HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ဆေးကုလားမကို ဂျပန်နှင့် ကိုရီးယားသို့ တင်ပို့မည်

ဆေးကုလားမကို  ဂျပန်နှင့် ကိုရီးယားသို့ တင်ပို့မည်

ရန်ကုန်၊ မတ် ၁၄ 

မြန်မာ့ဆေးကုလားမကို ဈေးကွက်အသစ်အဖြစ် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သို့ တင်ပို့မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။ ယခုအခါ ဆေးကုလားမကို ထိုင်ဝမ်သို့ တရားဝင်တင်ပို့နေပြီ ဖြစ်ပြီး တစ်တန်လျှင် ကန်ဒေါ်လာ လေးသောင်းရရှိသဖြင့် ဈေး ကောင်းရရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဒီမိုကရေစီတူ ဒေးသတင်းစာသို့ မတ် ၁၄ ရက်က ပြောသည်။

''ဈေးကွက်မြှင့်တင်ရေးဆောင်ရွက်တာမှာ ဆေးကုလားမကို တရုတ်ကို တရားဝင်တင်ပို့နေပြီ။ အစောပိုင်းကာလတွေတုန်းက ဆေးကုလားမတစ်တန်ကို ဈေးနည်းနည်းပဲရတယ်။ ခုဈေးကောင်းရတယ်။ ဂျပန်နဲ့တောင်ကိုရီးယားဈေးကွက်သစ်တင်ပို့နိုင်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်။ အရည်အသွေးကောင်းဖို့က ပိုအရေးကြီးပါတယ်''ဟု ၎င်းက ပြောသည်။ ယခုလပိုင်းအတွင်း ပခုက္ကူမြို့နယ်ရှိ ဆေးကုလားမစိုက်ပျိုး ထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် ဂျပန်နိုင်ငံရှိ ကုန်သည်များအကြား (B To B)  စနစ်ဖြင့်၂၅ တန်အရောင်းအဝယ်စာချုပ်ချုပ်ထားပြီး ဂျပန်နိုင်ငံအနေဖြင့် မြန်မာ့ဆေးကုလားမကို ဂျပန်နိုင်ငံအပြင် အခြား သောနိုင်ငံများသို့ တင်ပို့ရောင်းချမည်ဖြစ်ကြောင်း သိရသည်။


ဌာနအနေဖြင့် မြန်မာ့ဆေးကုလားမ ဈေးကောင်းရရှိရန်အ တွက် အရည်အသွေးကောင်းမွန်ရေးနည်းပညာနှင့် အသိပညာပေး ခြင်းတို့ကို ဌာနအနေနှင့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။ လျှော်ဖြူပင်မှရရှိသည့် လျှော်ဖြူစေး(ခ)ဆေးကုလားမတွင် ဂျယ်တလင်ပါဝင်မှုကြောင့် ရေကိုအဆများစွာစုတ်ယူ၍ပွစေနိုင်ခြင်း၊ ရေနှင့်ပေါင်းစပ်၍ နူးညံ့ပျော့ပျောင်းသော ဂျယ်အဖြစ်ပုံသဏ္ဌာန် အမျိုးမျိုးပြောင်းလဲစေနိုင်ခြင်းအပြင် စေးပျစ်စေခြင်း၊ ကော်ကပ်နိုင် စွမ်းရှိခြင်း၊ အက်စစ်ပျော့များနှင့် အဏုဇီဝပိုးများ၏ခြေဖျက်တိုက် စားမှုဒဏ်ခံနိုင်ရည်ရှိခြင်း စသည့်ထူးခြားသော ရုပ်နှင့်ဂုဏ်သတ္တိ များရှိခြင်းတို့ကြောင့် လူသုံးကုန်ထုတ်ပစ္စည်းများနှင့် စက်မှုလုပ် ငန်းများတွင် ကျယ်ပြန့်စွာအသုံးပြုကြကြောင်း သိရသည်။


အထူးသဖြင့်စားသောက်ကုန်သရေစာနှင့်မုန့်လုပ်ငန်းများ၊ အလှကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများ၊ ရက်ကန်းနှင့် အထည်အလိပ်လုပ်ငန်းများနှင့် ပုံနှိပ်လုပ်ငန်းများတွင် အသုံးပြုကြကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် လျှော်ဖြူစေး(ခေါ်)ဆေးကုလားမကို ရေခဲမုန့်၊ ရွှေရင်အေး၊ ဖာလူဒါ စသည့် ရိုးရာစားသောက်ကုန်လုပ်ငန်းများ တွင်သုံးစွဲကြပြီး တိုင်းရင်းဆေးတွင် ဆီးရွှင်ဆေး၊ ဝမ်းနုတ်ဆေးများ ပြုလုပ်ရာတွင် အသုံးပြုကြကြောင်း သိရသည်။ လျှော်ဖြူပင်သည် မြန်မာနိုင်ငံအနှံ့အပြား တောင်တန်းများ ပေါ်တွင် ပေါက်လေ့ရှိပြီး မန္တလေး၊ စစ်တိုင်းနှင့် မကွေးတိုင်းဒေသ ကြီးတို့တွင် အများဆုံးတွေ့ရှိရပြီး ယင်းဒေသများမှနှစ်စဉ် လျှော်ဖြူ အစေးအများဆုံးထွက်ရှိကြောင်း သိရသည်။

TTMT

#democracytoday

Rate this item
(0 votes)
back to top