HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

လက်ရှိ အောင်ဘာလေထီ လက်မှတ်များကို ယခင် နှစ်ကျပ်တန်ထီ စနစ်ကဲ့သို့ လက်ခံဖြတ်ပိုင်းဖြင့် ဆောင်ရွက်ရန် ဖြစ်နိုင်ဖွယ် မရှိဟုဆို

လက်ရှိ အောင်ဘာလေထီ လက်မှတ်များကို ယခင် နှစ်ကျပ်တန်ထီ စနစ်ကဲ့သို့ လက်ခံဖြတ်ပိုင်းဖြင့် ဆောင်ရွက်ရန် ဖြစ်နိုင်ဖွယ် မရှိဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

အောင်ဘာလေထီ လက်မှတ်များကို ယခင် ၂ ကျပ်တန်ထီစနစ်ကဲ့သို့ လက်ခံဖြတ်ပိုင်းဖြင့် ဆောင်ရွက်ရန် အခက်အခဲရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။ ယခုထုတ်ဝေနေသည့် အောင်ဘာလေထီလက်မှတ်များကို ယခင် ၂ ကျပ်တန်ထီ စနစ်လက်ခံဖြတ်ပိုင်းပါသည့် ပုံစံမျိုးဖြင့် ပြောင်းလဲထုတ်ဝေရန် ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်(၄)အ မျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်းက ဖေဖော်ဝါရီ ၆ ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အကြံပြုသည့်အပေါ် ၎င်းက ပြန်လည်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက ''အောင်ဘာလေသိန်းဆုဌာနအနေနဲ့ အောင်ဘာ လေထီ ရောင်းချခြင်းကိုလက်ကား စနစ်နဲ့သာ ရောင်းချနေခြင်းဖြစ်ပါတယ်။ လက်ကားရောင်းချသူက လက်လီရောင်းချသူများထံကို တစ်ဆင့်ရောင်းစေပြီး ယင်းမှအနယ်နယ်အရပ်ရပ်ရှိ ထီကံစမ်းသူများထံသို့ ရောင်းချခြင်းဖြစ်တဲ့အတွက် လက်ခံဖြတ်ပိုင်းပုံစံဖြင့် ဆောင်ရွက်ရန် အခက်အခဲရှိပါတယ်။ ယခင် အောင်ဘာလေထီ ၂ ကျပ် တန် ထီစနစ်တုန်းက လက်ခံဖြတ် ပိုင်းတွေစောင့်ဆိုင်းရတာကြောင့် နှစ်လတစ်ကြိမ်၊ သုံးလ တစ်ကြိမ်သာ ထီဖွင့်ပွဲဆောင်ရွက်နိုင်ခဲ့ပါတယ်။ လက်ခံဖြတ်ပိုင်းများပြန် လည်မရောက်ရှိသဖြင့် ထီပေါက်စဉ်ဂဏန်းတွေ ကြေညာချိန်မှာ ဖြတ်ပိုင်း ပြန်မလာဟူ၍ ကြေညာခဲ့ရတဲ့သာဓက များစွာလည်းရှိခဲ့ ပါတယ်''ဟု ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပပြုလုပ်သည့် ဒုတိယအ ကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမမြောက်နေ့တွင် ဆိုသည်။


၂ ကျပ်တန် ထီစနစ်တွင်အများဆုံးအက္ခရာ(၁ဝ)လုံး၊ ထီစာအုပ် ၈၁၈၁၈ဝ အုပ်၊ ထီလက်မှတ် စောင်ရေ ၈ ဒသမ ၉ သန်းကျော်သာ ရောင်းချခဲ့ရသော်လည်း လက်ရှိ အောင်ဘာလေထီ စနစ်တွင် အက္ခရာ(၅၂)လုံး၊ ထီစာအုပ် ၄၂၅၄၅၃၆ အုပ်၊ ထီလက်မှတ် စောင်ရေ ၄၆ သန်းကျော် ရောင်း ချနေခြင်းဖြစ်သဖြင့် အောင်ဘာလေထီလက်မှတ်အား လက်ခံဖြတ်ပိုင်း ဖြင့် ဆောင်ရွက်ရန် အခက်အခဲရှိ ခြင်းဖြစ်ကြောင်းသိရသည်။ ဧရာဝတီတိုင်းဒေသကြီးမဲ ဆန္ဒနယ်(၄) အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးထိန်ဝင်းက ''ထီလက်မှတ်တွေကို ယခင် ၂ ကျပ်တန် ထီလက်မှတ်ခေတ်ကလို လက်ခံဖြတ်ပိုင်းပါတဲ့ ပုံစံမျိုး ပြောင်းလဲထုတ်ဝေဖို့ အကြံပြုလိုပါတယ်။ လက်ခံဖြတ်ပိုင်းမှာ အရင်ကလို နာမည်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ရေးရပါမယ်။ လက်ခံဖြတ်ပိုင်းတွေကို ပြန်တောင်းကြည့်ပြီး ထီပေါက်တဲ့သူတွေကို ဌာနကနေ လေးလေးစားစား ဆက်သွယ်အကြောင်း ကြားပေးခြင်းဖြင့် ပြည်သူတွေရဲ့ နစ်နာမှုတွေကို ကုစားပေးပါလို့ အကြံပြုတိုက်တွန်းလိုပါတယ်''ဟုဆိုသည်။


ယခုထုတ်ဝေနေသော အောင်ဘာလေ ထီလက်မှတ်များကို လက်ခံဖြတ်ပိုင်းဖြင့် ဆောင်ရွက်ရာ၌ ဖြတ်ပိုင်းများ ပြန်လည် မရောက်လာမှု ပိုမိုများပြားလာနိုင်ခြင်း၊ ပြန်လည် ပေးပို့ရသည့် ကုန်ကျစရိတ်ဖြတ်ပိုင်းတွင် စည်းတံဆိပ်ရိုက်နှိပ်စရိတ် စသည့်စရိတ်များစွာ ကုန်ကျလာ နိုင်မည်ဖြစ်ကြောင်း သိရသည်။

MO

#democracytoday

Rate this item
(0 votes)
back to top