HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ထိုင်းစာတိုက်လုပ်ငန်းက ကျေးရွာ ၅ဝဝဝ တွင် အွန်လိုင်းဈေးကွက်တိုးချဲ့သွားမည်

ထိုင်းစာတိုက်လုပ်ငန်းက ကျေးရွာ ၅ဝဝဝ တွင်  အွန်လိုင်းဈေးကွက်တိုးချဲ့သွားမည်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၄- ထိုင်းဒစ်ဂျစ်တယ်စီးပွားရေးနှင့်အဖွဲ့အစည်း (DE) ဝန်ကြီး ဌာနက ထိုင်းစာတိုက်လုပ်ငန်းအား ယင်း၏ဈေးရောင်းဌာန (POS) ဝန်ဆောင်မှုလုပ်ငန်းကိုကျေးရွာ ၅ဝဝဝ သို့ ယခုနှစ်တွင်တိုးချဲ့ရန် ပြောကြားလိုက်သည်။

ဤလုပ်ဆောင်ခြင်းကြောင့် ကျေးလက်ဒေသ နေပြည်သူများကလည်း အွန်လိုင်းဈေးဝယ်နေရာများဖြစ်လာကာ နိုင်ငံတစ်ဝန်း အီး-စီးပွားရေး (e-commerce) အသိုင်းအဝိုင်းဖြစ် လာတော့မည်ဟု ပြောကြားလိုက်သည်။

လက်ရှိတွင် တစ်နိုင်ငံလုံးတွင် အွန်လိုင်းဈေးရောင်းချသည့်ဌာန ၂ဝဝ သာရှိသေးသည်။

POS သည် နိုင်ငံတစ်ဝန်း အမြန်ကွန်ရက်ကို ကျေးရွာများအ တွက် တိုးချဲ့သွားမည်ဖြစ်သည်။ ဤလုပ်ငန်းကို ၂ဝ၁၆ ဒီဇင်ဘာက စတင်ခဲ့ရာ ယခုနှစ်နှစ်လယ်ပိုင်းတွင် အပြီးပြုလုပ်သွားမည်ဟုဆိုသည်။

DE ဝန်ကြီးဌာန အမြဲတမ်းဒုတိယအတွင်းဝန်ဝဏ္ဏပေါင်ဒေဝ ဟက်စတီက ပြောကြားရာတွင် ၂ဝ၁၉ ခုနှစ်တွင် ဝန်ကြီးဌာနက တစ်နိုင်ငံလုံးသို့ရောက်ရှိအောင်လုပ်ဆောင်ကာ ဤစီမံကိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုပါ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းစာတိုက်လုပ်ငန်းသည် ဏဥှ စနစ်မှတစ်ဆင့် ပစ္စည်း ရောင်းလိုသူများ၊ ထုတ်ကုန်ရောင်းချလိုသူများကို အကူအညီပေးသွား မည်ဖြစ်သည်။ Thailand Postmart. com မှတစ်ဆင့် ကူညီသွား မည် ဖြစ်သည်။

ဤစနစ်အရ ဗဟိုအချက်အလက်ဌာနမှ ပစ္စည်းစာရင်းပြုစုသွား ကာ အီး-ငွေပေးချေမှု (e-payment) မှတစ်ဆင့် အခြားလူ့အဖွဲ့ အစည်းများနှင့် ဆက်သွယ်သွားမည်ဖြစ်သည်။

အားလုံးသော လူ့အသိုက်အဝန်းရှိ အီး-စီးပွားရေး (e-commerce) ဌာနများက POS ၏ လိုင်းတွင်ပါဝင်ကာ အီးငွေပေးချေခြင်း၊ မြီစား၊ မြီရှင်စနစ်တို့ကိုပါ ထိုင်းစာတိုက်က လုပ်ဆောင်သွားမည်ဟု ဆိုသည်။

မစ္စဝဏ္ဏပေါင်က ပြောကြားရာတွင် လူ့အဖွဲ့အစည်းများသည် အီး-စီးပွားရေး (e-com-merce) ပုံစံကို တစ်ကြိမ်တည်း အစအဆုံး လုပ်ဆောင်၍ရကြမည်ဖြစ်ကြောင်း၊ ကုမ္ပဏီ၏ အီး-ဈေးကွက် (e-market place) နှင့် အီး-ထောက်ပံ့ရေးစနစ်(e-Logistics) များမှ တစ်ဆင့် လုပ်ဆောင်ပေးသွားမည်ဟုဆိုသည်။

DE ဝန်ကြီးဌာနက ကျေးရွာအားလုံး အီး-စီးပွားရေး (e-commerce)နှင့်ချိတ်ဆက်ကာ ¤င်းတို့၏ ဝင်ငွေတိုးလာစေရန်နှင့်စီး ပွားရေးအခွင့်အလမ်းများရရှိအောင် လုပ်ဆောင်ပေးသွားမည်ဟုဆို သည်။ အဓိကအားဖြင့် လူ့အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု ပြုလုပ်ကာ အီး-စီးပွားရေး (e-commerce) တိုးတက်အောင် လုပ် ရမည်ဟု သူမကပြောခဲ့သည်။

ထိုင်းစာတိုက်ဌာနသည် ၂ဝ၁၉ ခုနှစ်တွင် အမြတ်ဘတ်ငွေ ငါးဘီလီယံရရန် ရည်မှန်းထားပြီး ယခင်နှစ်က ဘတ် ၄ ဒသမ ၄ ဘီလီယံအမြတ်ရခဲ့သည်။ ထိုင်းစာတိုက်လုပ်ငန်းအလုပ်ချိန်ကို နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ တိုးချဲ့ထားကြောင်းသိရသည်။

Ref;Bangkok Post

Rate this item
(0 votes)
YMG

back to top