HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

၂ဝ၁၉ ခုနှစ်အတွက် ဆန်စပါး အခြေခံဈေးနှုန်းကို စပါးစိုက်ပျိုးချိန်အမီ ကြေညာပေးမည်ဟု ဆန်စပါးအသင်း ဥက္ကဋ္ဌသစ်ပြော

၂ဝ၁၉ ခုနှစ်အတွက် ဆန်စပါး အခြေခံဈေးနှုန်းကို  စပါးစိုက်ပျိုးချိန်အမီ ကြေညာပေးမည်ဟု ဆန်စပါးအသင်း ဥက္ကဋ္ဌသစ်ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

၂ဝ၁၉ ခုနှစ်အတွက် ဆန်စပါးအခြေခံဈေးနှုန်းကို လာမည့်မတ်လအတွင်းကြေညာပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရသည်။ ၂ဝ၁၈ ခုနှစ် ဆန်စပါးအခြေ ခံဈေးနှုန်းကို အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ၄၆ ပေါင်ကိုက် စပါး တင်း ၁ဝဝ လျှင် ကျပ်ငွေငါးသိန်း ဈေးနှုန်းအခြေခံထား၍ ဝယ်ယူ ပေးရန် ၂ဝ၁၈ ခုနှစ် မတ် ၆ ရက်က နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC-2)တွင် ကျင်းပပြုလုပ်သည့် မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုး ရေးနှီးနှော ဖလှယ်ဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌသစ်ဖြစ်သူ ဦးရဲမင်းအောင်က ''၂ဝ၁၉ ခုနှစ်အတွက် အခြေခံ ဈေးနှုန်းကြေညာမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ ဆန်စပါး ဈေးကွက်နဲ့ ဈေးနှုန်းလေ့လာသုံး သပ်ရေးကော်မတီဖွဲ့ဖို့ရှိပါတယ်။ ဒီကော်မတီကအစိုးရဘက်နဲ့ပုဂ္ဂလိကဘက်ကဖွဲ့ပြီးတော့ တောင်သူ လယ်သမားတွေနဲ့ စိုက်ပျိုးထုတ် လုပ်မှုအခြေအနေ၊ ဈေးနှုန်းတွေ တွက်ချက်ပြီးဖြစ်သင့်တဲ့ အခြေခံ ဈေးနှုန်းဖြစ်ဖို့ သေသေချာချာ လေ့လာသုံးသပ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အခြေခံဈေးနှုန်းကြေညာတဲ့ကိစ္စကို ဘယ်လိုပုံစံဆောင်ရွက်မယ်ဆိုတာ အသေအချာပြင်ဆင်ဆွေးနွေးနေတယ်။ ကော်မတီ ဖွဲ့ပြီးတာနဲ့ တောင်သူတွေစိုက်ပျိုး ချိန်အမီဖြစ်တဲ့ မတ်လပိုင်းမှာကြေ ညာပေးသွားမှာဖြစ်ပါတယ်''ဟုဖေ ဖော်ဝါရီ ၁ဝ ရက်က မန္တလေးမြို့ သိပ္ပံလမ်းရှိ မန္တလေးကွန်ဗင်းရှင်း စင်တာတွင်ကျင်းပသည့်မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ၂ဝ၁၉ ခုနှစ် အထွေထွေညီလာခံနှင့် နှစ်ပတ် လည်အထွေထွေ အစည်းအဝေး (ဒုတိယနေ့)အပြီးတွင် ပြောသည်။


ဆန်စပါးအခြေခံဈေးနှုန်းကို သတ်မှတ်ကြေညာခဲ့ခြင်းကြောင့် ဆန်စပါးဈေးကွက်တွင် တောင်သူလယ်သမားများ ဈေးနှိမ်ခံရမှုမရှိ ခြင်း၊ ဝင်ငွေတိုးတက်ရရှိလာခဲ့ခြင်း စသည့်ရလဒ်ကောင်းများရရှိခဲ့ပြီးဆန်စပါးအခြေခံဈေးနှုန်းသည် ထပ်မံမကြေညာခင်အချိန်အထိ အတည် ဖြစ်နေမည်ဖြစ်ကြောင်း သိရသည်။


ဦးရဲမင်းအောင်က ''အခြေခံ ဈေးနှုန်းကကြေညာတာတစ်ခုတတည်းနဲ့ မပြီးသေးဘူး။ ဈေးနှုန်းအ ပေါ်မှာ ဈေးကွက်ပေါက်ဈေးဖြစ် နေရင် ထူးထူခြားခြားဆောင်ရွက် ပေးဖို့ တာဝန်သိပ့်မရှိဘူး။ အ ကြောင်းကြောင်းကြောင့်ဈေးကွက် ပေါက်ဈေးသည်အခြေခံဈေးနှုန်း အောက်ကျဆင်းရင် ဒီဈေးနှုန်း မြှင့် တင်ဝယ်ယူရမယ်။ ဝယ်ယူတဲ့ လုပ်ငန်းစဉ်တွေလုပ်ပြီဆိုရင် သိုလှောင် ရုံတွေ၊ ငွေကြေးလိုအပ်ချက် တွေနဲ့ တခြားလိုအပ်ချက်တွေရှိလာမယ်။ မနှစ်ကဈေးကွက်ပေါက်ဈေးက အခြေခံဈေးနှုန်းရောက်ဖို့ သီသီ လေးပဲရောက်တယ်။ ဒီနှစ်က စပါး ဈေးသည် ကျပ်ငါးသိန်းအောက် ရောက်နေတဲ့အတွက် ဝင်ရောက် ထိန်းညှိပေးဖို့ မလိုအပ်သေးဘူး။ ဈေးကွက်ပေါက်ဈေးက အခြေခံ ဈေးနှုန်းအောက်ကို မရောက်ဖို့အ ရေးကြီးပါတယ်''ဟု ပြောသည်။

MTK

#democracytoday

Rate this item
(0 votes)
back to top