HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

Blue Moon အထည်ချုပ်လုပ်သား ၇၃၈ ဦး၏ ရရန်ရှိ လုပ်ခလစာနှင့် အလုပ်ပိတ် နစ်နာကြေးများ စက်ရုံရှိ ပစ္စည်းများကို ရောင်းချပေးချေရန် သဘောတူညီခဲ့

Blue Moon အထည်ချုပ်လုပ်သား ၇၃၈ ဦး၏ ရရန်ရှိ လုပ်ခလစာနှင့် အလုပ်ပိတ် နစ်နာကြေးများ စက်ရုံရှိ ပစ္စည်းများကို ရောင်းချပေးချေရန် သဘောတူညီခဲ့

ရန်ကုန်၊မတ် ၁၃

Blue Moon  အထည်ချုပ်လုပ်သား ၇၃၈ ဦးရ ရန်ရှိသည့် လုပ်ခလစာနှင့် အလုပ်ပိတ်နစ်နာကြေးများကို စက်ရုံရှိ ပစ္စည်းများကို ရောင်းချပေးချေရန် သဘောတူညီကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ညှိနှိုင်းမှုဖြင့် အလုပ်ရှင်ဘက်မှ စာချုပ်ချုပ်ဆို ပေးခဲ့ကြောင်းသိရသည်။ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန် ကျန်စစ်သားလမ်းမကြီး၊ အမှတ်(၃၃၂)ရှိ Blue Moon အထည်ချုပ်စက်ရုံမှ လုပ်သားများ၏ ဇန်နဝါရီ၊ ဖေဖော်ဝါရီလ လုပ်ခလစာနှစ်လစာနှင့် အလုပ်ပိတ်နစ် နာကြေးငွေတို့ ရရှိရေးအတွက် မတ် ၁၃ ရက်က ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံးတွင် ဝန်ကြီးချုပ်၏ တတိယအကြိမ် တွေ့ဆုံညှိနှိုင်း ပေးခဲ့ခြင်းဖြစ်သည်။

''အလုပ်ရှင်ဘက်ကလည်း သူလည်း ဒီငွေတွေကိုမပေးနိုင်ဘူးဆိုတော့ နောက်ဆုံးပေးနိုင်တဲ့နည်းက ဒီနည်းပဲရှိတဲ့အတွက် သူ့ဘက်ကလည်း ပစ္စည်းတွေရောင်းချပြီးပေးဖို့သဘောတူခဲ့တယ်။ အဲ့ဒါကိုပဲ ဒီနေ့တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ သဘောတူညီချက် တွေကိုစာချုပ်ချုပ်ကြတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဦးစီးအရာရှိဦးခင်မောင်သွင်က ဒီမိုကရေစီတူဒေး၏မေးမြန်းမှုကို ပြောသည်။ အဆိုပါညှိနှိုင်းမှုတွင် အလုပ်သမားများဘက်မှရရန်ရှိသည့် လုပ်ခလစာနှင့် အလုပ်ပိတ်နစ်နာ ကြေးတို့ကို စက်ရုံရှိပစ္စည်းများကို ရောင်းချပေးချေရန် လုပ်ငန်းရှင် ဘက်မှသဘောတူကြောင်း စာချုပ် ချုပ်ဆိုပေးခဲ့ကြောင်း ယင်းစက်ရုံမှ အလုပ်သမားမနှင်းနုဝေက ဒီမိုကရေစီတူဒေးသို့ ပြောသည်။


မနှင်းနုဝေက ''ဒီနေ့ ညှိနှိုင်းမှုမှာ အရင် မတ် ၈ ရက်က ညွှန်ကြားထားတဲ့အတိုင်း ဝန်ကြီးချုပ်က အလုပ်သမားတွေအတွက် လုပ်ခနဲ့နစ်နာကြေးကို စက်ရုံမှာရှိတဲ့ပစ္စည်းတွေကိုရောင်းချပြီး အ မြန်ဆုံးပေးဖို့ထပ်ညွှန်ကြားတယ်။ ဒီနေ့က အရင်အခေါက်တွေနဲ့မ တူတာက စာချုပ်ချုပ်နိုင်ခဲ့တယ်။ အရင်အခေါက်တွေက ဝန်ကြီးချုပ်က ညွှန်ကြားပြီး သက်ဆိုင်ရာဌာန တွေက သဘောတူညီကြောင်းစာချုပ်မချုပ်ပေးနိုင်ခဲ့ဘူး။ ဒီနေ့ တော့ ဝန်ကြီးချုပ်ညှိပေးလို့ စာချုပ်ချုပ်နိုင်ပြီမို့ အလုပ်သမား တွေအတွက်တော့ လုပ်ခနဲ့နစ်နာ ကြေးကို ဒီလအတွင်းရဖို့မျှော်လင့်ရတာပါပဲ''ဟု ပြောသည်။


ယနေ့တွေ့ဆုံမှုတွင်လည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ၊ အလုပ်ရှင်ဘက်မှ ဆုံးဖြတ် ပေးနိုင်သည့် ကိုယ်စားလှယ်ပါတက် ရောက်ခဲ့ခြင်းဖြစ်ပြီး အလုပ်သမားကိုယ်စားလှယ်လေးယောက်ဖြင့် ညှိနှိုင်းပေးခဲ့ပြီး သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ကြောင်း မနှင်းနုဝေကဆိုထားသည်။ ယင်းစက်ရုံမှ အလုပ်ရှင် အလုပ်သမားပြဿနာသည် ဇန်န ဝါရီလလုပ်ခကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ရှင်းပေးရန် လုပ်ငန်းရှင်ဘက်က ပျက်ကွက်ခဲ့ရာမှ စတင်ခဲ့ ခြင်းဖြစ်ပြီး အလုပ်သမားများ၏ နစ်နာမှုအတွက် ဝန်ကြီးချုပ်မှ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေး ရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးသို့ မတ် ၁၊ ၈၊ ၁၂၊ ၁၃ ရက်အသီးသီးတို့တွင် အလုပ်သမားများမှ သွားရောက်တောင်းဆိုခဲ့ ခြင်းဖြစ်သည်။ 

KSK

#democracytoday

Rate this item
(0 votes)
back to top