပ်ချက်များနှင့် အညီ ထီအက္ခရာလုံးရေအားမှာကြား ရိုက်နှိပ်ဖြန့်ဖြူးခြင်းဖြင့် ထီဈေးနှုန်း ကြီးမြင့်မှုမရှိစေရေးအတွက် စီမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MO

#democracytoday

Rate this item
(0 votes)
back to top