HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ဧပြီလဆန်းမှ စတင်၍ မြန်မာပြည်ထွက် လက်ဖက်ခြောက်ကို တရုတ်နိုင်ငံသို့ တင်ပို့သွားမည်  

ဧပြီလဆန်းမှ စတင်၍ မြန်မာပြည်ထွက် လက်ဖက်ခြောက်ကို တရုတ်နိုင်ငံသို့ တင်ပို့သွားမည်   

ပင်လောင်း၊ မတ် ၁၂

ဧပြီလဆန်းမှ စတင်ကာ မြန်မာ့လက် ဖက်ခြောက်ကို တရုတ်နိုင်ငံသို့ တင်ပို့သွားတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလက်ဖက်အသင်းမှသိရသည်။ ထုတ်လုပ်မှုနည်းပညာများ အဆင့်မြှင့်တင်ထားသည့် လက်ဖက်ခြောက်များကို ဧပြီလဆန်းပိုင်းမှစတင်၍ တရုတ်နိုင်ငံသို့ တင် ပို့သွားမည်ဖြစ်ပြီး ထိုကဲ့သို့ လက်ဖက်ခြောက်တင်ပို့နိုင်ရန် ယခုအခါ ပြည်တွင်းရှိ ဒေသအသီးသီးမှထွက်ရှိသည့် လက်ဖက်များကို ဝယ်ယူစုဆောင်းနေရသည်။

''လက်ဖက်ခြောက်ကို ဧပြီလဆန်းပိုင်းလောက်မှာ တင်ပို့သွားပါမယ်။ တရုတ်နိုင်ငံရဲ့အကြိုက်ကိုလိုက်ပြီး ထုတ်လုပ်မှုနည်းပညာတွေ၊ နည်းစနစ်တွေကို အဆင့်မြှင့်တင်ပြီးတော့ တင်ပို့သွားမှာပါ။ တောင်သူတွေကလည်း အရင်နှစ်ထက် ဈေးနှုန်းပိုပြီးရရှိအောင်လို့ လက်ဖက်ကို အဆင့်မြှင့်တင်ပို့သွားမှာပါ''ဟု မြန်မာနိုင်ငံလက်ဖက်အသင်းမှ အတွင်းရေးမှူး ဦးသိန်းထွေးက ပြောကြားသည်။


၂ဝ၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လက်ဖက်တင်ပို့သည့် ဈေးနှုန်းများမှာ လက်ဖက်တစ်ပိဿာ ကျပ် ၃၅ဝဝမှ ကျပ် ၆၅ဝဝ အထိ ရရှိခဲ့ပြီး ၂ဝ၁၉ ခုနှစ်အတွင်း လက်ဖက်တစ်ပိဿာလျှင် ကျပ် ၁ဝဝဝဝမှ ကျပ် ၂ဝဝဝဝ ဝန်း ကျင်အထိ ဈေးနှုန်းရရှိလာစေရန် ကြိုးပမ်းသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ဖက်ကို ရှမ်းပြည်နယ် ပင်လောင်း၊ ရွာငံ၊ နမ်ပဆန်၊ မန်တုံ၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ၊ နမ့်ခမ်း၊ ကွတ်ခိုင်ဒေသများ၊ မန္တလေးတိုင်း ဒေသကြီး မိုးကုတ်၊ ကရင်ပြည်နယ် သံတောင်ကြီးနှင့် ချင်းပြည်နယ်ရှိ ဒေသအချို့တို့တွင်လည်း စိုက်ပျိုးကြကြောင်းသိရသည်။ 

NHHC(ABM)

#democracytoday

Rate this item
(0 votes)
back to top