HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မန်းပဲမျိုးစုံဈေးကွက်တွင် ကုလားပဲဈေးနှုန်းများ မြင့်တက်လာ၊ အိန္ဒိယမှ ပြန်လည်ဝယ်ယူမှုရှိသဖြင့် မတ်ပဲဈေးတက်ရိပ်ပြ

မန်းပဲမျိုးစုံဈေးကွက်တွင် ကုလားပဲဈေးနှုန်းများ မြင့်တက်လာ၊ အိန္ဒိယမှ ပြန်လည်ဝယ်ယူမှုရှိသဖြင့် မတ်ပဲဈေးတက်ရိပ်ပြ

မန္တလေး၊ ဖေဖော်ဝါရီ ၁၄- တရုတ်နှစ်သစ်ကူးချိန်အပြီး မန္တလေး မြို့ ပဲမျိုးစုံဈေးကွက်အတွင်း ယခုရက်ပိုင်းအရောင်းအဝယ်အခြေ အနေမှာ ကုလားပဲအုပ်စုဝင် ပဲအမျိုးအစားများ ဈေးနှုန်းမြင့်တက်လာ နေပြီး တရုတ်နိုင်ငံက ပဲတီစိမ်းများကို ဝယ်လိုအားများနေသကဲ့သို့ အိန္ဒိယနိုင်ငံမှ ပြန်လည်ဝယ်ယူမှုရှိလာသည့် မတ်ပဲများမှာ ဈေးနှုန်း တက်ရိပ်ပြနေကြောင်း ပဲပွဲစားများနှင့် ကုန်သည်များထံမှ သိရသည်။

''ပြည်ပပို့ ပဲတွေ အခုရက်ပိုင်းမှာတော့ ပုံမှန်အတိုင်းပြန်လည် တင်ပို့မှုတွေရှိလာပြီဖြစ်ပါတယ်။ ဒီလဆန်းပိုင်းတုန်းက တစ်အိတ် ကို ကျပ် ၇ဝဝဝဝ အောက်မှာပဲရှိနေတဲ့ ကုလားပဲအုပ်စုဝင်ပဲအမျိုး အစားတွေဟာ အခုဆိုရင် ကျပ် ၇၅ဝဝဝ ဝန်းကျင်အထိ ရောက်ရှိ လာပါတယ်။ ပဲတီစိမ်းရွှေဝါတွေကို တရုတ်နိုင်ငံက ဝယ်လိုအားများ နေပေမယ့် ဈေးကွက်ထဲမှာ ပစ္စည်းအဝင်များနေတဲ့အတွက် ဈေးနှုန်း အနေနဲ့ တအားကြီးမြင့်တက်လာဖို့မရှိသလို ဈေးကျဆင်းသွားဖို့လည်း မရှိနိုင်ပါဘူး။ မတ်ပဲတွေကတော့ အိန္ဒိယနိုင်ငံကနေ ပြန်လည်ဝယ် ယူမှုရှိလာတဲ့အပေါ် မူတည်ပြီးတော့ ဈေးနှုန်းတွေလှုပ်ရှားလာရာ မှာ တင်ပို့မှုအား ဒီထက်ကောင်းလာရင်တော့ ဈေးနှုန်းက တစ်အိတ် ကို ကျပ် ၇ဝဝဝဝ အထက်ကို ရောက်သွားနိုင်ပါတယ်။ အိန္ဒိယနိုင်ငံ က စားသုံးမှုများတဲ့ ပဲစင်းငုံကလည်း ပြည်ပတင်ပို့ဖို့မျှော်လင့်ချက် ရှိနေလို့ ဈေးနှုန်းက တက်ရိပ်ပြနေပြီး ရန်ကုန်ဘက်ကကုန်သည်တွေ အများဆုံးဝယ်ယူနေကြတာဖြစ်ပါတယ်''ဟု မန္တလေးမြို့မှ ပဲကုန် သည် ဦးကျော်နိုင်က ဖေဖော်ဝါရီ ၁၃ရက်တွင် ပြောကြားသည်။

တရုတ်နိုင်ငံမှ ပုံမှန်ဝယ်ယူမှု ရှိနေသည့် နှမ်းများမှာ ဈေးကွက် သို့ အဝင်များနေသော်လည်း ဈေးနှုန်းကျဆင်းသွားခြင်းမရှိဘဲ နှမ်း ဖြူနှင့် နှမ်းနက် (စမုံ)တို့မှာ ဈေးတက်ရိပ်ပြပြီး ယခုရက်ပိုင်း မန္တလေး ကုန်စည်ဒိုင်တွင် ကုလားပဲ(ထိုင်ဝမ်)တစ်အိတ် ကျပ် ၇၇ဝဝဝ၊ ကု လားပဲဖြူလုံးကြီး(ဗွီတူး)တစ်အိတ် ကျပ် ၇၆ဝဝဝ၊ ဗွီဆဲဗင်း(အသစ်) တစ်အိတ် ကျပ် ၇၅ဝဝဝ၊ မတ်ပဲတစ်အိတ် ကျပ် ၆၅ဝဝဝ၊ ပဲစင်းငုံ (ဖြူ)တစ်အိတ် ကျပ် ၆၇ဝဝဝ၊ ပဲစင်းငုံ(နီ)တစ်အိတ် ကျပ် ၇၈ဝဝဝ၊ ပဲတီစိမ်း(ခရမ်းရွှေဝါ) တစ်အိတ် ကျပ် ၁၂၅ဝဝဝ၊ ပဲကြီး(က)တစ် အိတ် ကျပ် ၈၅ဝဝဝ၊ တရုတ်ပဲကြီး တစ်အိတ် ကျပ်တစ်သိန်း၊ ပဲ ထောပတ် တစ်အိတ် ကျပ် ၁၂ဝဝဝဝ၊ နှမ်းဖြူ(သစ်)တစ်အိတ် ကျပ် ၁၇၅ဝဝဝ၊ နှမ်းနက်(စမုံ)တစ်အိတ် ကျပ် ၂၄ဝဝဝဝ အသီးသီးရှိနေ ကြောင်း သိရသည်။

Rate this item
(0 votes)
YMG

back to top