HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် တိုင်းအစိုးရအဖွဲ့က လက်ရှိဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ငွေကျပ် သန်းပေါင်း ၃၅ဝဝဝ ကျော်ကို တင်ပြတောင်းခံ

မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် တိုင်းအစိုးရအဖွဲ့က လက်ရှိဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ငွေကျပ် သန်းပေါင်း ၃၅ဝဝဝ ကျော်ကို တင်ပြတောင်းခံ

မန္တလေး၊ဖေဖော်ဝါရီ၁၄-ဒုတိယ အကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် (၁၂) ကြိမ်မြောက်ပုံ မှန်အစည်းအဝေး (ပထမနေ့)ကို ဖေဖော်ဝါရီ ၁၄ရက်၊ နံနက်ပိုင်းက ကျင်းပခဲ့ရာအစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က လက် ရှိဘဏ္ဍာရေးနှစ်တွင် ဖြည့်စွက်သုံး စွဲရန်လိုအပ်သော လုပ်ငန်းများအ တွက် ငွေကျပ်သန်းပေါင်း ၃၅၅၄၅ သန်းကျော်ကိုတင်ပြတောင်းခံခဲ့ ကြောင်းသိရသည်။

''အစိုးရဌာန၊ အဖွဲ့အစည်း အသီးသီး၏ လစာနှင့် စရိတ်ချီး မြှင့်ငွေ၊ လုပ်အားခ၊ အခွန်အခများ အပါအဝင် အခြားသောသာမန် အသုံးစရိတ်များ၊ ငွေလုံးငွေရင်းလုပ် ငန်းများ အသုံးစရိတ်များအတွက် အမှန်တကယ် ဆောင်ရွက်ရန်လိုအပ် သော လုပ်ငန်းများအတွက်ကိုသာ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်း ဖြစ်ပါတယ်''ဟု မန္တလေးတိုင်းဒေသ ကြီး သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်း သိမ်းရေးရာဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။

မန္တလေးတိုင်း ဒေသကြီး ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်သော ဌာနအဖွဲ့အစည်း များ၏အမှန်တကယ်လိုအပ်သော ဖြည့်စွက်ခွင့်ပြုငွေကျပ် ၃၅၄၅ ၅ဝ၅၄သန်းအား ၂ဝ၁၉ခုနှစ်၊ ဖေ ဖော်ဝါရီ ၆ ရက်ကကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီးအစိုးရအ ဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/ ၂ဝ၁၉)၊ ဆုံးဖြတ်ချက်အပိုဒ် (၆၈) အရ သဘောတူဆုံးဖြတ်ခဲ့ပြီး ဖြစ် သောကြောင့် ဖေဖော်ဝါရီ ၁၄ ရက် တိုင်းဒေသကြီးလွှတ်တော်တွင် အ တည်ပြုပေးရန် တိုင်းဒေသကြီးစီ မံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦး မြတ်သူကိုယ်စား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးရာဝန်ကြီး ဦးမျိုးသစ်ကတင်ပြ ခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး လက် ရှိဘဏ္ဍာနှစ် ရန်ပုံငွေတွင်ပါဝင် သော အဖွဲ့အစည်းများ၏ပြုပြင် ပြီးခန့်မှန်းခြေရငွေ ပမာဏသည် မူလကခန့်မှန်းထားခဲ့သော ရမည့် ငွေပမာဏထက်ကျပ်သန်း ၃၅၄၅၅ ဒသမ ဝ၅၄ ပိုမိုရရှိမည်ဖြစ်သော ကြောင့် အသုံးစရိတ်ပိုင်းတွင် သုံး စွဲရန်လိုအပ်သော ငွေကြေးပမာ ဏအတွက် ပြည်ထောင်စုအစိုးရ သည် ထပ်မံထောက်ပံ့ပေးရန် မ လိုအပ်ကြောင်းလည်း သိရသည်။

ဖြည့်စွက်တောင်းခံငွေတင် သွင်းမှုအပေါ် ဒေသန္တရစီမံကိန်း ငွေကြေးနှင့်ဘဏ္ဍာရေးဆိုင်ရာ ကော်မတီနှင့် ပြည်သူ့ငွေစာရင်း သုံးစွဲမှုစိစစ်ရေး ကော်မတီတို့က ဌာန၊ အဖွဲ့အစည်း ၁၅ခုအတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်း ကို ကန့်ကွက်ရန်မရှိကြောင်းကို လည်း အစီရင်ခံစာနှင့်တကွ ဖတ် ကြားတင်သွင်းခဲ့ကြသည်။

Rate this item
(0 votes)
YMG

back to top