HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မြန်မာ့ဂေါ်ဖီထုပ်များကို မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တန်ချိန် ၁၅ဝ ခန့် နေ့စဉ်တင်ပို့နေရ

မြန်မာ့ဂေါ်ဖီထုပ်များကို မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့  တန်ချိန် ၁၅ဝ ခန့် နေ့စဉ်တင်ပို့နေရ

မြဝတီ၊ မတ် ၁၃

မြန်မာပြည်မှထွက်ရှိသော ဂေါ်ဖီထုပ်များအား မြန်မာ-ထိုင်းနယ်စပ်ကရင် ပြည်နယ် မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် စတင်တင်ပို့နေကြောင်းသိရသည်။ ယခုအခါ ဂေါ်ဖီထုပ်များ တင်ပို့နေသည်မှာ တစ်လခန့်ကြာ မြင့်နေပြီဖြစ်ပြီး အခွံခွာပြီးအချော ကိုင်ပြီးသားဖြစ်ပါက တစ်ကီလို ခုနစ်ဘတ်ရရှိပြီး အကြမ်းထည်အတိုင်း အခွံမခွာဘဲ ရောင်းချပါက တစ်ကီလိုလျှင် ခြောက်ဘတ် ဈေးရရှိကာ ဘန်ကောက်သို့ ရောက်သွားပါက တစ်ကီလိုကိုးဘတ်အထိ ဖြစ်သွားသည်။

''အရင်နှစ်တွေကတော့ မြန်မာ့ ဂေါ်ဖီထုပ်တွေကို ထိုင်းဘက်ကို တင်ပို့ခြင်းမရှိဘူး။ အခုနှစ်မှပို့တာပါ။ ထိုင်းမှာက ဆေးတွေသုံးပြီး စိုက်ပျိုးကြတယ်။ ဒီနှစ်မှာ သူတို့ ဂေါ်ဖီခင်းတွေ ပျက်စီးကုန်တယ်။ ဒါကြောင့် မြန်မာဘက်က ဂေါ်ဖီထုပ်တွေကို ဝယ်ယူကြတာ၊ ထိုင်းမှာက စားသောက်ဆိုင်တွေများ တော့ ဂေါ်ဖီကို အများဆုံးသုံးကြတာကြောင့် ဘန်ကောက်၊ ဖူးခက်နဲ့ပတ္တယားဘက်တွေအထိ တင်ပို့ နေရတယ်''ဟု ဂေါ်ဖီထုပ်တင်ပို့ နေသူ ကုန်သည်တစ်ဦးကပြော ကြားသည်။


မြဝတီမှတစ်ဆင့် ထိုင်းဘက်သို့တင်ပို့နေသော ဂေါ်ဖီထုပ်များမှာ ပြည်၊ ပြွန်တန်ဆာ၊ ဒိုက်ဦးမြို့ များနှင့်ရှမ်းပြည်နယ်ကလောနှင့် အောင်ပန်းမြို့များမှလည်း လာ ရောက်ပြီး ထိုင်းသို့နေ့စဉ်တစ်ရက်လျှင် တန်ချိန် ၁၅ဝ ခန့်တင်ပို့နေ ရသည်။ ထိုင်းနိုင်ငံဘက်မှလည်း မြန်မာနိုင်ငံအတွင်းသို့ နေ့စဉ် ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ ဒူးရင်းသီး၊ ငှက်ပျောသီး၊ သရက် သီးမှည့်နှင့် သရက်သီးစိမ်းများတင်ပို့နေ ကြောင်း သိရသည်။

KKTM(MWD)

#democracytoday

Rate this item
(0 votes)
back to top