HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အောင်လံမြို့၌ နွားဈေး မြင့်တက်နေမှုကြောင့် အသားဈေး မြင့်တက်နေသော်လည်း နွားသားရေဈေးကွက်မှာ ဝယ်လက်မရှိဖြစ်နေ

အောင်လံမြို့၌ နွားဈေး မြင့်တက်နေမှုကြောင့် အသားဈေး မြင့်တက်နေသော်လည်း နွားသားရေဈေးကွက်မှာ ဝယ်လက်မရှိဖြစ်နေ

မကွေး၊ မတ် ၁၃

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် နွားဈေးမြင့်တက်နေမှုကြောင့် အသားထုတ်လုပ်ရောင်းချသူများ ဈေးမြှင့်ရောင်းချနေသော်လည်း နွားသားရေဈေးကွက်မှာ ဝယ်လက်မရှိဖြစ်နေကြောင်း သိရသည်။ ''ကျွန်တော်တို့က အသား ဈေးကိုတက်ပြီးမရောင်းချင်ပါဘူး။ အခုရောင်းချနေတဲ့ဈေး တောင်လစဉ်အရှုံးပေါ်နေတယ်။ ကုန်ကြမ်းနွားဈေးက တအားမြင့်တက်နေတော့ ကုန်ချောအသား ဈေးကိုလည်း တက်ရောင်းနေရတာပါ။ နောက်ပြီး ဒီနှစ်မှာနွားသားရေကို ဝယ်လက်မရှိဖြစ်နေတယ်'' ဟု အောင်လံမြို့မ အမဲလိုင်စင်ရသူတစ်ဦးကပြောကြားသည်။

အောင်လံမြို့နယ်အတွင်း ယခုအခါ အမဲသားဈေးမှာတစ်ပိဿာ ငွေကျပ် ၁၈ဝဝဝဈေးအထိ မြင့်တက် နေသဖြင့် စားသုံးသူများအကြား ဝေဖန်မှုများမြင့်တက်နေကာ ဝယ်ယူစားသုံးမှုကလည်း လျော့ကျနေသည်။ ''ကျွန်တော်တို့စည်ပင်သာယာ ရေးအဖွဲ့အနေနဲ့ လေလံစည်း ကမ်းတွေအတိုင်း စနစ်တကျနဲ့ ပြဿနာမဖြစ်အောင် ထိန်းကျောင်း ပေးနေပါတယ်။ လိုင်စင်သမားအနေနဲ့က ကုန်ကြမ်းဈေးကြီးမြင့်တဲ့အတွက် အခက်အခဲတွေဖြစ်နေတာပါ။ မြို့မဈေးကြီးအတွင်းမှာ တော့ ရောင်းချသူနဲ့ ဝယ်ယူသူအကြားမှာပြဿနာဖြစ်တာမရှိပါဘူး''ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။


အောင်လံမြို့နယ်အတွင်း အမဲသား (သီးသန့်) တစ်ပိဿာ ကျပ်ရှစ်ထောင်ဈေးဖြင့်ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လိုင်စင်စည်းကမ်းချက်တွင်ပါဝင်ပြီး မြို့မအမဲ(၁)လိုင်စင် ကြေးမှာ ကျပ် ၃၁၉ သိန်း၊ မြို့မ အမဲ (၂) လိုင်စင်ကြေးမှာ ကျပ် ၃၁၉ သိန်းဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှသိရသည်။


''အမဲသားဈေးက တစ်ပိဿာ ကျပ်၁၈ဝဝဝ ဈေး၊ ဆိတ်သား ဈေးကတစ်ပိဿာ ကျပ်၂ဝဝဝဝ နီးပါးဆိုတော့ အသားဈေးနား မကပ်နိုင်ဘူး။။ အဆင်ပြေတဲ့သူ တွေကတော့ အသားဈေးကြီးလည်း ပေးဝယ်စားကြတာပေါ့ဗျာ။အများ စုကတော့ အသားဟင်းကို ချက်မ စားနိုင်တာ ကြာပါပြီဗျာ''ဟု ဒေ သခံတစ်ဦးကပြောကြားသည်။ အောင်လံမြို့နယ်အတွင်း နွားဈေးကွက်တွင် နွားတစ်ကောင် လျှင် ကျပ်၁ဝ သိန်းအထက်မှ ကျပ် ၁၅သိန်းအထိရှိနေပြီး နွား မွေးမြူရေးလုပ်ငန်းများမှ နွား အကောင်လိုက် ပြည်ပသို့တင်ပို့ မှုအတွက် အများဆုံးရောင်းချနေ ရကြောင်း သိရသည်။

HT (AL)

#democracytoday

Rate this item
(0 votes)
back to top